Monday, January 2, 2012

မိုးမောက် မြို့နယ်တွင် မိုင်းပေါက်ကွဲ

ကချင်နေစဉ်သတင်း

မိုးမောက်မြို့နယ်တွင် ဒီဇင်လာလ ၃၁ ရက်နေ့ ည ၇ နာရီခွဲခန့်က မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ ကုန်းနှောကျေးရွာရှိ ဦးလောပေါင်း အိမ်ရှေ့ ကားလမ်းတွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူနှင့်ယာဉ်များ ထိခိုက်မှု မရှိပဲ ကားလမ်း အနည်းငယ်နှင့် ဦင်္းလောပေါင်းအိမ်မှ မှန်ပြတင်း ပေါက်များ ကွဲခဲ့ပါတယ်။

ပေါက်ကွဲမှုကြောင့် တာဝန်ရှိသူများ လာရောက်ရှင်း လင်းစဉ် မိုင်းပေါက်ကွဲသော နေရာမှ ၁၅ ပေခန့်အကွာမှ မိုင်း ၁ လုံးထပ်မံ တွေ့ရှိရ ပါတယ်။ ကချင်ပြည်နယ်အတွင်း စစ်ပွဲများ ဖြစ်ပွားပြီးနောက် ဒေသခံများမှာ မိုင်းပေါက်ကွဲမှုများကို မကြာခဏ တွေ့ကြုံနေရပါတယ်။

ကချင်လွတ်မြောက်ရေး တပ်မတော်မှ ပြည်သူ့ အမှုထမ်းများလည်း မိုင်းထောင်ရင်း မိုင်းပေါက်ကွဲမှုများကြောင့် မကြာခဏ သေဆုံး နေကြောင်း သတင်းရရှိပါတယ်။

No comments: