Thursday, February 13, 2014

ကေအိုင်အိုဌာနချုပ်ရှိရာ တပ်မဟာ(၅) နယ်မြေတွင် အစိုးရတပ်နှင့် တိုက်ပွဲဖြစ်

ဖနိဒါ

ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)၏ တပ်မဟာ(၅) နယ်မြေတွင် အစိုးရတပ်နှင့် ကေအိုင် အိုတို့ ဖေဖော်ဝါရီလ ၁၀ ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ထိုနယ်မြေတွင် တာဝန်ယူနေသည့် ကေ အိုင်အို ရှေ့တန်းအရာရှိတစ်ဦးက ပြောသည်။

တရားမ၀င် သစ်ထုတ်လုပ်သူများအား ဖမ်းဆီးရန်ဟု အကြောင်းပြကာ နမ့်ဆန်ယန်ကျေးရွာအထက် ဂျာ အိန်ယန်ကျေးရွာအနီးသို့ ၀င်ရောက်လာသော စစ်ကြောင်းသည် ကေအိုင်အေ၏ တပ်မဟာ(၅) နယ်မြေ သို့ ၀င်ရောက်လာသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟု ကေအိုင်အေအရာရှိက ဆိုသည်။

“နံနက် ၁ နာရီမှာတစ်ကြိမ် ၄ နာရီမှာတစ်ကြိမ် တိုက်ပွဲဖြစ်တယ်။ ကျွန်တော်တို့တပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ လို့ဖြစ်တဲ့ တိုက်ပွဲပါ”ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်၍ ကချင်ပြည်နယ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)သို့ ကချင်ငြိမ်းချမ်း ရေးအဖွဲ့ PCG က မေးမြန်းခဲ့ရာ သစ်ခိုးထုတ်သူများအား ဖမ်းဆီးရန် သွားရောက်ခဲ့ခြင်းဖြစ်သည်ဟု ပြော ဆိုခဲ့ကြောင်း PCG မှ ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

“နမ်ဆန်ယန်နဲ့ မလိခကြားမှာရှိတဲ့ ဂျာအိန်ယန်ရွာနားမှာ တိုက်ပွဲဖြစ်တယ်။ ကျွန်တော်တို့ မေးကြည့်တာ သူတို့ပြောတာက အဲဒီကြားမှာ သစ်ကူးထုတ်တဲ့လူတွေရှိတယ်။ သူတို့ကိုဖမ်းဖို့ သွားတယ်။ တကယ်လို့ သစ်ပုံတွေတွေ့လို့ ဖမ်းတယ်။ အဲဒါ သူတို့ဝင်လာတာကို ကေအိုင်အိုတပ်နဲ့တွေ့ပြီး တိုက်ပွဲဖြစ်တယ်လို့ ပြောတယ်”ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

ထိုစစ်ကြောင်းမှာ အစိုးရ၏ စခက(၇) လက်အောက်ခံတပ်များ ဖြစ်သည်ဟု သိရပြီး လတ်တလော အစိုး ရ၏စစ်ကြောင်းများသည် ဂျာအိမ်ယန်ကျေးရွာအနီး နေရာယူထားကြောင်း ဦးလမိုင်ဂွမ်ဂျာကပြောသည်။

“သစ်ထုတ်တဲ့လူတွေကို ဖမ်းဖို့ဆိုပြီးသွားတော့ တိုက်ပွဲဖြစ်တော့တာဘဲ။ အခု အဲဒီနေရာမှာ သူတို့ရှိနေ တယ်။ ဒါပေမဲ့ ဖမ်းပြီးရင် ပြန်ဆုတ်မယ်လို့တော့ တိုင်းစစ်တပ်က ပြောတာပဲ”ဟု ၎င်းက ပြောသည်။

ဖေဖော်ဝါရီ ၇ ရက်ကလည်း ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်အတွင်းရှိ ကေအိုင်အေ တပ်မဟာ(၃) လက် အောက်ခံတပ်ရင်း(၁၂) တပ်ဖွဲ့များနှင့် အစိုးရတပ်တို့လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ရာ KIA အရာခံဗိုလ် မရစ်ပ်လဖရီးနှင့် ဒု-ဗိုလ် မရန်အုန်းဆော်တန်တို့ ကျဆုံးခဲ့သည်ဟု နမ်လင်းပါ ဒေသခံတစ်ဦး က ပြောသည်။ အလားတူ ပြီးခဲ့သည့် ဇန်န၀ါရီလ ၃၀ ရက် မှ ဖေဖော်ဝါရီလ ၂ ရက်ထိ မန်စီမြို့နယ်နှင့် မိုးမောက်မြို့နယ်အတွင်း အစိုးရစစ်တပ်က သစ်မှောင်ခိုများအား ဖမ်းဆီးရန် ၀င်ရောက်လာသဖြင့် ကေ အိုင်အေတပ်တို့နှင့် တိုက်ပွဲဆက်တိုက် ဖြစ်ပွားခဲ့သည်။

No comments: