Tuesday, January 10, 2012

ကားလမ်းများ ပိတ်ထား၍ ဖားကန့်တွင် စားသောက်ကုန်များ ဈေးနှုန်းမြင့်တက်

ကို​ထွေး

ကချင်ပြည် နယ်အ တွင်းမှာ ဖြစ်ပွား နေတဲ့ တိုက်ပွဲ တွေကြောင့် တချို့ နေရာကို သွား လာမှု ပိတ်ထား လိုက်တဲ့ အတွက် ဖားကန့် မြို့နယ် အတွင်း မှာ အခြေခံ စားသောက် ကုန် ပစ္စည်း ဈေးနှုန်း တွေ အဆ မတန် မြင့်တက် ခဲ့တယ်လို့ ပြောပါ တယ်။

ကချင်ပြည်နယ် ဖားကန့် မြို့နယ်ကို သွားတဲ့ လမ်းတွေကို တံတား ညီ နောင် တံတား ကစပြီး အသွား အလာ ပိတ်ပစ်လိုက် တာကြောင့် ဆန်ဈေး နဲ့ စားသောက်ကုန် ဈေးတွေ အဆ မတန် မြင့်တက်ခဲ့ တယ်လို့ ဖားကန့်မြို့နယ် အနီးနား ကျေးရွာ ဒေသခံ တွေက ဆိုပါတယ်။

အစိုးရ တပ်တွေ တက်လာ မှာကို ဟန့်တားတဲ့ အနေနဲ့ ကချင် လွတ် မြောက်ရေး တပ်မတော် (ကေအိုင်အေ) က ပိတ်တာ လို့လည်း ပြောပါ တယ်။

ပြည်မ ဘက်မှာမှာ တအိတ်ကို ကျပ် ၃၀,၀၀၀ လောက် ရှိတဲ့ ပေါ်ဆန်း မွှေးဆန်ဟာ အဲဒီ ဒေသမှာ ကျပ် ၈၀,၀၀၀ နားထိ ထိုးတက် လာနေ တယ်လို့ ဖားကန့် ဒေသ ခံက ပြောပါတယ်။

“တပ် တက်လာတယ် ဘာညာ ဆိုတော့ ကားလမ်းက ကေအိုင်အေ ဘက်ကနေ ပိတ်ထား တာ။ ပြောရင်တော့ ကေအိုင်အေ ပိတ်ထား တာပေါ့။ မိုးကောင်း ဖားကန့်ကို ပိတ်ထား တယ်၊ ဆန်ဈေး ကတော့ ဗျာ ဖားကန့်မြို့ ပေါ်တင် အခု ကျပ် ၅၀,၀၀၀ လောက်ရှိ သွားပြီ မှော်ထဲ ဆိုရင် ကျပ် ၇၀,၀၀၀ တို့ ၈၀,၀၀၀ တို့ ဖြစ်သွားပြီ။”

မှော်တွေ ထဲမှာတော့ ခုနှစ်သောင်း အထိ ဈေးမြင့် တက်ခဲ့တဲ့ အတွက် ဒေသခံ တွေအ နေနဲ့ အခက် အခဲတွေ ရင်ဆိုင် နေရ တယ်လို့ ဖားကန့် အနီး ရွာတ ရွာက ဒေသခံ တဦးက ဆိုပါတယ်။

“ဒေသခံတွေက တော်တော်လေး ဒုက္ခရောက်နေတာပေါ့။ ကားပေါ်က အကုန်လုံး ပြန်ဆင်းခိုင်းဆိုတော့လေ၊ တံတားညီနောင်ပေါ့နော် အဲဒီကနေ အကုန်လုံး လုံးဝ မ၀င်ရတော့ဘူးဗျ။”

ကချင်ပြည်နယ် ဒေသ ခံတွေ အများစု ကတော့ ချင်တုံ၊ ၇၀၀ ဘူ၊ ခတ်ချိုဆန် စတဲ့ ဒေသထွက် ဆန်အမျိုး အစား တွေကို အများဆုံး စားသောက်ကြ တယ်လို့ ဆိုပါတယ်။

အရင်က တပိသာကို ကျပ် ၁၀၀၀ ကျော်လောက် ရှိတဲ့ ခရမ်းချဉ်သီးနဲ့ ကြက်သွန်နီက ကျပ် ၂၀၀၀ အထိ၊ အရင်က ကျပ် ၂၈,၀၀၀ ဈေးပေါက်တဲ့ ပုဇွန်ဆီက ကျပ် ၃၀,၀၀၀။ ကျပ် ၄၂,၀၀၀ ထောင်လောက်ပေါက်တဲ့ ပုဇွန်ဆီအကောင်းစား ကတော့ ကျပ် ၄၄,၀၀၀ ထိ ဈေးမြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ ဈေးကြီးမြင့်တာနဲ့ အတူ တချို့ဆိုင်တွေမှာ စားသောက်ကုန်တွေ ပြတ်လပ်နေတယ်လို့ သူက ဆိုပါတယ်။

“အခု လောလောဆယ်မှာတော့ ကျပ် ၅၀,၀၀၀ ရှိတယ်၊ ဒါပေမယ့် ၀ယ်စားရမယ့် နေရာက မရှိဘူး။ ဆန်က ကုန်သွားပြီ။ ကောက်ဟောင်း ကတော့ သူက ကျပ် ၂၀,၀၀၀ ကျော် ၃၀,၀၀၀ ကနေ ကျပ် ၅၀,၀၀၀ ဖြစ်သွားတာ။ ကျပ် ၅၀,၀၀၀ တောင်မှ ရှာဝယ်လို့ မရဘူးပေါ့။”

ဖားကန့်လမ်း ပိတ်ထားတဲ့အတွက် ကုန်စိမ်းတွေ သယ်ဆောင်လို့မရဖြစ်ပြီး မိုးညှင်းမှာတော့ ကုန်စိမ်းတွေပုံပြီး လျှော့ဈေးနဲ့ ထိုးရောင်း နေရလို့ ဈေးကျနေပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ အစိုးရတပ်အကြား တိုက်ပွဲတွေကြောင့် ကုန်စည်စီးဆင်းမှု ပြတ်လပ်မှုတွေ ဖြစ်နေပြီး စစ်ပွဲတွေကြောင့် ကချင် စစ်ပြေးဒုက္ခသည် လေးသောင်းကျော်လောက် ထွက်ပြေး ပုန်းအောင်း နေကြပါတယ်။

No comments: