Wednesday, January 11, 2012

မြန်မာတိုင်းရင်းသားများ မလေးရှားတွင် စေတီတော် ရွှေထီးတော်တင်

ခိုင်မောင်ဦး (မလေး)

မလေးရှား နိုင်ငံ စမူ ညင်းပြည် နယ်တွင် တည်ရှိသော စမူညင်း စေတီတော် ရွှေထီး တင်ပွဲကို ၂၀၁၂ ခုနှစ် ဇန္န၀ါရီလ ၈ ရက် နေ့က စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ သည်ဟု သိရသည်။

ရွှေထီးတော် တင်ပွဲ ကျင်းပ ရခြင်းနှင့် ပတ်သက်ပြီး ဦးဆောင် ကျင်းပသူ လက်ထောက် ဆရာတော် ဦးပဏ္ဍိတက နိရဉ္စရာ သို့ ယခုကဲ့သို့ ပြောသည်။

" မလေး ရှာမှာ အခုလို ဗုဒ္ဓ ဘာသာရဲ့ အထွဋ် တမြတ်ဖြစ်တဲ့ စေတီတော် ထီးတင်ပွဲကို ကျင်းပရ တာဟာ အင်မတန်မှ ၀မ်း မြောက်ဖို့ ကောင်း ပါတယ်။ ဂုဏ်ယူ စရာလည်း ကောင်း ပါတယ်။ ဒီလို စေတီတော် တည်ဆောက် ဖို့အတွက် မလေးရှားက လူကြီးတွေနဲ့ ဆွေး နွေးရတာ ပထမတော့ အခက်အခဲ တွေနဲ့ ကြုံတွေ့ ခဲ့ရ ပါတယ်။ ဒီလို အခက် အခဲကြားက ရွှေထီးတော် တင်နိုင်ခဲ့ တာဟာ ဦးဇင်းတို့ ဗုဒ္ဓ ဘာသာ လူမျိုး တွေအတွက် ဂုဏ်ယူ စရာ ဖြစ်ပါတယ်။"

အဆိုပါ စေတီတော် ရွှေထီး တော်တင် ပွဲကို မြန်မာ နိုင်ငံမှ ရောက်ရှိ နေကြသော ရခိုင်၊ ရှမ်း၊ မွန်၊ ကရင်၊ ဗမာ အစရှိသော တိုင်း ရင်းသား ညီအစ် ကိုမောင် နှမများက တက်ညီ လက်ညီ ၀ိုင်းဝမ်း ဆောင်ရွက် ပေးကြ သောကြောင့် ယခုကဲ့သို့ အောင် အောင်မြင် မြင်နှင့် ကျင်းပ နိုင်ခြင်း ဖြစ်သည်ဟု သိရသည်။

ထီးတော်တင်ပွဲနှင့် ပက်သက်၍ ဦးဆောင်ပါဝင်သူ ဂေါပကတစ်ဦးကလည်း ယခုကဲ့သို့ ပြောသည်။

" ဒီလို ရွှေထီးတော် တင်နိုင်ခဲ့တဲ့အတွက် အရမ်းကို ဂုဏ်ယူပါတယ်။ နောက်ပြီး ပရိတ်သက်တွေလည်း ဒီလောက်ထိ ရောက်လာ လိမ့် မယ်လို့ မျော်လင့်မထားဘူ။ နောက်တခုက ဒီလို နှိင်ငံမျိုးမှာ ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ စေတီတော် ထီး တင်ပွဲတွေ ဖြစ်လာလိမ့်မယ်လို့လည်း မမျှော်လင့်ခဲ့ပါဘူး။ မမျှော်လင့်တဲ့ ကြားက ခုလို စေတီတော် ရွှေထီးတင်ပွဲ ကျင်းပ နိုင်ခဲ့တဲ့အတွက် ကျေနပ်ဝမ်းသာ ဂုဏ်ယူ မိပါတယ်။"

ပွဲတော်သို့ မလေးရှားနိုင်ငံရောက် မြန်မာတိုင်းရင်းသားများနှင့် မလေးရှားရှိ တရုတ်လူမျိုးအပါအ၀င် တခြားဗုဒ္ဓဘာသာဝင် စုစုပေါင်း တစ်သောင်းကျော်ခန့် တက်ရောက်ခဲ့သည်ဟု သိရသည်။

ထီးတော်တင်ပွဲတွင် ကျွေးမွေးခြင်း၊ ကားအကြို အပို့ကိစ္စရပ်များ၊ ကျန်းမာရေးဆေးခန်းများကို မလေးရှားနိုင်ငံရှိ မြန်မာ ကုမ္ပဏီ အသီးသီးမှ တာဝန်ယူလုပ်ဆောင် ပေးခဲ့သည်။

ရွေထီးတော် တင်ပွဲ အခမ်းအနားကို နံနက် ၇း၀၀ တွင် စတင်ဖွင့်လှစ်ကာ ညနေ ၇ နာရီတွင် စေတီတော် ထီးတင်ပွဲကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့သည်။

စမူညင်းစေတီတော်ကို ၂၀၁၁ ခုနှစ်က စတင်ပြီး ဆရာတော် ဦးသိဒ္ဒိဝံက ဦးဆောင်ပြီး တခြားဆရာတော်များနှင့် မလေးရှား တရုတ် များက ဦးဆောင် တည်ဆောက် ခဲ့ပြီး ၂၀၁၂ ခုနှစ် ဇန္န၀ါရီလ ၈ ရက်နေ့တွင် ထီးတော်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။

မလေးရှားနိုင်ငံတွင် ယခု ရွှေထီးတော် တင်သော စမူညင်းစေတီတော်အပါအ၀င် အိပို့စေတီတော်နှင့် ကလန်းစေတီတော် ဟူ၍ စုစုပေါင်း သုံးဆူ တည်ရှိကြောင်း သိရသည်။

No comments: