
ဦးသိန်းစိန် အစိုးရမှ ချီးမြှင့်သည့် ၂၀၁၁ ခုနှစ်အတွက် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် စာရင်းတွင် ရခိုင်မှ ဆရာတော် (၆) ပါး ပါဝင်သည်။
အစိုးရ၏ ထုတ်ပြန်သော စာရင်းတွင် ပါဝင်သော ဘွဲ့တံဆိပ် ချီးမြှင့်ခံရသော ရဟန်းတော်များ၏ စာရင်းမှာ အောက်ပါ အတိုင်း ဖြစ်သည်။
ဂန္တ၀ါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော် ချီးမြှင့် ခံရသော ဆရာတော်မှာ ဘဒ္ဒ န္တ က္ကူန္ဒာစရိယ၊ ပရိယတ္တိဓမ္မိကာ ရုံကျောင်း၊ အောက်ရွာဝိုင်း ရပ်ကွက်၊ မင်းပြားမြို့နယ် ဖြစ်သည်။
အဘိဓဇ အဂ္ဂမဟာ သဒ္ဒမ ဇောတိကဘွဲ့ တံဆိပ်တော်ရရှိသော ဆရာတော်မှာ ဘဒ္ဒ န္တ ဇယန္တ၊ ကျားရုပ် ပရိယတ္တိ စာသင်တိုက်၊ ကျောင်းတက်လမ်း ရပ်ကွက်၊ စစ်တွေမြို့ ဖြစ်သည်။
အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော် ချီးမြှင့် ခံရသည့် ဆရာတော်မှာ ဘဒ္ဒ န္တက္ကုန္ဒက၊ မီးဝ ဘုန်းတော်ကြီးသင် ပညာရေး အလယ် တန်းကျောင်းတိုက်၊ မီးဝကျေးရွာ၊ ကျောက်တော်မြို့နယ် ဖြစ်သည်။
မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ချီးမြှင့် ခံရသည့် ဆရာတော်မှာ ဘဒ္ဒ န္တ ဓမ္မာဝုဓ၊ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ မောင်ရှင်ကျေးရွာ၊ မြေပုံမြို့နယ် ဖြစ်သည်။
သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ချီးမြှင် ခံရသည့် ဆရာတော် နှစ်ပါးမှာ ဘဒ္ဒ န္တ စန္ဒာသူရိယ၊ ရင်းချောင်း သာသာနာပြု ကျောင်း၊ ရင်းချောင်း ကျေးရွာ၊ မင်းပြားမြို့နယ်နှင့် ဘဒ္ဒ န္တဂါရ၀၊ ထေရ၀ါဒ ဗုဒ္ဓသာသနာပြုဌာန၊ ဘုန်းတော်ကြီး ပညာရေးကျောင်း၊ ဘားဝေကျေးရွာ၊ မြေပုံမြို့နယ်တို့ ဖြစ်သည်။
မြန်မာနိုင်ငံတွင် တခြား သာသနာ တော်ဆိုင်ရာ အဆင့်မြင့် ဘွဲ့တော်များ ဖြစ်သည့် အဘိဓဇ မဟာရဌဂုရု ဘွဲ့တံ ဆိပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်၊ ဓမ္မကတိက ဗဟုဇနတိတဓရ ဘွဲ့တံဆိပ်၊ အဂ္ဂမဟာဂ န္တ၀ါစက ပဏ္ဍိတ ဘွဲ့တံဆိပ်တော်နှင့် မဟာဂ န္တ၀ါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ စာရင်းများတွင် ရခိုင်ပြည်နယ်မှ ဘုန်းကြီး တပါးမှ ပါဝင်ခြင်း မရှိကြောင်း သိရသည်။
" ဦးပဉ္ဖင်းအမြင်ကတော့ ရခိုင်က ဆရာတော်ကြီးတွေကို ဆုချီးမြှင့်တာက အချက် နှစ်ချက် မြင်ပါတယ်။ ပထမ တချက်က အခုလို တိုင်းရင်းသားဒေသတွေမှာ လူမှုရေး လုပ်ငန်းတွေ၊ ဥပမာ ဘုန်းတော်ကြီး ပညာသင်ကျောင်းတွေလုပ်ပြီးတော့ ကလေးတွေကို စာသင်ပေးတာက တဆင့် နိုင်ငံရေးမှာ မပါဝင်လာအောင် အစိုးရက ဘွဲ့တံဆိပ် ဆက်ကပ်ပြီးတော့ ထိန်းပေးတာတချက်၊ နောက်ပြီး တော့ တိုင်းရင်းသား ရဟန်းသံဃာတွေကို အခွင့်အရေးမပေးဘဲ လျစ်လျူရှု့တဲ့ သဘောနဲ့ လုပ်တာလည်း ပါတဲ့ အတွက် အဆင်မြင့် ဘွဲ့တံဆိပ်တွေကို မရတာလည်း ပါတယ်" ဟု သံဃာ့ကိုယ်စားလှယ် အဖွဲ့ စည်းကမ်းထိန်းသိမ်းရေးတာဝန်ခံ အရှင် ပညာဒိစ္စက နိရဉ္စရာသို့ ပြောသည်။
No comments:
Post a Comment