Friday, January 20, 2012

မြန်မာအစိုးရနှင့် KIO စစ်ရေးအရင် ညှိနှိုင်းရန် သဘောတူ

KNG


မြန်မာ အစိုးရနှင့် ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO)တို့ တရုတ် နိုင်ငံ ရွှေလီမြို့ တွင် နှစ်ရက်ကြာ ကျင်းပသည့် တွေ့ဆုံပွဲမှ နှစ်ဖက် ကြား “နိုင်ငံရေး မဆွေး နွေးခင် စစ်ရေး အရင်ညှိနှိုင်း ကြရန်” သဘောတူ ညီ ခဲ့သည်။

“နှစ်ဖက်ကြား စစ်ရေးအရှိန်များကို ထိန်းသိမ်းသွားနိုင်ရန်နှင့် ယုံကြည်မှုတည်ဆောက်နိုင်ရန်အတွက် ပြဿနာ ဖြစ်ပွားနိုင် သော ဒေသ များရှိ နှစ်ဖက်တပ်များကိစ္စအား ညှိနှိုင်းဆောင်ရွက်သွားကြမည်ဖြစ်ပါသည်။” ဟု ဇန်န၀ါရီလ ၁၉ ရက်စွဲဖြင့် ဆွေးနွေးပွဲ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဆက်လက်၍ အစိုးရနှင့် KIO တို့သည် နှစ်ဖက် နိုင်ငံရေးပြဿနာအရင်းအမြစ်အား နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးသွားကြမည်ဟု ဆိုသည်။

No comments: