Friday, January 20, 2012

CNF က ပြည်နယ်အစိုးရနှင့် (၉)ချက်ပါ ငြိမ်းချမ်းရေးသဘောတူညီမှု အပေါ်ရှင်းလင်း

KHONUMTHUNG NEWS

ချင်းအမျိုးသားတပ်ဦး (စီအဲန်အက်ဖ်) က ယခုလ ဇန္န၀ါရီလ ၅ – ၆ အတွင်း ချင်းပြည်နယ်အစိုးရနှင့် (၉) ချက်ပါ ပဏာမ ငြိမ်းချမ်းရေး သဘောတူညီချက်အပေါ် ယနေ့ ရှင်းလင်းချက်ပြုလုပ်လိုက်သည်။

မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ပြည်ထောင်စုတခုလုံးတွင် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်း ရေးဖော် ဆောင်နိုင်ရေး အတွက်နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန် လမ်းစပွင့်လာသည်ဟု စီအဲန်အက်ဖ်က ယူဆကြောင်း ရှင်းလင်း တင်ပြထားသည်။

တဆက်တည်း စီအဲန်အက်ဖ်နှင့် ချင်းပြည်နယ်အစိုးရတို့ အကြား (၉) ချက်ပါ ပဏာမ ငြိမ်းချမ်းရေး သဘော တူညီမှု မရရှိမှီ နှင့် ရရှိပြီး နောက်ပိုင်း နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေ အရပ်ရပ်ပြောင်းလဲသွားသည်ကို အထူးနား လည်ရန်လိုအပ်ကြောင်း ယင်း အနေအထားများကို ချင်းအမျိုးသားများ၏ အကျိုး စီးပွားအောင်မြင်နိုင်ရေး နှင့် တန်းတူညီ မျှမှုကို အခြေခံသည့် ရေရှည် တည်တံ့ သည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးအတွက်အကျိုးရှိရှိ အသုံးချနိုင်ရေး သည် အထူး အရေးကြီးကြောင်း တိုက်တွန်း ထား သည်။

သဘောတူညီချက် (၉) ချက်အနက် (၄) ချက်ပါ သဘောတူညီချက်သည်အရေးကြီး ဆုံးအချက်ဖြစ်ကြောင်း ၂၀၀၈ ခုနှစ် ဖွဲ့စည်း အုပ် ချုပ်ပုံအခြေခံ ဥပဒေအား ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများ ပြုလုပ်နိုင်ရန် အခြေခံမူများ ထားရှိရန်လိုအပ် ကြောင်း ဖော်ပြထားသည်။

ယင်းအချက်နှင့် ပါတ်သက်ပြီး ချင်းအမျိုးသားတပ်ဦးဟာ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးမှ တပြည်လုံးအသွင် ဆောင်သည့် ငြိမ်းချမ်းရေး တည် ဆောက်နိုင်ရေးအတွက် အခြေခံဥပဒေအား ပြင်ဆင်ဖြည့် စွက်မှုပြု လုပ်သည့် အခါ ဒို့တာဝန်အရေး သုံးပါးအပြင် ပြည်ထောင်စု အရေး ၊ တိုင်းရင်းသားအရေးနှင့် ဒီမိုကရေစီအရေးတို့ကို အခြေခံပြီး ပြည်ထောင်စုအ ဆင့်ဆွေး နွေးခြင်းအား တဆင့်ပြီး တဆင့်ပြု လုပ် ရန် သဘောတူခြင်းဖြစ်သည်ဟု ရှင်းလင်းထားသည်။

ယခု သဘောတူညီမှုသည် အလင်းဝင်ခြင်း၊ လက်နက်ချ အညံ့ခံခြင်း၊ အရှူံးပေးလက်မြောက်ခြင်း မဟုတ်သည့် အပြင် တန်းတူညီမျှမှုကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးနှင့် ရေရှည်တည်တံ့ ခိုင်မြဲသည့် ငြိမ်းချမ်းရေး တည် ဆောက်နိုင်ရေး ရည်ရွယ်ချက်ဖြင့် လက်မှတ်ရေး ထိုးခြင်းဖြစ်ကြောင်း ဖော်ပြ ထားသည်။

ယနေ့အထိ အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့် CNF အပါအ၀င် United Wa State Army (UWSA), Democratic Karen Buddhist Army (DKBA), Natioanal Democratic Alliance Army (NDAA), Restoration Council of the Shan State (RCSS/SSA), Karen National Union (KNU) စသည့်အဖွဲ့များနှင့် ငြိမ်းချမ်းရေးသဘောတူညီမှု ရရှိပြီးဖြစ်သည်။

No comments: