Khonumthung
၂၀၁၄ခုနှစ် ဖေဖေါ်ရီလ (၃) ရက်နေ့ က ချင်းပြည်နယ် ထန်တလန်မြို့ တွင် ၁၂နှစ် အရွယ် ကျောင်း သူတစ်ဦး အား မုဒိန်းကျင့်ခဲ့သည့် ကျောင်းဆရာ ယခုအထိ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်သည်။
ထန်တလန်မြို့ နယ်၊ Sihmuh ကျေးရွာတွင် တာဝန်ကျနေသည့် မူလတန်းကျောင်း ဆရာ Thawng Bik (၃၂)နှစ်သည် ပဉ္စမတန်းကျောင်းသူလေးအား မုဒိန်းကျင့်ပြီး ထွက်ပြေးတိမ်းရှောင် ခဲ့ကြောင်း ထန်တလန်မြို့  ဒေသခံ တစ်ဦးထံမှ သိရ သည်။
“ကျတော်တို့ သိသလောက်ကတော့ ကျောင်းဆရာက ကျောင်းသူလေးကို သူ့အိမ်မှာ ညအိပ် ဖို့ ခေါ်တယ်တဲ့၊ အဲဒီညမှာဘဲ မုဒိန်းကျင့်ခံရတယ်။ ကလေးမကတော့ မပြောဘူး။ သူမ သွေးအလွန် ထွက်နေလို့  မိသားစုတွေက မေးမှဘဲ သိရတယ်” ဟုအဆိုပါဒေသခံကဆိုသည်။
ကျောင်းသူလေးသည် ဖေဖေါ်ဝါရီလ (၄) ရက်နေ့ တွင် ထန်တလန်မြို့ ပြည်သူ့ ဆေးရုံတွင် တင်ထားကြောင်း၊ ကျောင်း ဆရာ ဦး ထောင်ဘိခ်သည် ဖေဖေါ်ဝါရီ (၄) နံနက်ပိုင်းမှစ၍ ထွက်ပြေး ခဲ့ရာ ဒေသ အာဏာပိုင်များက လိုက်လံရှာဖွေနေ သည်ဟု သိရသည်။
“ကျောင်းဆရာက သူ့ဆွေမျိုးတော်သူရဲ့  သားနှင့်အတူနေကြတယ်။ အဲဒီညမှာ ကလေးမ ကိုခေါ်ပြီး ငါအပြင် သွားဦးမယ်၊ ငါ့သားနှင့် ဒီညအတူအိပ်ပေးပါအုံးလို့  ပြောတယ်တဲ့။ အဲလိုပြောတော့ ကလေးမ လည်း ညအိပ်ရတာပါ” ဟု ဆက်ဆို သည်။
ဆက်လက်ပြီး “မနက်ပိုင်းမှာ ဒီပြသာနာဖြစ်တာ၊ ကျောင်းဆရာက ကလေးမကို ဘယ်သူမှမပြော ဖို့  ပြောတယ် တဲ့၊ သွေး တအားထွက်တော့မှအဖြေပေါ် လာတာ” ဟု ဆိုသည်။
ကျောင်းဆရာဖြစ်သူ၏ ဇနီးသည် ထန်တလန်မြို့ တွင် သားသမီး (၃)ဦးနှင့်အတူ နေထိုင် ကြကြောင်း ခင်ပွန်းသည် ဦးထောင်ဘိခ်သည် ဆိမှုကျေးရွာတွင် (၇)နှစ် တိုင်တိုင် ကျောင်းဆရာ တာဝန်ထမ်းဆောင် လျက်ရှိပြီဖြစ်ကြောင်း သိရ သည်။
တရားခံသည် ထန်တလန် ရဲစခန်းမှ ပုဒ်မ ၃၇၆ ဖြင့်တရား စွဲဆိုထားသော်လည်း တရားခံကို မဖမ်း နိုင်သေးသည့်အတွက် အမှုမဖွင့်နိုင်သေးကြောင်း၊ သို့ ဖြစ်၍ ရဲစခန်း တာဝန်ရှိသူများက တရားခံအား တွေ့ ရှိ ပါက ဖုန်းနံပါတ် ၀၇၀ ၆၀၀၅ သို့  အဆက်အသွယ်ပြုလုပ်ကြပါ ရန် ဒေသ ခံပြည်သူများအား အသိပေးထား ကြောင်း သိရသည်။
No comments:
Post a Comment