Tuesday, January 10, 2012

ကိုယ်ထူကိုယ်ထ နာ​ရေး​ကူညီလုပ်ငန်း​ကို ရပ်ကွက်အုပ်ချုပ်​ရေး​က သိမ်း

နေသွင်

နာ​ရေး​ အကူ အညီ​ ပေး​ရေး ​အတွက် ကိုယ်ထူ ကိုယ်ထ ဖွဲ့​ထား​တဲ့​ အဖွဲ့​ကို ရပ်ကွက် အာဏာ ပိုင်က ဖျက်သိမ်း​ လိုက်ပြီး​ လုပ်ငန်း​ပိုင် ပစ္စည်း​ တွေကိုလည်း​ အ​ကြောင်း ​ပြချက် မပေးဘဲ သိမ်း​ယူ လိုက်တဲ့​ အတွက် ရပ်ကွက် သား​တွေ မ​ကျေ မနပ် ဖြစ်​နေ ကြပါတယ်။

ရန်ကုန် ​တောင်ဒဂုံမြို့​နယ် ၁၉ ရပ်ကွက်က နာ​ရေး​အကူအညီ​ပေး​ရေး​ လုပ်ငန်း​တွေကို ရပ်ကွက်သူရပ်ကွက်သား​တွေရဲ့​ စု​ဆောင်း​ငွေနဲ့​ လွန်ခဲ့​တဲ့​ တနှစ်​ကျော်က ထူ​ထောင်ခဲ့​တာဖြစ်ပြီး​ ရပ်ကွက်အုပ်ချုပ်​ရေး​မှူး​က ပြီး​ခဲ့​တဲ့​ လပိုင်း​က သိမ်း​ယူခဲ့​တာပါ။

နဂိုက အကူအညီ​ပေး​ရေး​လုပ်ငန်း​ကို စီမံ​ဆောင်ရွက်ဖို့​ ရပ်ကွက်သူ၊​ ရပ်ကွက်သား​တွေက ​ရွေး​ချယ်ထား​တဲ့​ ၁၈ ဦး​ပါ အဖွဲ့​ကိုလည်း​ ရပ်ကွက် အုပ်ချုပ်​ရေး​မှူး​က ဖျက်သိမ်း​လိုက်တယ်လို့​ အဲဒီ ရပ်ကွက်မှာ ​နေထိုင်တဲ့​ ကိုညီညီက ​ပြောပါတယ်။

“နာ​ရေး​ကူညီမှုအသင်း​ရဲ့​ လက်ရှိ ၁၈ ဦး​ အဖွဲ့​ဝင်အ​ဟောင်း​တွေက ခုဘာမှလည်း​ မလုပ်​ပေး​နိုင်​တော့​ဘူး​။ အဲ့​တော့​ ကျ​နော်တို့​က ဒီမိုက​ရေစီနည်း​ အရ​ပေါ့​။ ပထမ ၁၈ ဦး​ကိုလည်း​ အများ​ကဝိုင်း​ပြီး​ သ​ဘောတူချက်အရ တင်ထား​တာ​ပေါ့​။ နာ​ရေး​ကူညီမှု အသင်း​ဖွဲ့​ဖို့​အတွက်။ အဲ့​တော့​ အဖွဲ့​ဝင် အသစ်​တွေက ဒီ ၁၈ ဦး​ ဖွဲ့​ထား​တာကို လုယူတယ်။ အဲ့​တော့​ အသစ်​ရော အ​ဟောင်း​ရော တ​ပြေး​တည်း​ ၁၉ ရပ်ကွက် ပြည်သူ​တွေရဲ့​ ဆန္ဒ​တွေကို ခံယူပြီး​တော့​ အသစ်ပြန်လည်ဖွဲ့​စည်း​ဖို့​ အကြံ​ပေး​ခဲ့​ပါတယ်။ အဲ့​ဒါကိုလည်း​ ရပ်ကွက်အုပ်ချူပ်​ရေး​မှူး​ အပါအဝင် လက်​အောက်ခံ စာ​ရေး​ပေါ့​။ သူတို့​က ဒါကို ကန့်​ကွက်ပြီး​တော့​ သူတို့​ပဲ ဆက်လက်ပြီး​တော့​ အုပ်ချူပ်သွား​တယ်။”

ရပ်ကွက် အုပ်ချုပ်​ရေး​အဖွဲ့​က သိမ်း​လိုက်တဲ့​ ပစ္စည်း​တွေမှာ နာ​ရေး​ကူညီမှု လုပ်ငန်း​မှာ သုံး​ဖို့​ ရပ်ကွက်ရန်ပုံ​ငွေနဲ့​ ဝယ်ယူထား​တဲ့​ အိုး​ခွက်ပန်း​ကန်၊​ မီး​စက်၊​ စတဲ့​ ပစ္စည်း​တန်ဖိုး​ သိန်း​ ၃၀ နီး​ပါး​ရှိတယ်လို့​ သိရပါတယ်။

No comments: