Wednesday, December 5, 2012

စစ်ဆေးရေး အဖွဲ့ ကုန်ကျစရိတ် လစာထဲက ဖြတ်ခံရမည်စိုး၍သမ္မတဓါတ်ပုံအတင်း အဓမ္မ ရောင်းချမူ ပညာရေး ၀န်ထမ်းများ မတိုင်ကြားရဲ

နိရဉ္စရာ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် သမ္မတ ဦးသိန်းစိန်၏ ဓါတ်ပုံကို ကျောင်းဆရာ ဆရာမများအား မ၀ယ်မနေရ ရောင်းချနေမူအ ပေါ် အထက်သို့ တိုင်ကြားချင်သော်လည်း တိုင်ကြားပါက စစ် ဆေးရေးအဖွဲ့လာရောက်စစ် ဆေးသည့် ကုန်ကျစရိတ်ကို လစာထဲက ဖြတ်တောက်မည်ကို စိုးရိမ်သဖြင့်ပ ညာရေး ၀န်ထမ်းများ အနေဖြင့်အထက်သို့မတိုင်ကြားရဲဘဲဖြစ်နေ ကြောင်း သတင်း ရရှိသည်။

နိုဝင်္ဘာလ ၃၀ ရက်နေ့က ဘူးသီးတောင်မြို့နယ် ပညာရေးမှူးရုံးသို့ လစာ ထုတ်ရန်လာသော ဆရာ ဆရာမများထံမှ မူလတန်းလွန် အ လယ်တန်းတွဲ ဘက်ကျောင်းများ၊ အလယ်ကျောင်းများနှင့်တွဲဘက်အထက်တန်းကျောင်း များနှင့် အထက်တန်းကျောင်းများတွင် ချိတ် ဆွဲ ရန် အတွက် ဟု ဆိုကာ ဓါတ်ပုံ တစ်ပုံအတွက် ငွေ ကျပ် ၈၀၀၀ စီ ဖြတ်တောက်ခဲ့သည်ဟု ဆိုသည်။

“ ခုလို မတရားမူကို မကြေနပ်တဲ့ အတွက် သက်ဆိုင်ရာကို တိုင်ကြားရင် စစ် ဆေးရေးအဖွဲ့ လာ မယ်၊ စစ်ဆေးမယ်၊ ပြီးရင် အတိုင်ခံရတဲ့ လူတွေဆီကပေး တာယူပြီး ပြန်မယ်၊ တိုင်တဲ့လူက ဘာမှ အကျိုးမရှိဘူး၊ လကုန်ရင်စစ်ဆေး ရေး အဖွဲ့အတွက် ကုန်ကျစရိတ်ဆိုပြီး လစာထဲက အဖြတ်ခံရဦးမယ်။ ပြီးရင် တိုင်တဲ့ သူပဲ နေရာ ပြောင်းရတာတို့ ဘာတို့လို အရေးယူခံရဦး မယ်၊ များ များတိုင်ရင် လစာများများ အဖြတ်ခံရမှာမို့ မတိုင် ရဲတော့ဘူး” ဟု ဆရာမတစ်ဦးက ရင်ဖွင့် ပြောဆိုသည်။

ဘူးသီးတောင်မြို့နယ်တွင် ဆရာ ဆရာမများထံမှ အကြောင်းအမျိုးမျိုးပြကာ မြို့နယ် ပညာရေးမှူးရုံးက ဖြတ်တောက်ယူနေသော ငွေ ကြေး ပမာဏကိုလည်း ကျောင်းအုပ် ဆရာကြီး တစ်ဦးက ယခုလို ပြောသည်။

“ မူလတန်း ကျောင်းဆရာ ဆရာမတစ်ဦးကို အားကစားကြေးဆိုပြီး ၂၅၀၀ကျပ် ဖြတ်ယူပါတယ်။ အလယ်တန်းပြ၊ မူလတန်းကျောင်းကနေ အ ထက်ပိုင်းကို ၃၀၀၀ ကျပ် ဖြတ်ယူပါတယ်။ နောက်ပြီး မူလတန်းလွန် ကျောင်းတို့၊ အလယ် တန်းကျောင်းခွဲတို့ဆိုရင် နိုင်ငံတော်သမ္မတ ဓါတ်ပုံ တစ်ပုံကို မယူ မနေရ ထုတ်ပေးပါတယ်။ အဲဒီ ဓါတ်ပုံ အတွက် ၈၀၀၀ ကျပ် လစာက နေ ဖြတ်ပါတယ်။ ကျွန်တော်က ကျောင်းအုပ်ဖြစ်တဲ့ အ တွက် တစ်သောင်းတစ်ထောင် အဖြတ်ခံခဲ့ရပါတယ်” ဟု ဆိုသည်။

၎င်းပြင် ရုံးတိုင်း၊ ကျောင်းတိုင်းတွင် နိုင်ငံတော် သမ္မတ ဓါတ်ပုံကို ချိတ်ရမည် ဆိုလျှင်လည်း အဆိုပါ ဓါတ်ပုံဖိုး ကုန်ကျစရိတ်ကို ဌာနဆို ရာ ဘတ်ဂျက်မှ ခွဲဝေကျခံသင့်သည်ဟု ဆိုသည်။

ယခုကဲ့သို့ ကုန်ဈေးနုန်းကြီးမြင့်ပြီး မိမိဝင်ငွေ လစာနှင့် မိမိတို့ မိသားစု စားဝတ်နေရေး မလောက်ဌသောအခြေအနေမျိုးတွင်အကြောင်း အ မျိုးမျိုးပြပြီး လစဉ် ငွေကြေးများ ဖြတ်တောက်နေမူများ ပြုလုပ်နေသဖြင့် ပညာရေး ၀န်ထမ်း ကျောင်းဆရာ ဆရာမများ အထူး အခက် ကြုံနေ ရသည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင် ပညာရေးမှူးရုံး တချို့သည် ဌာနဆိုင်ရာ ပညာရေး ဝန်ထမ်း အချင်းချင်း မောက်မာစွာ ဆက်ဆံခြင်း၊ လစဉ် လစာများ ထဲမှ အကြောင်း အမျိုးမျိုးပြပြီး လစာငွေ ဖြတ်တောက်ခြင်း၊ ငွေတိုး ငွေချေး ပြုလုပ်ခြင်း စသည့် အလုပ်များကို ပြုလုပ်နေကြသဖြင့် ပ ညာရေး ၀န် ထမ်းများ အကြားတွင်လည်း စိတ်ဝမ်း ကွဲပြားမူများလည်း ဖြစ်ပေါ်နေကြောင်း သိရသည်။

No comments: