မြင့်မြင့်စိုး
ဟာသဇာတ်ပို့သရုပ်ဆောင် ခင်လှိုင် နှင့် ဒိန်းဒေါင်တို့သည် ဟာသသရုပ်ဆောင် ဇာတ်ပို့များအဖြစ် ဗီဒီ ယို၊ ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးရာတွင် နေရာမရရှိမှုများ ပိုမိုများပြားလာခြင်းကြောင့် ယင်းတို့၏ အနု ပညာလုပ်ကိုင်ခွင့်များ ပိုမိုရရှိလာစေရန် ရည်ရွယ်ပြီး ဟာသညီနောင် ရုပ်ရှင်၊ ဗီဒီယို ထုတ်လုပ်ရေးကို ထူထောင်ခဲ့ကြခြင်းဖြစ်သည်ဟု ခင်လှိုင်က မဇ္ဈိမကို ပြောသည်။
“ငွေကုန်ကြေးကျခံဖို့ ဒီခေတ်မှာ လုံးဝ မလွယ်တော့ဘူးလေ။ အဆင်ပြေသလိုလေး ရိုက်နေကြတာဆို တော့ ကိုယ့်ဟာနဲ့ကိုယ်ဆိုရင် တစ်ကားလောက်ရှုံးတာ ပြဿနာ မရှိဘူးဆိုပြီး အဲဒီလိုမျိုး လုပ်ချင်တာ” ဟု ယင်းက ပြောသည်။
အဆိုပါရုပ်ရှင်၊ ဗီဒီယိုထုတ်လုပ်ရေးကို ၂၀၁၃ ခုနှစ် သြဂုတ်လတွင် ထုတ်လုပ်ရေး လိုင်စင်မှတ်ပုံတင်ခဲ့ ပြီး ယခုနှစ် ဖေဖော်ဝါရီကျမှသာ ထုတ်လုပ်ရိုက်ကူးခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။
ယင်းကဲ့သို့ ဟာသညီနောင်ရုပ်ရှင်၊ ဗီဒီယိုထုတ်လုပ်ရေး ထူထောင်ခြင်းသည် ယခင်က ဇာတ်ကားများ ရိုက်ကူးရန် လာရောက်ကမ်းလှမ်းသည့်အခါ ဇာတ်ပို့သမားများအဖြစ် ဇာတ်လမ်းဇာတ်ကောင်စရိုက်များ ကိုယ်တိုင်ရွေးချယ်ခွင့်မရရှိခြင်းကြောင့် ယင်းတို့ကိုယ်ပိုင်အနုပညာများ လွတ်လပ်စွာ တင်ပြနိုင်ရန် တည် ထောင်လာခြင်း ဖြစ်သည်။
လက်ရှိအခြေအနေတွင် ယင်းတို့၏ အနုပညာလှုပ်ရှားမှုများသည် အခြားထုတ်လုပ်ရေးများနှင့် ဆက် လက်ရိုက်ကူးနေခြင်းကြောင့် “ဟာသညီနောင်ထုတ်လုပ်ရေး” က ဇာတ်ကားအများအပြား ရိုက်ကူးနိုင် ခြင်းမရှိသေးကြောင်း ဆိုသည်။
“ကိုယ့်ထုတ်လုပ်ရေးနဲ့ ကိုယ်ဆိုတော့ သူများကားလဲ ရိုက်မှာပါ။ တစ်လမှာ တစ်ကား၊ နှစ်ကား ကိုယ်နိုင် သလောက်ပေါ့။ တစ်ခါတလေကျရင်လည်း သူများကားတွေ နဲ့ မအားရင် နှစ်လမှာ တစ်ကားလောက် ပေါ့။ ကိုယ်လုပ်ချင်တဲ့ဟာသကို အဆင့်အတန်း မီမီလေးလုပ်ချင်တာ” ဟု ခင်လှိုင်က ပြောသည်။
ယခုနှစ်တွင် ဟာသညီနောင် ထုတ်လုပ်ရေးမှ ရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကားများသည် အနည်းအကျဉ်း သာရှိမည် ဖြစ်ပြီး ၂၀၁၅ ခုနှစ်ရောက်မှသာ ယင်းထုတ်လုပ်ရေးက ရိုက်ကူးမည့်ဇာတ်ကားများ ထွက်ရှိ လာမည်ဖြစ်သည်။ ဟာသညီနောင် ထုတ်လုပ်ရေး တည်ထောင်ခြင်းသည် စီးပွားရေးအရမဟုတ်ဘဲ သူငယ်ချင်းနှစ်ယောက် အသက်ကြီးလာပါက မခွဲချင်ခြင်းကြောင့် လုပ်ကိုင်ခြင်းဖြစ်သည်။ ယင်းထုတ်လုပ် ရေးမှ ဟာသ၊ မေတ္တာဖွဲ့ဇာတ်လမ်း၊ ဇာတ်ကြမ်းဇာတ်ကားများကို ရိုက်ကူးထုတ်လုပ် သွားမည်ဖြစ်သည်။
ယခုနှစ် မေလတွင် ဒါရိုက်တာမိုက်တီးဖြင့် ရိုက်ကူးမည့် ဗီဒီယိုဇာတ်ကားတွင် မင်းသားသစ် ထက်ပိုင် (ခင်လှိုင်သား)နှင့် ဟာသညီနောင်ထုတ်လုပ်ရေးက ရိုက်ကူးသွားမည်ဖြစ်ပြီး “မာန်တက်ရင် အန်ထွက် မယ်” ဆိုသည့် ရုပ်ရုပ်ဇာတ်ကားကိုလည်း ရိုက်ကူးမည်ဖြစ်သည်။ ယင်းဇာတ်ကားကို လူရွှင်တော်များနှင့် တက်သစ်စမင်းသမီးများ အပါအ၀င် မင်းသားသစ် ထက်ပိုင်သည်လည်း ပါဝင်မည်ဖြစ်သည်။ အဆိုပါ ဇာတ်ကား ရိုက်ကူးပြီးစီးပါက အမြတ်ငွေကို လူရွှင်တော်အသင်းကို ထည့်သွင်းသွားမည် ဖြစ်သည်။
ဟာသညီနောင်ထုတ်လုပ်ရေးက ရိုက်ကူးမည့်ဇာတ်ကားများတွင် နာမည်ကြီးသရုပ်ဆောင်များနှင့် ဆက်လက် ရိုက်ကူးသွားမည်ဖြစ်သည်။
No comments:
Post a Comment