Monday, January 23, 2012

မတရားစွပ်စွဲချက်ဖြင့် နှိပ်စက်ခံရသူ သားအဖ နှစ်ဦး ဆေးကုခံနေရ

နိရဉ္စရာ

ရခိုင်ပြည်နယ် စစ်တွေမြို့ မင်းကံရပ်ကွက်မှ သားဖနှစ်ဦးမှာ ရွှေလုယူသည်ဟု မတရားစွပ်စွဲဖြင့် ဖမ်းဆီး နှိပ်စက် ခံခဲ့ရသဖြင့် ယခုအခါ ဆေးကုသမူ ခံယူနေရသည်ဟု သတင်း ရရှိသည်။

နှိပ်စက်ခံခဲ့ရသော သားဖနှစ်ဦးမှာ စစ်တွေမြို့ အမှတ် ၄ မင်းဂံရပ်ကွက်မှ အဖ ဦးမောင်သန်းနှင့် သားဖြစ်သူ လင်းထွန်းတို့ ဖြစ်သည်။

မင်းဂံရပ်ကွက်မှ မခင်နုမှက ဇန္န၀ါရီလ ၁၆ ရက်နေ့ညနေ လမ်းတွင် သွားလာနေစဉ် တစ်ကျပ် အလေးချိန်ရှိ ရွှေဆွဲကြိုး တစ်ကုံးကို အလု ခံလိုက်ရသဖြင့် အမှတ် ၁ ရဲစခန်းကို တိုင်ကြားခဲ့ရာမှ အမှတ် ၁ ရဲစခန်းမှ ဒုရဲအုပ် စောခင်မောင်က တရပ်ကွက်တည်းနေထိုင်သူ လင်း ထွန်းကို ဖမ်းဆီးခဲ့သည်။

" ကျွန်တော်တို့ ဂီတာတီးနေတဲ့အချိန်မှာ ဒုရဲအုပ် စောခင်မောင် ရောက်လာပြီးတော့ မခင်နုဆီက ဆွဲကြိုးကို လု ယူသွားတဲ့သူလို့ မတ ရား စွပ်စွဲပြီး လင်းထွန်းကို ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်" ဟု လင်းထွန်းသူငယ်ချင်း တစ်ဦး က ပြောသည်။

လင်းထွန်းမှာ ဖမ်းဆီးခံရပြီးနောက် အမှတ် ၁ ရဲစခန်းတွင် နှိပ်စက်ညှင်းပန်းမှုကို မခံနိုင်သဖြင့် နောက်ဆုံးတွင် သူ့၏ဖခင် ဖြစ်သူ ထံတွင် အပ်နှံထားခဲ့သသည်ဟု ထွက်ဆိုသဖြင့် သူ့၏ ဖခင် ဦးမောင်သန်းကို လာရောက် ဖမ်းဆီး ခေါ်ဆောင်သွားက ဆက်လက်ညှင်းပမ်း နှိပ် စက် ကာ မေးမြန်းခဲ့သည်။

" လင်းထွန်းကို နှိပ်စက်တယ်။ နှိပ်စက်ဒဏ်ကို မခံနိုင်လို့ သူ့အဖေဆီမှာ အပ်ထားခဲ့တယ်လို့ ထွက်ဆိုလိုက်တဲ့ အတွက် သူ့ဖခင် ဦး မောင်သန်းကို လာဖမ်းပြီးတော့ နှိပ်စက်တယ်။ အမှန်တော့ သူတို့သားဖနှစ်ယောက်ဟာ ရပ်ကွက်ထဲမှာ ရိုးရိုး လုပ်ကိုင် စားသောက် နေကြတဲ့သူတွေ ဖြစ်ပါတယ်" ဟု ရပ်ကွက်မှ တခြား လူကြီးတဦးက ပြောသည်။

ယခုကဲ့သို့ မတရားစွပ်စွဲချက်ဖြင့် နှိပ်စက်ခံနေရသော သားဖနှစ်ယောက်၏ အဖြစ်အပေါ် သည်းမခံနိုင်သော ရပ် ကွက်သူ/သားများက အမှတ် ၁ ရဲစခန်းကို တအိမ်တယောက်ကျ သွားရောက်ပြီး စခန်းမှူး ၀င်းနိုင်နှင့် ဒုရဲအုပ် စောခင် မောင်အား ယခု ဖမ်းဆီးခံနေရသော သားဖနှစ်ဦးကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

ယခုအခါ အဆိုပါ သားဖနှစ်ဦးမှာ ရပ်ကွက်သူ/သားများ၏ ထောက်ခံတောင်းဆိုမှုကြောင့် ပြန်လည် လွတ်မြောက်လာခဲ့ သော်လည်း ရဲစ ခန်းတွင် ရိုက်နှက်ခံရမှုများကြောင့် အပြင်းအထန် ဒဏ်ရာ ရရှိသွားပြီး ယခုအခါ ဆေးကုသမှု ခံယူ နေကြရသည်ဟု သတင်းရရှိသည်။

No comments: