ယုဝေ
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မိုဘိုင်းဖုန်းရေဒီယိုစခန်း ဆောက်လုပ်နေမှု ပြီးစီးပါက ဖုန်းလိုင်းတစ်သန်း ကျော်အတွက် လွှမ်းခြုံနိုင်မည်ဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းဌာနမှ အင်ဂျင်နီယာမှူး တစ်ဦးက ဖေဖော်ဝါရီ ၅ ရက်တွင် မဇ္ဈိမကိုပြောသည်။
မိုဘိုင်းဆက်သွယ်ရေး ရေဒီယိုစခန်းများကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွင်းက စတင်ဆောက် လုပ်နေခြင်းဖြစ်ပြီး လာမည့်မေလအတွင်းတွင် မိုဘိုင်းစခန်း ၄၀၀ ဆောက်လုပ်ပြီးစီးမည်ဖြစ်သည်ဟု အဆိုပါအင်ဂျင်နီယာမှုးက မဇ္ဈိမကို ပြောသည်။
၎င်းက “ရေဒီယိုစခန်း ဆောက်လုပ်တာက ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်လို့ တောင်းဆိုတဲ့နေရာတွေမှာ ဦးစားပေးပြီး ဆောက်လုပ်တာပါ။ ဥပမာ လွှတ်တော်က နေတောင်းဆိုတာမျိုး၊ ဖုန်းကနေတစ်ဆင့် complain (မကျေနပ်ကြောင်း စောဒကတက်) တက်တာမျိုးတွေကိုပြောတာပါ” ဟု ပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့်ရေဒီယိုစခန်းများ တည်ဆောက်ရာတွင် အဓိကကြုံတွေ့နေရ သည့် အခက်အခဲမှာ တာဝါတိုင်ဆောက်ရန် မြေနေရာဖြစ်ပြီး အချို့နယ်ဒေသများတွင် မြေနေရာအခမဲ့ ရရှိသော်လည်း ဒေသအချို့တွင်မူ တာဝါတိုင်ဆောက်ရန် မြေနေရာငှားရမ်းခ ဈေးနှုန်းမြင့်မားနေသည့် အတွက် ဆောက်လုပ်ပြီးစီးရန်အချိန် ကြာမြင့်နေရခြင်းဖြစ်သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းဌာနမှ အင်ဂျင်နီယာမှူး ဦးငွေသောင်းက “ခုနောက်ပိုင်းတစ်လကို ဖုန်းလုံးရေသုံးသိန်းလောက်ချပေးနေတာဆိုတော့ ဖုန်းလိုင်းတွေကျပ်လာပါတယ်။ အဲဒါကို အဆင်ပြေဖို့ အတွက် ရေဒီယိုစခန်းတွေ တည်ဆောက်ရတာပါ” ဟု ပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် မိုဘိုင်းဖုန်းများကို ၂၀၁၃ ခုနှစ် ဧပြီလ မှစတင်ပြီး ကျပ် ၁၅၀၀ ဖြင့် ချထားပေးရာ တစ်လလျှင် အလုံးရေ ၃၀၀,၀၀၀ ကျော် ချထားပေးခြင်းဖြစ်သည်။
No comments:
Post a Comment