Tuesday, January 17, 2012

ကျောင်း​သား​တပ်မ​တော်ရဲ​ဘော် ၃၀ ​ကျော် အဖမ်း​ခံထား​ရဆဲ

webteam

ဇန်နဝါရီလ ၁၃ ရက်​နေ့​ လွတ်ငြိမ်း​ချမ်း​သာခွင့်​မှာ ​ကျောင်း​သား​တပ်မ​တော်က ရဲ​ဘော် ၁၃ ဦး​ ပြန်လည်လွတ်​မြောက်လာခဲ့​ပြီး​ အကျဉ်း​ထောင်အသီး​သီး​မှာ အနည်း​ဆုံး​ ၃၀ ​ကျော် ကျန်​နေ​သေး​တယ်လို့​ ​အေဘီအက်စ်ဒီအက်ဖ် ဒုဥက္ကဋ္ဌ ကိုမျိုး​ဝင်း​က ​ပြောပါတယ်။

ကျောင်း​သား​ တပ်မ​ တော်ရဲ့​ လက်ရှိ နိုင်ငံ​ရေး ​ဗျူဟာက လက်နက်ကိုင် တိုက်ပွဲနဲ့​ လူထု တိုက်ပွဲ ​ပေါင်း​စပ်​ ရေး​ဖြစ်ပြီး​ ​ကျောင်း​သား ​တပ်မ​တော်က ရဲ​ဘော် ​တော်​တော်များ​များ​ အဖမ်း​ခံ ထား​ရ ပါတယ်။

ဒီမို က​ရေစီ အသွင် ကူး​ပြောင်း​ရေး​ လုပ်ငန်း ​စဉ်မှာ နိုင်ငံ​ရေး​ အကျဉ်း​သား​ တွေကို အကုန် လွှတ်​ပေး​ပြီး​ တပြည်လုံး​ အပစ် ရပ်ဖို့​ဟာ အရင်ဆုံး​ လိုအပ် ချက်ဖြစ် တယ်လို့​ ကိုမျိုး​ဝင်း​က ​ပြောပါတယ်။

“အခု ဇန်နဝါရီလ ၁၃ ရက်​နေ့​မှာ လွှတ်​ပေး​တဲ့​ အသုတ်မှာ​တော့​ ၁၃ ​ယောက်ပါလာတယ်။ ကျန်တာ​တော့​ လက်လှမ်း​မီသ​လောက် ပြုစု ထား​တဲ့​ အ​ခြေအ​နေရဆိုရင်​တော့​ ၃၀ ​လောက် အကျဉ်း​ထောင်အသီး​သီး​မှာ ကျန်ပါ​သေး​တယ်။ အဓိက အ​ခြေခံအား​ဖြင့်​တော့​ နိုင်ငံ​ရေး​ နည်း​လမ်း​အရ ​ပြေလည်​အောင် ကြိုး​ပမ်း​တဲ့​နေရာမှာပဲ ဖြစ်ဖြစ်၊​ ဒီမိုက​ရေစီ အသွင်ကူး​ပြောင်း​ရေး​အတွက် ကြိုး​ပမ်း​တဲ့​နေရာမှာ ပဲဖြစ်ဖြစ် ကျ​နော်တို့​ ယုံကြည်ချက်​ကြောင့်​ အကျဉ်း​ကျခံ​နေရသူ အား​လုံး​ကို လွှတ်​ပေး​ဖို့​လိုတယ်။ ဒီမိုက​ရေစီ ကူး​ပြောင်း​ဖို့​ အစီအစဉ် ​ဖော်​ဆောင် မယ်ဆိုရင် အား​လုံး​ပါဝင်နိုင်တဲ့​ နိုင်ငံ​ရေး​ အခင်း​အကျင်း​၊​ တိုင်း​ပြည်ပြန်လည်ထူ​ထောင်​ရေး​မှာ အား​လုံး​ပါဝင်နိုင်တဲ့​ အ​ခြေအ​နေဖြစ်လို့​ ဖန်တီး​ပေး​ဖို့​လိုတယ်။ ကျ​နော်တို့​ ​အေဘီအက်စ်ဒီအက်ဖ်က ရဲ​ဘော်​တွေအပါအဝင် ယုံကြည်ချက်​ကြောင့်​ အကျဉ်း​ကျ​နေတဲ့​ နိုင်ငံ​ရေး​ အကျဉ်း​သား​အား​လုံး​ကို ခြွင်း​ချက်မရှိ အမြန်ဆုံး​ လွှတ်​ပေး​ဖို့​ လိုအပ်တယ်ဆိုတာ​တော့​ ကျ​နော်တို့​ အဖွဲ့​အစည်း​အ​နေနဲ့​တော့​ သ​ဘောထား​ရှိပါတယ်။”

အခုအချိန်ထိ မလွတ်​မြောက်​သေး​တဲ့​ ​ကျောင်း​သား​တပ်မ​တော် ရဲ​ဘော်​တွေထဲမှာ ​ထောင်ဒဏ် တသက်တကျွန်း​၊​ အနှစ် ၆၀ ​ကျော်အထိ ချမှတ်ခံထား​ရသူ​တွေ ပါဝင်ပြီး​ သူတို့​ကို ၁၉၉၀ အလွန် နှစ်​တွေက​နေ မကြာခင်နှစ်​တွေအတွင်း​ အစိုး​ရက ဖမ်း​ဆီး​ထောင်ချခဲ့​တာလို့​ သိရပါတယ်။

ဒါ့​အပြင် အခုလ ၁၀ ရက်​နေ့​က အစိုး​ရဘက်က​နေ ငြိမ်း​ချမ်း​ရေး​အတွက် ​တွေ့​ဆုံ ​ဆွေး​နွေး​ဖို့​ ကမ်း​လှမ်း​ထား​တာကို အပြုသ​ဘော တုံ့​ပြန်သွား​ဖို့​ သ​ဘောထား​ ရှိတယ်လို့​ ကိုမျိုး​ဝင်း​က ​ပြောပါတယ်။

“သူတို့​ကမ်း​လှမ်း​လာတဲ့​ အ​ပေါ်မှာ​တော့​ အပြုသ​ဘော​ဆောင်တဲ့​ ကမ်း​လှမ်း​မှုလို့​ ကျ​နော်တို့​ သုံး​သပ်တယ်​လေ။ ဒီအ​ပေါ်မှာ ကျ​နော်တို့​အဖွဲ့​အစည်း​အ​နေနဲ့​တော့​ အပြုသ​ဘောတုံ့​ပြန်ဖို့​အတွက်​တော့​ သ​ဘောထား​ရှိတယ်။ ဒါ​ပေမယ့်​ အ​သေး​စိတ်​တော့​ ဒီအချိန်မှာ ​ပြောဖို့​က​တော့​ ​စော​သေး​တယ်။ နိုင်ငံ​ရေး​အကျဉ်း​သား​လွတ်​မြောက်​ရေး​ အပါအဝင် တပြည်လုံး​အတိုင်း​အတာ အပစ်အခတ်ရပ်စဲ​ရေး​။ ဒါ​တွေဟာ ကျ​နော်တို့​ ကနဦး​အဆင့်​မှာ အပြုသ​ဘော​ဆောင်တဲ့​ ​ဆောင်ရွက်မှု​တွေကို ​ဆောင်ရွက်ဖို့​လိုတယ်လို့​ မြင်ပါတယ်။”

မြန်မာနိုင်ငံလုံး​ဆိုင်ရာ ​ကျောင်း​သား​များ​ဒီမိုကရက်တစ်တပ်ဦး​ (​အေဘီအက်စ်ဒီအက်ဖ်) ဟာ ၁၉၈၈ လူထုအ​ရေး​တော်ပုံကို စစ်တပ်က နှိမ်နင်း​တဲ့​ ​နောက်မှာ လက်နက်ကိုင် ​တော်လှန်​ရေး​လုပ်ဖို့​ နယ်စပ်ကို ထွက်လာတဲ့​ ​ကျောင်း​သား​တွေနဲ့​ စတင် ဖွဲ့​စည်း​ခဲ့​တာဖြစ်ပါတယ်၊

လွန်ခဲ့​တဲ့​ နှစ်​တွေက အစိုး​ရက တိုင်း​ရင်း​သား​အဖွဲ့​တချို့​နဲ့​ အပစ်ရပ်​ရေး​၊​ ငြိမ်း​ချမ်း​ရေး​ကိစ္စ​တွေ ​ဆွေး​နွေး​ခဲ့​ပေမယ့်​ ​ကျောင်း​သား​တပ်မ​တော်ကို တိုက်ရိုက် ကမ်း​လှမ်း​တာမျိုး​ မရှိခဲ့​ပါဘူး​။

No comments: