Wednesday, January 18, 2012

ကချင်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အတွက် မြန်မာအစိုးရနှင့် KIO ဆွေးနွေးမည်

KNG


ကချင်ပြည် နယ်နှင့် ရှမ်းပြည် မြောက်ပိုင်းတွင် နှစ်ဖက် တိုက်ပွဲများ ရှိနေ ဆဲကာလ တန်းတူ ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အတွက် မြန်မာ ဗဟို အစိုးရ နှင့်နိုင်ငံ ရေးဆွေးနွေး သွားမည်ဟု ကချင် လွတ်မြောက်ရေး အဖွဲ့ KIO က ယနေ့ ဇန်န၀ါရီလ ၁၇ ရက်တွင် ကြေညာ လိုက် သည်။

ယမန်နှစ် ဇွန် ၉ ရက်ကစတင်သည့် မြန်မာအစိုးရတပ်နှင့် KIO ကြားစစ်ပွဲများမှာ ဒီဇင်ဘာလ ၁၀ ရက်တွင် သမ္မတဦးသိန်းစိန်က ထိုးစစ် ရပ်တံ့ထားရန် ၎င်း၏တပ်ကိုညွှန်ကြားထားသော်လည်း ယမန်နေ့ကအထိ တိုက်ပွဲပေါင်း ၁၆၀ ခန့်ရှိသည်ဟု KIO အထွေထွေ အတွင်း ရေးမှူး-၂ လာနန် ပြောသည်။

ဆက်လက်၍ “တိုက်ပွဲဖြစ်နေလို့ မဆွေးနွေးနိုင်တာမျိုးမရှိဘူး။ တိုက်ပွဲရှိရှိ မရှိရှိ ပြည်ထောင်စုအစိုးရက ဆန္ဒရှိရှိနဲ့ဆွေးနွေးဖို့ဖိတ်ခေါ်ရင် တက်ရောက်ဖို့အဆင်သင့်ပဲ” ဟု အထွေထွေအတွင်းရေးမှူး-၂ က ဆိုသည်။

KIO သည် ၎င်းတို့ ဆန္ဒ သဘောထား ပါဝင်ခြင်း မရှိသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုလက်ခံ ခြင်းမရှိဘဲ UNFC (ညီိညွတ်သော တိုင်း ရင်း သားလူမျိုးများ ဖယ်ဒရယ်ကောင်စီ) အားဖြင့်သော်လည်းကောင်း တိုင်းရင်းသားအားလုံးပါဝင်နိုင်သည့် အဆင့်သို့ ရောက်ရှိနိုင် ရန် နိုင်ငံရေးရည်မှန်းချက်ပန်းတိုင် ဆုပ်ကိုင်ထားသည်ဟု ဆိုသည်။

နိုဝင်ဘာလ ၂၉ ရက် ၂၀၁၁ ခုနှစ်တွင် တရုတ်နိုင်ငံ ရွှေလီမြို့၌ နှစ်ဖက်ကိုယ်စားလှယ်များ နောက်ဆုံး အကြိမ်တွေ့ဆုံ ဆွေးနွေး ခဲ့ သော်လည်း တစ်စုံတစ်ရာ သဘောတူညီချက် ထုတ်ပြန်ခြင်းမရှိပါ။

ယခုရက်ပိုင်းအတွင်း ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်း (SSA-South) တို့သည် မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီလက်မှတ်ရေးထိုးကြသည်။

No comments: