မင်းလွင်
လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီဟာ ကြားဖြတ် ရွေးကောက်ပွဲ အတွက် စည်းရုံးရေး ခရီး တွေမှာ နိုင်ငံ တော်ပိုင် ပစ္စည်း တွေကို သုံးစွဲပြီး တော့ ငွေကြေး နဲ့လည်း စည်းရုံး တာတွေ ရှိတယ်လို့ ကျောက်ပန်းတောင်း ဒေသခံ တွေက ပြောပါတယ်။
အာဏာရ ပြည်ထောင် စုကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဟာ အခု ရက်ပိုင်း အတွင်းမှာ ကျောက်ပန်းတောင်း မြို့ကို ပါတီ စည်းရုံးရေး ခရီးစဉ် တွေမှာ နိုင်ငံပိုင် အဆောက် အဦတွေကို သုံးစွဲခဲ့ တယ်လို့ ဆိုပါတယ်။
မန္တလေးတိုင်း ဒေသကြီး လွှတ်တော် ကိုယ်စား လှယ်တွေ ဖြစ်ကြတဲ့ ဦးဌေး အောင်ကျော်နဲ့ ဦးရဲမြင့် အောင်တို့ဟာ ကျောက်ပန်း တောင်းမြို့ မြို့မ ကွက်သစ် အစိုး ရပိုင် မူလတန်း ကျောင်းမှာ အစည်းအဝေး လုပ်ဆောင် တာနဲ့ ပတ်သက်ပြီးတော့ ဒေသခံ ကိုအေးခိုင်က ခုလို ပြောပါတယ်။
“ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက မဲဆွယ်စည်းရုံးဖို့အတွက် ကျောက်ပန်းတောင်းမြို့ကို ရောက်လာပြီးတော့ မြို့မကွက်သစ်ရပ်ကွက်မှာ ရပ် ကွက် ဥက္ကဋ္ဌကို ခေါ်ပြီးတော့ လူတွေစုခိုင်းပါတယ်။ နေရာကတော့ မြို့မကွက်သစ်မြို့က မူလတန်းကျောင်း အစိုးရပိုင်ကျောင်းမှာ ကျင်းပကြပါတယ်။ စည်းရုံးရေးလုပ်ပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီအနေနဲ့ အစိုးရပိုင် အဆောက်အဦမှာ လုပ်ခွင့်မရှိပါဘူး။ ဘယ်ပါတီမဆို ရွေးကောက်ပွဲဥပဒေအရ လုပ်ခွင့်မရှိပါဘူး။ လက်ရှိ အာဏာပိုင် အဖွဲ့အစည်းကလူတွေကို အသုံးချပြီးတော့ စည်းရုံးရေး လှုပ်ရှားနေတာပါ။”
ကြံ့ခိုင်ရေးပါတီဟာ နိုင်ငံတော်ပိုင် အဆောက်အဦတွေကို အသုံးပြုနေသလို မဲဆွယ်စည်းရုံးရေးတွေမှာ ငွေကြေး ထောက်ပံ့ပေးမယ် ဆိုပြီး ကျေးရွာတွေမှာ ပြောဆိုတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မကြာခင် ကျင်းပတော့မယ် စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ပြန်ကြားရေး ဝန်ကြီး ဦးကျော် ဆန်း နဲ့ ကိုယ်စား လှယ်လောင်း ဦးဌေးနိုင်ဟာ မဲဆွယ် စည်းရုံးရေးတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
အဲဒီခရီးစဉ်မှာ ပုလဲမြို့နယ်က ကျေးရွာတွေ ရွာငယ်တွေ အတွက်ဆိုရင် ကျပ် ၅ သိန်း၊ ရွာကြီးတွေအတွက် ကျပ် ၁၀ သိန်း ထောက်ပံ့မယ် လို့ ကတိပြု ပြောပြီးတော့ ငွေမရရှိခဲ့ဘဲ လက်ခံရရှိကြောင်းကို ဓာတ်ပုံရိုက် မှတ်တမ်းယူတယ်လို့ ဒေသခံတွေက ပြောပါတယ်။
No comments:
Post a Comment