Tuesday, February 18, 2014

ဦးအုန်းမြင့် ဖယ်ရှားရန် ဆန္ဒပြသူ တားဆီးခံရ

အောင်ကိုဦး

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်အား ရာထူးမှ ဖယ်ရှားပေးရန်နှင့် ထိရောက်စွာ အရေးယူပေးရန် မန္တလေး မြို့တွင် ဖေဖော်ဝါရီ ၁၆ ရက် မွန်းလွဲ ၁နာရီက မြို့တော်ဥယျာဉ်ရှေ့၌ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO)နှင့် ချိတ်ဆက်ဆောင်ရွက်သူများအဖွဲ့ အထက်မြန်မာပြည် တာဝန်ခံ ကိုအေးသိန်းက တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်ရာ သက်ဆိုင်ရာ၏ တားဆီးခြင်း ခံရသည်။

“လူလို တင်တယ်။ မကျဘူး။ မရဘူး။ ဒါပေမဲ့ ပြတယ်။ အရေးယူလည်း ခံသွားမယ်။ အခုလိုတားလည်း အဓိပ္ပာယ်မရှိဘူး။ ပြည်သူတစ်ယောက်အနေနဲ့ အမှန်တရား အတွက်တောင်းဆိုတယ်။ ပြည်သူကို စော် ကားတဲ့ဝန်ကြီးကို အမြန်ဆုံး အရေးယူပေးဖို့ တောင်းဆိုတယ်။ သူတို့သွားနေတဲ့ ဒီမိုကရေစီဆိုတာ ဘာ လဲ။ ပြည်သူကို လွတ်လွတ်လပ်လပ် စော်ကားခွင့်ရတဲ့ ဒီမိုကရေစီလား။ ခွင့်ပြုမိန့်တင်တိုင်း အကြောင်းပြ ချက်အမျိုးမျိုးနဲ့ မပေးတဲ့ သက်ဆိုင်ရာတွေကိုလည်း ဒီနေရာကနေ ရှုချပါတယ်” ဟု ကိုအေးသိန်းက မဇ္ဈိမကို ပြောသည်။ မူလအစီအစဉ်တွင် ၂၆ လမ်း နာရီစင်မှစ၍ အိမ်တော်ရာဘုရားအထိ လမ်းလျှောက်ရန် စီစဉ်ထားသော်လည်း ခွင့်ပြုမိန့်မရသောကြောင့် မြို့တော်ဥယျာဉ်ရှေ့တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

သမ္မတသည် ပြုပြင်ပြောင်းလဲရေးကို အရှိန်အဟုန်ဖြင့် သွားနေပါသော်လည်း ခေါက်ရိုးကျိုးနောက် ကြောင်းပြန် သွားချင်နေကြသော ၀န်ကြီးများရှိကြောင်းနှင့် အဆိုပါ ၀န်ကြီးအား နိုင်ငံတော်အစိုးရမှ တာ ၀န်က ရပ်စဲပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄၊ပုဒ်မ ၅၀၅(ခ)ပုဒ်မ၅၀၆တို့ဖြင့် အရေးယူပေးရန် ၎င်းက တောင်းဆိုသည်။

ဆန္ဒပြမှုကို မြို့နယ်ရဲတပ်ဖွဲ့က တားမြစ်မှုသာပြုပြီး အရေးယူမည် မဟုတ်ဟု ရဲအုပ်တစ်ဦးက ပြောသည်။

No comments: