Monday, January 9, 2012

ဖားကန့်လမ်း တိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည် ၈၀၀ ကျော်လာ


ကချင်ပြည်နယ်အနောက်ဘက်ဖားကန့် ကျောက်စိမ်းမှော်(Hpakan Uru Sengmaw)သွားလမ်းတွင် အစိုးရတပ်ဖွဲ့နှင့် KIA တပ်ဖွဲ့ကြား တိုက်ပွဲများဖြစ်ပွားမှုကြောင့် ထိုနေရာအနီးတစ်ဝိုက်ဒေသမှ ယခုချိန်ထွက်ပြေး တိမ်းရှောင်နေသော စစ်ပြေးဒုက္ခသည်များမှာ ၈၀၀ ကျော်နေပြီဖြစ်ကြောင်းသိရသည်။

ဖားကန့်ဘက်သို့် ၂၀၁၂ နှစ် ဇန်န၀ါရီလ လဆန်းပိုင်းမှစပြီး မြန်မာအစိုးရ စစ်အင်အား အလုံးအရင်း ထပ်မံဖြည့်တင်းလာ ခြင်းကြောင့် တိုက်ပွဲများပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်။

ယင်းကဲ့သို့ နေရပ်စွန့် ထွက်ပြေးတိမ်းရှောင်လာသော ဒုက္ခသည်များသည် ဖားကန့် ကားလမ်းပိုင်း နမ်ယာ(Nam Ya) ကျေးရွာ နှင့် လောင်ခန် (လုံးခင်း)ကျေးရွာ ကြားရှိ ပျားအုံ ၊ ကျောက်ဖျာ၊ ၅ မိုင်ကုန်း စသည့်ကျေးရွာ များမှ ဖြစ်ကြောင်းသိရသည်။

၎င်းတို့သည် ယခုချိန် လုံးခင်း အသင်းတော် ဘုရားကျောင်းဝင်းတွင်ရောက်ရှိခိုလုံနေသူ (၃၀၀)ကျော်၊ မော်စီဇာ(Maw Si Za)ဘုန်းကြီး ကျောင်းတွင် (၃၀၀)ကျော်၊ မော်စီဇာ အသင်းတော် ဘုရားကျောင်းဝင်းတွင် (၁၂၀)ကျော် ရှိပြီး ရှအစ်ယာန်(Sha-it) ကျေးရွာတွင်(၁၇၀)ဦး ထွက်ပြေးခိုလုံနေကြောင်း ဒေသခံများ ပြောသည်။

ယခုချိန်ထိ ဒုက္ခသည်များ၏ နေရာအထိုင်အခင်းနှင့် အစားအသောက်များအတွက် အများအားဖြင့် အသင်းတော်အဖွဲ့များမှတာဝန်ယူဆောင်ရွက်ပေးနေကြောင်းသိရသည်။

ဒုက္ခသည်အချို့သည် ထိုရွာမှ ဆွေမျိုးများအိမ်တွင် ထွက်ပြေးသိမ်းရှောင်နေကြောင်းသိရသည်။တိုက်ပွဲများ နေ့စဉ်ဖြစ်ပွား နေခြင်းကြောင့် ဒုက္ခ သည်များလည်း နေ့ စဉ် ထပ်မံရောက် ရှိနေဆဲ ဖြစ်ကြောင်းသိရသည်။

အစိုးရတပ်ဖွဲ့နှင့် KIA ကြား တိုက်ပွဲများဖြစ်ပွားမှုကြောင့် KIO ထိန်းချုပ်နယ်မြေ တရုတ်နယ်စပ်တစ်လျှောက် အိုးအိမ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြသော ကချင်စစ်ပြေးဒုက္ခသည်များမှာ ၅၀၀၀၀ ကျော်နေပြီဖြစ်သည်။

No comments: