Saturday, January 7, 2012

“စစ်တပ် က အာဏာ ပြန် သိမ်းနိုင် ချေ ရှိ ” ဆိုသည့် သတင်း များ ထွက် ပေါ်နေ

တင်ကျော်ကျော်စိုး၊

၂၀၁၁ ခုနှစ် က စစ်တပ် က ကျောထောက် နောက် ခံ မှု ဖြင့်အာဏာ ရရှိ လာ ခဲ့ သည့် ပြည်ထောင်စု ကြံ့ခိုင် ရေး နှင့် ဖွံ့ ဖြိုး ရေး ပါတီ အား ဖျက် သိမ်းကာ ထို အနိုင် ရပါတီ ၏ အစိုး ရ အဖွဲ့ တိုင်း ပြည် အာဏာကို ချုပ် ကိုင် ထား မှု အား ပြီး ဆုံးစေမည့် စစ်တပ် ၏ တကျော့ ပြန် အာဏာသိမ်း မှု သည် ရက် ပိုင်း အတွင်း ဖြစ်လာ နိုင်ကြောင်း နေ ပြည် တော် မြို့  ရှိ စစ်အရာရှိ များ သတင်း ရပ် ကွက် ယနေ့ မနက် ကတည်းက ကျယ် ကျယ် ပြန့်  ပြန့် ထွက် ပေါ် နေသည်။

စစ်တပ် အာဏာ ပြန် သိမ်း နိုင် ချေ ရှိ ဆိုသည့် သတင်း နှင့် ပတ် သက် ပြီး ” ဦးသိန်းစိန် အစိုးရက တော့ နောက်ကြောင်း ပြန် မလှည့် ဘူး လို့  တွင် တွင် ပြော တာပဲ ၊ ဒါပေမယ့် မြန်မာ့ နိုင်ငံရေး အာဏာ အစစ် ဟာ ဘယ်သူ့  ဆီမှာ ရှိ မှန်း မသိရတာ ခက်တယ် ဟု မြန်မာ နိုင်ငံ သို့ ခေတ္တ အလည် ပြန်သည့် အမေရိကန် နိုင်ငံ အခြေစိုက် မြန်မာ နိုင်ငံ ရေး လှုပ်ရှား သူ တစ်ဦးက FNG သို့  ပြော သည်။

စစ်တပ် က အာ ဏာ ပြန် သိမ်း နိုင် ချေ ရှိ ဆို သည့် သတင်း သည် ကျယ် ကျယ် ပြန့်  ပြန့် ပေါ်ထွက် နေ သော် လည်း နေ ပြည်တော် တွင် ထူးထူး ခြား ခြား လုံ ခြုံရေး တင်း ကျပ် ထား မှုမျိုး မတွေ့ ရ ဟု နေ ပြည်တော် ဟို တယ် ဇုန် မှ ၀န် ထမ်း တစ်ဦး က ပြောသည်။

မြန်မာ နိုင်ငံ တွင် ၁၉၆၂ ခု နှစ် နှင့် ၁၉၈၈ ခု နှစ် များ တွင် စစ်တပ် က အာဏာသိမ်း ခဲ့ ဖူး ပြီး၁၉၈၈ ခုနှစ် အာဏာသိမ်း မှု သည် စစ်တပ် ထိပ်တန်း အရာ ရှိ များ ကြီး စိုးပြီး တပ် အပေါ်လည်း သြဇာ ညောင်း သည့် မြန်မာ့ ဆိုရှယ် လစ် လမ်းစဉ် ပါတီ ထံ မှာ အာဏာကို ရယူ ခဲ့ခြင်း ဖြစ်သည်။

စစ်တပ် အာဏာ သိမ်း မယ် ဆို တဲ့ သတင်း ဟာ မဖြစ် နိုင်ပါ ဘူး လို့  လဲ ပြော လို့  မရဘူး ဗျ၊မြန်မာ နိုင်ငံ မှာ ဘာ မဆို ဖြစ် နိုင် တယ်။ စစ်တပ် က ပြန် အာဏာ သိမ်း ပြီး နိုင်ငံရေး အကျဉ်းသား တွေ ကို လွှတ် ပေး ကောင်း လွှတ် ပေး နိုင် တာ ပဲ ၊ အာဏာ သိမ်း တယ် ဆို တိုင်း လဲဒီမိုကရေစီ ကို သွေဖယ် သွား တာ မှ မဟုတ် တာ ထိုင်း မှာလဲ အာဏာ သိမ်း ပြီး လွတ်လပ်တဲ့ ရွေးကောက် ပွဲ တွေ ကျင်းပ သွား နိုင် တာ ပဲ ဟု ကာကွယ် ရေး ၀န် ကြီးဌာ နမှ အရာ ရှိငယ် တစ်ဦးက သူ၏ အမြင် ကို FNG သို့  ပြောသည်။

လက်ရှိ မြန်မာ စစ်တပ် ၏ ထိပ်တန်း အရာ ရှိ အချို့  က မူ ဦး သိန်း စိန် သည် ပြည်တွင်း နိုင်ငံရေး ကို ကျွမ်း ကျင် စွာ ကိုင်တွယ် နိုင် ခြင်း မရှိ ဟု သုံး သပ် မှု များ ရှိ ပြီး ပြည်ထောင် စုကြံ့ ခိုင် ရေး နှင့် ဖွံ့ ဖြိုးရေး ပါတီ က စစ်တပ် ကို စိန် ခေါ် နေသည့် ဆိုသည့် အမြင် များ လည်းစစ်တပ် အရာ ရှိ များ အကြား ရှင် သန် လျှက် ရှိ သည်။

ဦးသိန်းစိန် အစိုး ရ လက်ထက် တွင် လာဘ်ပေး လာဘ်ယူ မှု များ၊လတ်တလော မီးလောင်မှု များမတရား မှု များ စသည့် လူမှု ရေး မတည် ငြိမ် မှု များ နှင့် ရာဇ၀တ် မှု များ ပိုပြီးများ ပြား လာ ခြင်းမှာ လည်း စစ်တပ် က အာဏာ ပြန် လည် ရယူ ရန် လုံ လောက် သည့် အချက်ဖြစ် နေသည် ဟုရန်ကုန် ပြည်သူ့  ဆေး ရုံ ကြီး မှ ဆရာဝန် တစ်ဦး က FNG ကို ပြောသည်။

လက် ရှိ မြန်မာ အစိုးရ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်လှမင်း နှင့် နီး စပ် သူ တစ်ဦး က အာဏာသိမ်း မယ် ဆို တဲ့ သဘော မျိုး မဟုတ် တောင် မှ လက်ရှိ အစိုးရ အဖွဲ့ အတွင်း က အရာရှိ အချို့ ကို ဖယ် ရှား တာ တို့  ကန့် သတ် နာ တို့  လုပ် မယ့် သဘော မျိုး ဖြစ် နိုင် ပါတယ်” ဟု ဆိုသည်။လက်ရှိ မြန်မာ့ နိုင်ငံ ရေး အာဏာ ကို ပြီး ခဲ့ သည့် နှစ် က လူ မြင် ကွင်း မှ ပျောက် ကွယ် သွားသည့် ဗိုလ်ချုပ် မှုး ကြီး သန်း ရွှေ က အပြည့် အ၀ ချုပ် ကိုင် ထား ဆဲ ဟု လည်း အချို့  က သုံးသပ် ကြသည်။

မြန်မာ နိုင်ငံ တွင် စစ်တပ် မှာ တကျော့ ပြန် အာဏာ သိမ်း ရန် တရုတ် က လုပ် ဆောင် နေသည်ဟု ပြည်ပ ရောက် မြန်မာ သံတမန် လော က တွင် လည်း ပြော ဆို ကြသည်။FNG မှ နောက် ဆုံး သိရ သည့် သတင်း အရ အကျင့် ပျက် ၊ လာဘ်စား မှု မျာဒ ပိုမို ထူ ပြော
လာ နေသည့် အတွက် ဦးသိန်းစိန် အစိုးရ က တိုင်း ပြည် အုပ် ချုပ် ရန် မသင့် လျှော် ဆို သည့်မြန်မာ စစ်တပ် ၏ ကြေ ငြာ ချက် ကို ဇန်န၀ါရီ လ ၁၁ ရက် နေ့ တွင် ထုတ် ပြန် နိုင် ချေ ရှိ သည်ဟု သိရသည်။



မှတ်ချက်၊ ။ အထက်ပါ သတင်းနှင့် ပတ်သက်ပြီး ခိုင်လုံတိကျသော သတင်းဖြစ်သည်ဟု မပြောလိုပေ။ ရရှိလာသော သတင်းကို အများသိရှိရန် ကောက်နုတ် တင်ပြ လိုက်ခြင်းသာ ဖြစ်၏။ မှန်သော သတင်း မှားသော သတင်း ဖြစ်နိုင်ခြေ ရှိမရှိကို မိမိ ကိုယ်ပိုင် စဉ်းစား ဆင်ခြင် ဆုံးဖြတ်ကြရန်သာ။

ကိုကို

No comments: