Friday, February 14, 2014

ထိုင်းနိုင်ငံက မွတ်စလင်ရိုဟင်ဂျာ ၁၃၀၀ ကို မြန်မာဘက်ပြန်ပို့ခဲ့

ABC

ထိုင်းနိုင်ငံမှာ ​တရားမ၀င် ​ရောက်ရှိနေတဲ့ ​မွတ်စလင် ​ရိုဟင်ဂျာ ​အယောက် ​တစ်ထောင့်သုံးရာကို ​မနေ့က ​ကြာသပတေးနေ့မှာပဲ ​မြန်မာနိုင်ဖက်ကို ​ပြန်ပို့လိုက်တယ်လို့ ​ထိုင်းတာဝန်ရှိသူတွေက ​ပြောပါတယ်။

မြန်မာနိုင်ငံကနေ ​ထိုင်းနိုင်ငံကို ​ထွက်ပြေးလာတဲ့ ​မွတ်စလင် ​ရိုဟင်ဂျာတွေကို ​ပြန်မပို့ဖို့ ​လူ့အခွင့်အရေး ​အဖွဲ့တွေက ​ပြောနေတဲ့ကြားကပဲ ​ပြန်ပို့လိုက်တဲ့အတွက် ​လူ့အခွင့်အရေး ​လှုပ်ရှားသူတွေကို ​တုန်လှုပ် ​ချောက်ချားမှု ​ဖြစ်စေခဲ့ပါတယ်။

၂၀၁၂ ​ခုနှစ်က ​ရခိုင်မှာ ​ဖြစ်ခဲ့တဲ့ ​အကြမ်းဖက်မှုတွေကြောင့် ​ထောင်နဲ့ ​ချီတဲ့ ​မွတ်စလင် ​ရိုဟင်ဂျာတွေဟာ ​အိမ်နီးချင်းနိုင်ငံတွေဆီကို ​လှေတွေနဲ့ ​ထွက်ပြေးခဲ့ကြပြီး ​အများစုကတော့ ​မလေးရှားနိုင်ငံဘက်ကို ​ဦးတည်သွားခဲ့ကြတယ်လို့ ​ကုလသမဂ္ဂက ​ပြောပါတယ်။

ထိုင်းနိုင်ငံ ​ရေပိုင်နက်ထဲကို ​ရောက်လာတဲ့ ​အယောက်နှစ်ထောင်လောက်ဟာ ​ထိုင်းနိုင်ငံ ​လူဝင်မှု ​ကြီးကြပ်ရေး ​ထိန်းသိမ်းရေးစခန်းမှာ ​ထိန်းသိမ်းထားခဲ့ပြီး ​အမျိုးသမီးနဲ့ကလေးငယ်တွေကိုတော့ ​ယာယီ ​တဲတွေမှာ ​ထားပါတယ်။

မွတ်စလင်ရိုဟင်ဂျာတွေကို ​စက်တင်ဘာလ ​ကတည်းက ​ပြန်ပို့နေတာဖြစ်ပြီး ​ထိုင်း-မြန်မာ ​နယ်စပ် ​ရနှောင်းဘက်ကတဆင့် ​ပြန်ပို့တာဖြစ်တယ်လို့ ​ထိုင်းနိုင်ငံ ​လူဝင်မှု ​ကြီးကြပ်ရေးဌာနက ​ဒုဗိုလ်ကြီး ​Pharnu ​Kerdlarpphon ​က ​အေအက်ဖ်ပီ ​သတင်းဌာနကို ​ပြောပါတယ်။

အဲဒီ ​လူဝင်မှု ​ကြီးကြပ်ရေးဌာနက ​ဒုဗိုလ်ကြီးရဲ့ ​အဆိုအရ ​မွတ်စလင်ရိုဟင်ဂျာတွေကို ​ပြီးခဲ့တဲ့ ​နိုဝင်ဘာလ ​အစောပိုင်းကတည်းက ​မြန်မာဘက်ကို ​အပြီးသတ် ​ပြန်ပို့ခဲ့တာဖြစ်တာဖြစ်ပါတယ်။

ဒါပေမယ့် ​ဒီကိစ္စကို ​တရားဝင် ​ထုတ်ဖော်ပြောဆိုလာတာ ​ဒါဟာ ​ပထမအကြိမ်ဖြစ်ပါတယ်။ ​မြန်မာဘက်ခြမ်းကို ​ပြန်ပို့ခံရတဲ့သူတွေရဲ့ ​အခြေအနေဟာ ​ဘယ်လိုရှိလည်းဆိုတာကိုတော့ ​ရှင်းရှင်းလင်းလင်း ​မသိရဘူးလို့ ​ဆိုပါတယ်။

No comments: