Saturday, January 7, 2012

ဆိုင်ကယ်တက္ကစီ ​ဈေး​နှုန်း​မြင့်​သည့်​အတွက် ကျောင်း​သား​များ ဆန္ဒပြ

မင်းလွင်

စစ်​တွေတက္ကသိုလ်မှာ ဆိုင်ကယ်တက္ကစီ ​ဈေး​နှုန်း​မြင့်​သွား​တဲ့​အတွက် တက္ကသိုလ်​ကျောင်း​သား​တွေ ဒီက​နေ့​ ​နေလယ် ၁၁ နာရီကစပြီး​ ဆန္ဒပြကြပါတယ်။

ကျောင်း​သား​ ​ထောင်နဲ့​ချီပြီး​ ​ကျောင်း​ဝင်ထဲမှာ ကား​ခ​တွေ ​ဈေး​ချ​ပေး​ပါလို့​ ​အော်ဟစ် ဆန္ဒပြကြတဲ့​အခါ ဆရာ ဆရာမ​တွေက ​ကျောင်း​ဝင်း​ကို ပိတ်လိုက်တယ်လို့​ ကိုယ်တိုင်ပါဝင်တဲ့​ ဆန္ဒပြ ​ကျောင်း​သူတဦး​က ​ပြောပါတယ်။

ဆန္ဒပြတာနဲ့​ ပတ်သက်ပြီး​ တက္ကသိုလ်​ကျောင်း​သူက “ကျမတို့​ ၅ ရက်​နေ့​က​နေ အတန်း​တွေမှာ အစ်ကို​တွေက လိုက်ပြီး​တော့​ လက်မှတ် ထိုး​ဖို့​ စု​ဝေး​ကြပါတယ်ရှင့်​။ ၆ ရက်​နေ့​ ၁၁ နာရီကစပြီး​တော့​ ​ကျောင်း​ဝင်း​ထဲက​နေ ဆန္ဒပြကြပါတယ်။ ဆိုင်ကယ် ကယ်ရီခတ်ခစီက ကြား​အောင်လို့​ ဆန္ဒပြပါတယ်။ ဆရာဆရာမ​တွေက ကိုယ့်​အခန်း​တွေကို ဝင်ကြ ဝင်ကြလို့​ ​ပြောပါတယ်။ အဲဒီ​တော့​ ​ကျောင်း​သား​တွေက မဝင်ကြ ဘဲနဲ့​ ​အော်ဟစ်ပြီး​ ဆန္ဒပြ ပါတယ်။ အဝက​နေ ​အော်ကြပါတယ်။ ကား​ခ ​ဈေး​ချ​ပေး​ပါလို့​ ​အော်ကြပါတယ်။ ​နောက်ပြီး​တော့​ ​ကျောင်း​ တံခါး​ဖွင့်​ ပေး​ပါလို့​ ​အော်ကြ ပါတယ်။”

၅ ရက်​နေ့​မှာ ​ကျောင်း​သား​တွေ လက်မှတ်ထိုး​ စည်း​ရုံး​ခဲ့​ပြီး​ ၆ ရက်​နေ့​မှာ ​ကျောင်း​ဝင်အတွင်း​ ဆန္ဒပြတာလို့​ ​ပြောပြသွား​တာပါ။

ဆရာ ဆရာမ​တွေက ဆန္ဒပြ​ကျောင်း​သား​တွေကို မိမိတို့​ သက်ဆိုင်တဲ့​ အခန်း​အသီး​သီးကို ဝင်ဖို့​ ​ပြော​ပေမယ့်​ ​ကျောင်း​သား​တွေက အခန်း​ထဲမဝင်ဘဲ ​ကျောင်း​ဝင်အတွင်း​မှာပဲ ဆန္ဒပြကြပါတယ်။

၁၁ နာရီက​နေ ဆန္ဒပြခဲ့​တာ ည​နေ ၃ နာရီ​လောက်မှာ ဆရာ ဆရာမ​တွေက လူစုခွဲဖို့​ ကြိုး​စား​လာတယ်လို့​ ဆန္ဒပြ ​ကျောင်း​သား​တွေက ​ပြောကြပါတယ်။

ဆရာဆရာမ​တွေ လူစုခွဲဖို့​ ကြိုး​စား​ခဲ့​တဲ့​အ​ကြောင်း​ကို အဆိုပါ ဆန္ဒပြ​ကျောင်း​သူက အခုလို ​ပြောပါတယ်။

“ကိုယ့်​အခန်း​ ကိုယ်ဝင်ကြ၊​ သွား​ကြဆိုပြီး​တော့​ ​ပြောပါတယ်။ မဝင်ဘူး​ အခန်း​ထဲကို လုံး​ဝမဝင်ဘူး​လို့​ ​ပြောကြပါတယ်။ ဆရာမက ဝင်ဖို့​ အဓမ္မ​ပြောပါတယ်။ သမီး​တို့​က မဝင်ဘူး​လို့​ ​ပြောပါတယ် ကိုယ့်​နေရာနဲ့​ ကိုယ်​နေကြပါတယ်။ ဆရာ ဆရာမ​တွေက အကုန်လုံး​ အဝ​တွေမှာ ရပ်ပြီး​တော့​ ​ကျောင်း​က ဆိုင်ကယ်တက်ခစီတစီး​ကို အဝမှာ ရပ်ပြီး​တော့​ ၅ ​ယောက်ဆို ၅ ​ယောက်၊​ ၁၀ ​ယောက်ဆို ၁၀ ​ယောက် တင်​ပေး​ပါတယ်။ ဒါ​ပေမယ့်​ တင်ပြီး​တော့​ ​ကျောင်း​သား​တွေက အကုန်လုံး​ ခုန်ဆင်း​ကြပါတယ်။ ​နောက်ပြီး​တော့​ ဆရာ ဆရာမ​တွေ ဆင်း​ပြီး​ အဓမ္မ ​ခေါ်သွား​ပါတယ်။ ​ခေါ်သွား​တော့​ ​ကျောင်း​သား​တွေက အကုန်လုံး​ ခုန်ဆင်း​ကြတယ်။ ဆီ​ဈေး​ ကျဖို့​အတွက်ကို ​တောင်း​ဆိုချင်ပါတယ်။”

အစိုး​ရက ဓာတ်ဆီ​ဈေး​နှုန်း​ကို မြင့်​လိုက်တဲ့​အတွက် ဆိုင်ကယ်တက္ကစီခ ၁၀၀ ကျပ်က​နေ ၂၀၀ ကျပ်ဖြစ်သွား​လို့​ ​ကျောင်း​သား​တွေ ဆန္ဒပြကြတယ်လို့​လည်း​ ​ပြောပါတယ်။

“ဆိုင်ကယ်ကယ်ရီက ၂၀၀ ဆို​တော့​ သမီး​တို့​မှာ ဘယ်လိုမှ မတက်နိုင်ပါဘူး​။ သမီး​တို့​ မုန့်​ဖိုး​က ၅၀၀ ပဲ ရတာပါ။ မုန့်​ဖို့​က ၅၀၀ ဆိုင်ကယ် ကယ်ရီခက အသွား​အလာ ၄၀၀ ဆို​တော့​ သမီး​တို့​အ​နေနဲ့​ မုန့်​စား​ဖို့​ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး​ အဲဒါ​ကြောင့်​ ဆန္ဒပြတာပါ။”

လုံခြုံ​ရေး​တပ်ဖွဲ့​တွေ​တော့​ တက္ကသိုလ်အနီး​ကို လာ​ရောက်တာ မ​တွေ့​ရဘူး​လို့​ စစ်​တွေမြို့​ခံ​တွေက ​ပြောပါတယ်။ ဒီဗွီဘီက ည​နေ ၄ နာရီ ​လောက်အထိ ဆက်သွယ်ခဲ့​ရာမှာ ​ကျောင်း​သား​ ၂၀၀၀ ​လောက် စစ်​တွေတက္ကသိုလ် ဝင်း​ထဲမှာ ဆက်ရှိ​သေး​တယ်လို့​လည်း​ သိရပါတယ်။

No comments: