Tuesday, January 17, 2012

ကိုယ်ဝန်ဆောင်ကျောင်း ဆရာမကို မြန်မာတပ်မှ ပစ်သတ်

KNG


ကချင်ပြည်နယ်အနောက်ဘက် ဖားကန့်မြို့နယ်တွင် ကိုယ်ဝန်နှင့်ကျောင်းဆရာမတဦးသည် မြန်မာအစိုးရစစ်ကြောင်း၏ ပစ်ခတ်မှုကြောင့် ကားမိုင်ဆေးရုံတွင် သေဆုံးသွားကြောင်း ဒေသခံများပြောသည်။

ကိုယ်ဝန်ရှိသူ အသက်၂၂ အရွယ်ခန့်ဆရာမ မန်ရှန် ယိန်းဝမ် (Mangshang Ying Wang)နှင့် ယောက်မဖြစ်သူ ဂေါ့လူ ဆိုင်းခေါန် (Gawlu Seng Hkawn) တို့သည် ဖားကန့်လမ်းပိုင်း နမ်ယာ (Nam Ya) နှင့် ကပ်မှော် (Kapmaw) ကြား ဇန်နဝါရီ ၁၁ ရက်နံနက် ၉ နာရီတွင် မြန်မာ အစိုးရ စစ်ကြောင်း တခု နှင့် ဆုံတွေ့စဉ် ထိုစစ်ကြောင်းမှ ပစ်ခတ် မှုကြောင့် သေနတ်ဒဏ်ရာ ရရှိသွားသည်။

ထိုနေ့ ညနေ ၄ နာရီတွင်လည်ပင်းအရင်းတွင် ရရှိသောဒဏ်ရာကြောင့် ကိုယ်ဝန် ၄ လနှင့် ဆရာမ ယိန်းဝမ် သေဆုံးသွားသည်။

ယောက်မဖြစ်သူမှာ လည်းပင်းနှင့် ပခုံးစပ်တွင် သေနတ်ဒဏ်ရာတခု အပြင်ဘယ်ဘက်ပေါင်နောက်ဘက်ပိုင်း တွင် သေနတ်ဒဏ်ရာတခု သာရရှိပြီး အသက်ဘေးမှလွတ်မြောက်ခဲ့သည်ဟုသိရသည်။



၎င်းတို့သည် ကားမိုင်းမြို့နယ်ခွဲ ကပ်မှော်ဇုံနယ် ဆိုင်းဖရာ (Seng Hpra mare) ကျေးရွာမှဖြစ်ကာ ဆရာမမှာ ထိုကပ်မှော်ဇုံနယ်ရှိ ခွမ်စိုင် ဇွမ် (Hkumtsai Zup mare) ကျေးရွာမှ ကျောင်းဆရာမတာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။

ပစ်ခတ်သွားကြသည့် မြန်မာအစိုးရတပ်မှာ ဗိုလ်မှူး ရဲမင်းသွေး၊ ဗိုလ်မှူး ကိုကိုလတ်၊ ဗိုလ်ကြီး ထွန်းနိုင်တို့ ဦးစီးသော မြောက်ပိုင်း တိုင်း စစ်ဌာနချုပ် (မပခ)အောက် ဝိုင်းမော်နယ်မြေခံ ခလရ အမှတ်(၅၈) မှ ဖြစ်သည်ဟု ဒေသခံများပြောသည်။

No comments: