မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၁၃ ရက် ၂၀၁၁
စက်ချွတ်ယွင်းမှုကြောင့် ပျက်ကျရခြင်းဖြစ်ကြောင်း လူ ၃ ဦးသေဆုံးခဲ့ရသော ရဲတံခွန် လုပ်ကွက်အနီး ရဟတ်ယာဉ် ပျက်ကျမှုနှင့် ပတ်သက်၍ နိုင်ငံပိုင် သတင်းစာက ရေးသားထားသည်။
ဗုဒ္ဓဟူးနေ့ထုတ် မြန်မာ့အလင်းတွင် ရဟတ်ယာဉ်မှာ PC Myanmar ကုမ္ပဏီအတွက် ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများမှ ဝန်ထမ်း ၉ ဦးအား သယ်ဆောင်၍ Floating Storage and Off-Loading (FSO) ရေယာဉ်ပေါ်မှ ၃ မိုင်အကွာရှိ ရဲတံခွန် ရေနံစင်သို့သွားရန် လေထဲသို့ ပျံတက်ပြီး မကြာမီတွင် စက်ချွတ်ယွင်းမှုကြောင့် ပျက်ကျခဲ့ကြောင်းရေးသားထားသည်။
အမေရိကန်ထုတ် Sikorsky S-76 အမျိုးအစား ရဟတ်ယာဉ်ပျက်ကျမှုက လူ ၄ ဦး ဒဏ်ရာရသွားသည်ဟု သတင်းတွင် ပါရှိသည်။
သေဆုံးသူများမှာ Uniteam ကုမ္ပဏီမှ ဦးဝင်းကြည် (Assistant Operator)၊ Smart Technical Service မှ ဦးသန်းထွန်း (စားဖိုမှူး) နှင့် ဦးအုန်းသိန်း (လက်ထောက် ရဟတ်ယာဉ်မှူး) တို့ ဖြစ်သည်။
ရဲတံခွန် ရေနံစင်နှင့် FSO တို့အကြား ၂ဝဝ၁ ခုနှစ်မှစ၍ လုပ်ငန်းဆောင်ရွက်ခဲ့ရာ ယခုဖြစ်စဉ်မှလွဲ၍ မတော်တဆဖြစ်မှု တစုံတရာ မရှိခဲ့ကြောင်း သိရသည်ဟုလည်း မြန်မာ့အလင်းက ဆိုသည်။
No comments:
Post a Comment