Monday, February 17, 2014

ကုလ အထူးကိုယ်စားလှယ် ကချင်နဲ့ ရခိုင်ဒေသကို သွားရောက်ခဲ့

ABC

မြန်မာနိုင်ငံဆိုင်ရာ ​ကုလသမဂ္ဂ ​လူ့အခွင့်အရေး ​အထူးကိုယ်စားလှယ် ​မစ္စတာ ​သောမတ် ​အိုဟေး ​ကင်တားနား ​ဟာ ​သူ့ရဲ့ ​မြန်မာနိုင်ငံ ​ခရီးစဉ် ​အစီအစဉ်အတိုင်း ​ကချင်ပြည်နယ်နဲ့ ​ရခိုင်ပြည်နယ်တွေကို ​သွားရောက် ​လည်ပတ်ခဲ့ပြီဖြစ်ပါတယ်။

မနေ့က ​ကချင်ပြည်နယ်ခရီးစဉ်မှာတော့ ​လိုင်ဇာမြို့မှာရှိတဲ့ ​ပြည်တွင်းရွေ့ပြောင်း ​ဒုက္ခသည်စခန်းကို ​သွားရောက်ခဲ့ပြီး ​လက်ရှိအခြေအနေတွေကို ​မေးမြန်းခဲ့ပါတယ်။

ကချင်ပြည်နယ်ခရီးစဉ်အတွင်း ​ကချင်ပြည်လွတ်မြောက်ရေးတပ်ဖွဲ့ ​ကေအိုင်အို ​က ​ခေါင်းဆောင်တွေနဲ့ ​တွေ့ဆုံခဲ့ပြီးတော့ ​အစိုးရနဲ့ ​တိုင်းရင်းသား ​လက်နက်ကိုင်အဖွဲ့တွေကြား ​ဆွေးနွေး ​ညှိနှိုင်းနေကြတဲ့ ​ငြိမ်းချမ်းရေးကိစ္စကိုလည်း ​မေးမြန်းခဲ့တယ်လို့ ​သိရပါတယ်။

မစ္စတာ ​သောမတ် ​အိုဟေး ​ကင်တားနားဟာ ​ကချင်ပြည်နယ်ကို ​မသွားရောက်ခင် ​လူမျိုးရေး ​ဘာသာရေး ​အကြမ်းဖက်မှုတွေ ​ဖြစ်ပွားခဲ့တဲ့ ​ရခိုင်ပြည်နယ် ​စစ်တွေမြို့ကိုလည်း ​သွားရောက်လည်ပတ်ခဲ့ပါတယ်။

စစ်တွေမြို့ခရီးစဉ်အတွင်း ​ဗုဒ္ဓဘာသာ ​သံဃာတော်တွေနဲ့ ​ထိန်းသိမ်းခံထားရတဲ့ ​အစ္စလာမ်ဘာဝင်တချို့တို့ကို ​တွေဆုံခဲ့သလို ​စစ်တွေမြို့က ​ဒုက္ခသည်စခန်းတွေကိုသွားရောက်ခဲ့ပါတယ်။ ​ဒါပေမယ့် ​ဆန္ဒပြသူတွေတချို့ရဲ့ ​တားဆီးပိတ်ဆို့မှုကြောင့် ​တချို့ဒုက္ခသည်စခန်းတွေကို ​သွားရောက်နိုင်ခဲ့ခြင်းမရှိဘူးလို့ ​လည်း ​သိရပါတယ်။

No comments: