Wednesday, January 18, 2012

ပန်ဆေး ပြည်သူ့စစ် အဖွဲ့ ဒုခေါင်းဆောင် နေအိမ် ဗုံးပစ်ခံရ

သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ ပန်လုံ (၂) ရပ်ကွက်ရှိ ပန်ဆေးပြည်သူ့စစ်အဖွဲ့ ဒုခေါင်းဆောင်၏ နေအိမ်အား ယခုလ ၁၆ ရက် ညပိုင်း ၁၁ နာရီခန့်က အမည်မသိလက်နက်ကိုင်အဖွဲ့မှ ဗုံးတစ်လုံးပစ်သွင်း ခဲ့ရာ နေအိမ်အနည်း ငယ် ပျက်စီးသွားကြောင်း သိရသည် ။

ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်ခေါင်မိုး အနည်းငယ်ပျက်စီးသွားသော်လည်း လူသူထိခိုက်မှု မရှိ ကြောင်း မူစယ်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“သုံးထပ်တိုက်ပေါ့ လောင်ချာလိုလက်နက်မျိုးနဲ့ လမ်းပေါ်ကနေ ပစ်သွားတာ။ RPGလည်း မဖြစ်နိုင်ဘူး။ RPG ဆိုရင် လည်း ပွင့်ထွက် သွား မှာကိုး။ လက်ပစ်ဗုံးဆိုရင်လည်း ၃ ထပ်အပေါ်ကို မရောက်နိုင်ဘူးလေ။ M79 လို လောင်ချာမျိုး လို့ယူဆရတယ်။ အိမ်အမိုးနည်းနည်းပျက်စီးသွားတယ်။ လူတော့မထိဘူး ” ဟု သူက ဆိုသည် ။

လွန်ခဲ့သည့်လပိုင်းအတွင်းကလည်း အဆိုပါ ပန်းဆေးပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင် ဦးကျော်မြင့်၏ ယောက်ဖ တော်စပ်သူ ဦးကျော်လှိုင် (ခ) တင်လှိုင် ဦးစီးသည့်အဖွဲ့ တိုက်ခိုက်ခံခဲ့ရ ပြီး ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး သေဆုံးသွားကြောင်း နောက်ထပ်ဒေသခံတစ်ဦးက ဆိုသည်

“ဦးကျော်လှိုင်ဦးဆောင်တဲ့ ၁၆ ယောက်အဖွဲ့က နမ့်ခမ်းနဲ့ကွတ်ခိုင်အကြားမှာ သစ်သွားခုတ်တာ။ KIA က အင်အား ၃၀ လောက်နဲ့ ၀င် ပစ်လို့ ပန်းဆေးအဖွဲ့က အားဖိန်း ခေါင်းမှာမှန်ပြီး သေသွားတယ် ။ စစ်တပ်ကို အကူအညီတောင်းတော့ သူတို့ စီးပွားရေးသူတို့ လုပ်နေ တာဆိုပြီး စစ်တပ်က စစ်ကူမပေးဘူး ” ဟု ဆိုသည် ။

KIA နှင့် အစိုးရတပ်တို့ စစ်ပွဲများ ဖြစ်ပွားနေရာ မူစယ်ခရိုင်အတွင်း ဗုံးပေါက်ကွဲမှုများ ပစ်ခတ် တိုက်ခိုက် မှုများ မကြာ ခဏ ဖြစ်ပွား နေ ခြင်း ဖြစ်သည် ။

သို့သော် ယနေ့နံနက် ၁၀ နာရီကျော်ခန့်တွင် KIO နှင့် နိုင်ငံရေးအဆင့်ဆွေးနွေးရန် ဦးအောင်သောင်း ဦး ဆောင်သည့် အစိုးရ ငြိမ်းချမ်း ရေး ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်မှ မူစယ်မြို့သို့ စစ်ရဟတ်ယာဉ်နှစ်စီး ဖြင့်ရောက်ရှိလာပြီး နေ့လည်ပိုင်းတွင် တရုတ်ပြည် ရွေလီမြို့သို့ ယာဉ်တန်းဖြင့် ထွက်ခွာသွားကြောင်း သတင်းရရှိသည် ။

No comments: