Thursday, January 19, 2012

နိုင်ငံရေး အကျဉ်းသားများအားလုံးကို လွှတ်ပေးရန် လွှတ်မြောက် ရခိုင်နိုင်ငံရေး အကျဉ်းသားများက သမ္မတ ဦးသိန်းစိန်ကို မေတ္တာရပ်ခံ

များမကြာမှီက လွှတ်မြောက်လာသော ရခိုင်နိုင်ငံရေး အကျဉ်းသား (၈) ဦးက ထောင်ထဲတွင်ကျန်ရှိနေသေးသော ရခိုင်နိုင်ငံရေး အကျဉ်း သမား (၄) ဦးနှင့် တခြား မြန်မာနိုင်ငံမှ နိုင်ငံရေး အကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် နိုင်ငံတော် သမ္မတကြီး ဦး သိန်းစိန်ထံသို့ စာရေး တောင်းဆိုလိုက်ကြောင်း သတင်း ရရှိသည်။

အဆိုပါ စာအား လွတ်မြောက်လာသူ ရခိုင်နိုင်ငံရေးသမား (၈) ဦးက လက်မှတ်ရေးထိုးပြီး ၂၀၁၂ ခုနှစ် ဇန္န၀ါရီလ ၁၈ ရက်နေ့က သမ္မတ ဦးသိန်းစိန်ထံ ပေးပို့ကာ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

တောင်းဆိုသူများထဲတွင် ဘားအံထောင်မှ လွတ်မြောက်လာသူ ဂွမြို့နယ် ၁၉၉၀ ရွှေးကောက်ပွဲနိုင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးညီပု၊ မြစ်ကြီးနား အကျဉ်းထောင်မှ လွှတ်မြောက်လာသူ ရခိုင်ကျောင်းသား ကိုကျော်ဝင်း၊ ကသာ အကျဉ်းထောင်မှ လွှတ်မြောက် လာ သူ ရခိုင် ကျောင်းသား ထွန်းလင်းကျော်(ခေါ်) ထွန်းလင်း၊ အင်းစိန် ဗဟို အကျဉ်းထောင်မှ လွှတ်မြောက်လာသူ ရခိုင် ကျောင်းသား များ ဖြစ်ကြသည့် ကျော်ဇံသိန်း၊ ခိုင်ကျော်မိုးနှင့် အောင်စံသိန်း၊ ဗန်းမော် အကျဉ်းထောင်မှ လွှတ်လာသည့် ရခိုင်ကျောင်းသား နိုင်စိုးတို့ ဖြစ်ကြသည်။

ထောင်ထဲတွင် ကျန်ရှိနေခဲ့သော ရခိုင်နိုင်ငံရေး အကျဉ်းသမား (၄) ဦးမှာ အင်းစိန်း ဗဟို အကျဉ်းထောင်တွင် ရှိနေကြသော ရခိုင် ကျောင်း သားများ ဖြစ်ကြသည့် အောင်မိုးဇော် (ခေါ်) မိုးသီး၊ ရဲထက်စိုး၊ အောင်နိုင်နှင့် ပခုက္ကူထောင်တွင် ရှိနေသော နိုင်စိုး(ခေါ်) မဲလုံးတို့ ဖြစ်ကြသည်။

သူတို့၏ သမ္မတထံ ရေးသားပေးပို့သည့် စာထဲတွင် တိုင်းရင်းသား ပြန်လည် စည်းလုံး ညီညွှတ်ရေး၊ အမျိုးသား ပြန်လည် ရင်ကြား စေ့ ရေး ၊ ထာဝရ ငြိမ်းချမ်းမူ ဖေါ်ဆောင်ရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖေါ်ရာ၌ အတားအဆီးမရှိ အဆင်ပြေချောမွေ့စေရန် အ တွက် ထောင်တွင်း ကျန်ရှိနေသေးသော ရခိုင်တိုင်းရင်းသားများ အပါအ၀င် ကျန်နိုင်ငံရေး အကျဉ်းသား အားလုံးတို့အား ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လည် လွှတ်ပေးသင့်ကြောင်း ကျွန်တော်တို့ လေးစားစွာ စာရေး တောင်းဆို အပ်ပါသည်ဟု ပါရှိသည်။


No comments: