Wednesday, December 5, 2012

အရှင်ကမ္ဘီရ (ခ) ကိုညီညီလွင် ထပ်မံဖမ်းဆီးခံရမှုအပေါ် AAPP ကန့်ကွက်

ဖိုးခွါးလေး(ကေအိုင်စီ)

၂၀၁၂ခုနှစ် ဇန်နဝါရီလ အတွင်း လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွှတ်မြောက်လာသော အရှင်ကမ္ဘီရ (ခ) ညီ ညီလွင်အား အာဏာပိုင်များမှ တဖန်ပြန်လည်ဖမ်းဆီးလိုက်သည့်အပေါ် နိုင်ငံရေး အကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း (မြန် မာနိုင်ငံ) – AAPP (Burma) အနေဖြင့်လုံးဝကန့်ကွက် ကြောင်း ယမန်နေ့တွင် သတင်းထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

AAPP အတွင်းရေးမှူး ကိုတိတ်နိုင်က “ဒီဖြစ်စဉ်များက နှစ်ဆန်းပိုင်းကတည်းက ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေ ဖြစ်တယ်။ အခုမှ ပြန်လည်ပြီးတရားစွဲ ဆိုတယ်ဆိုတော့ လုံးဝမဖြစ်သင့်တဲ့ကိစ္စတစ်ခုပါ။ ဒါကနောက် ကြောင်းပြန်လှည့်တဲ့ လုပ်ရပ်ဖြစ် တယ်။ အဲဒါကြောင့် ဒီလုပ်ရပ်ဟာ လုံးဝ ကန့်ကွက်တယ်” ဟု သူက ကေအိုင်စီသို့ ပြောသည်။

၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ ၁ရက်နေ့တွင် အရှင်ကမ္ဘီရ (ခ) ညီညီလွင်အား ၎င်း၏ညီဖြစ်သူ နေထိုင်သည့် သင်္ကန်း ကျွန်းမြို့နယ် နေအိမ်တွင် သင်္ကန်းကျွန်းရဲများက သွားရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒီ ဇင်ဘာလ ၂ရက်နေ့ တွင် အင်းစိန်ထောင်သို့ ပို့ဆောင်လိုက်သည်ဟု သိ ရသည်။

အရှင်ဂမ္ဘီရ (ခ) ညီညီလွင်ကို ပုဒ်မ (၄၄၈)အဖြစ် တားမြစ်နေရာတွင် တရားမ၀င် ၀င်ရောက်နေထိုင်မှု၊ ပုဒ်မ (၄၂၇) အဖြစ် ကျပ်ငွေ ၅၀ နှင့် အထက် ပိုင်ဆိုင်မှုများအား ပျက်စီးစေမှု၊ ပုဒ်မ (၄၅၄) အဖြစ် တားမြစ်ထားသော အဆောက်အဦအား ဖျက်ဆီးဝင်ရောက်မှုတို့ဖြင့် သင်္ကန်း ကျွန်း၊ ဗဟန်း၊ သံလျှင် မြို့နယ် ၃ခုမှ တရားစွဲဆို ထားခြင်း ဖြစ်သည်ဟု AAPP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုအပြင် လက်ပန်တောင်းတောင်စီမံကိန်းနှင့် ပတ်သက်၍ ဆန္ဒပြသပိတ်မှောက်သူများအား အာဏာပိုင်များက အင်အားသုံးဖြိုခွင်းခဲ့ခြင်း၊ ဖမ်း ဆီးခြင်းများ လုပ်ဆောင်ခဲ့ခြင်းအပေါ် AAPP အနေဖြင့် လုံးဝကန့်ကွက်ကြောင်း ကိုတိတ်နိုင်က ဆက်ပြောသည်။

အရှင်ကမ္ဘီရ (ခ) ညီညီလွင်သည် ၂၀၀၇ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတွင် ဦးဆောင်ပါဝင်မှုကြောင့် ၂၀၀၇ခုနှစ် နိုဝင်ဘာလ ၄ရက်နေ့တွင် အဖမ်းခံခဲ့ရပြီ ထောင်ဒဏ် ၆၈နှစ် ချမှတ်ခံထားရရာမှ ၂၀၁၂ခုနှစ် ဇန်နဝါရီလတွင် လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွှတ်မြောက်လာခဲ့သည်။

အရှင်ကမ္ဘီရ (ခ) ညီညီလွင်ကို မှတ်ပုံတင် ပြန်လည်ထုတ်ပေးရန်၊ ပြင်ပခရီးထွက်ခွာခွင့်စာအုပ် ထုတ်ပေးရန်နှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာ ရေး ထိခိုက်မှု ရှိသောကြောင့် လွှတ်လပ်စွာ ဆေးကုသခွင့် ရရှိရန်အတွက် လက်ရှိ ချုပ်နှောင်ထားခြင်းမှ ပြန်လွှတ်ပေးရန် AAPP က မြန် မာအ စိုး ရကို တောင်းဆိုလိုက်ပါသည်။

No comments: