Sunday, December 2, 2012

ငွေကြေးစာရင်းမရှင်းနိုင်သဖြင့် ကျေးရွာ လျှပ်စစ်မီးလင်းကော်မတီ တိုင်ကြားခံရ

လွတ်လပ်သော မွန်သတင်းအေဂျင်စီ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ထုံးအိုင်ရွာ လျှပ်စစ်မီးရရှိရေးအတွက် ကျေးရွာမီးလင်းရေးကော်မတီက ဒေသခံရွာသားများထံ ငွေ ကောက် ခံခဲ့ပြီး စာရင်းမရှင်းနိုင်သဖြင့် ရွာသားများက မြို့နယ်သို့တိုင်ကြားထား ကြောင်း သိရသည်။

ငွေစာရင်းရှင်းတမ်းနှင့် ငွေသားလက်ကျန်ကို မရှင်းပြနိုင်သည့်အတွက် မီးလင်းရေးအဖွဲ့ ဥက္ကဌဟောင်း ဦးအောင်သောင်းနှင့် လက်ရှိ ဥက္ကဌ ဦးဘရွှေ တို့အား နိုဝင်ဘာ ၁၂ ရက်နေ့တွင် ဘားအံမြို့တရားရုံးသို့ တိုင်ကြားထားသည်ဟု ဦးဆောင်သူ နိုင်ကွန်ဗလိုင်က ပြောသည်။

“မီးလင်းရေးကော်မတီဥက္ကဌတွေဟာ ကျေးရွာဥက္ကဌတွေပါပဲ၊ ဥက္ကဌအဆက်ဆက်က သူတို့လက် ဆင့်ကမ်းပြီး မရှင်းလင်းခဲ့သည့် ငွေကျပ်၂၇ ၃ သိန်းကို ကျေးရွာလူထုကိုယ်စား လှယ်တွေနဲ့ မှန်ကန်တဲ့ ငွေစာရင်းရှင်းတမ်းနဲ့ ရုံးမှာမျက် နှာချင်းဆိုင်ရှင်းပေးဖို့ ရပ်ကွက် ကိုယ်စားလှယ် တွေကအကြိမ်ကြိမ်တောင်းဆိုခဲ့တယ်”ဟု နိုင်ကွန်ဗလိုင်က ပြောသည်။

၂၀ဝ၇ ခုနှစ် မတ်လမစတင်၍ လျှပ်စစ်မီးသွယ်တန်းခြင်း၊ မီးတာဘောက်တပ်ဆင်ခြင်းလုပ်ငန်း များကိုလုပ် ဆောင်ခဲ့သဖြင့် မီးလင်းပြီး ဖြစ် သော်လည်း မီးလင်းရေးကော်မတီ၌ ငွေကြးကိစ္စအရှုပ်အထွေးများ ဆက်လက် ပေါ်ပေါက်နေသည်ဟုလည်း ရွာခံများက ပြောသည်။

ထုံးအိုင်ရွာ၏ရပ်ကွက် (၉)ရပ်ကွက်မှကောက်ခံထားသည့်ငွေရှင်းတမ်းကိုမပြနိုင်ဖြစ်နေပြီးယခုအခါငွေသားလက်ကျန်လည်းမရှိတော့ ကြောင်း သိရသည်။

ထုံးအိုင်ရွာ လျှပ်စစ်မီးလင်းရေးအတွက် အိမ်ခြေ(၈၅၁)အိမ်ထောင်စုမှ အိမ်ထောင်စုအလိုက် ပထ မအရစ် (၁)သိန်း၊ဒုတိယအရစ်(၅)သောင်း၊ တတိယ အရစ်(၁)သိန်း စုစုပေါင်းငွေကျပ် (၂)သိန်းခွဲကို ကောက်ခံခဲ့ခြင်း ဖြစ်သည်။

၎င်းကိစ္စနှင့်ပတ်သက်၍ ဥက္ကဌဦးဘရွှေနှင့် မီးလင်းရေးကော်မတီဝင်များကို နိုဝင်ဘာ ၂၉ ရက်နေ့က ထုံးအိုင်ပြည် သူ့ရဲတပ်ဖွဲ့မှ ပုဒ်မ(၁၀၂)အ ရ စုံစမ်းစစ်ဆေးရေးမှုများပြုလုပ်ခဲ့ကြောင်း ထုံးအိုင်ရွာ အုပ်ချုပ်ရေး မှူးရုံးထံမှ သိရသည်။


ဦးဘရွှေအနေဖြင့် ၄င်းငွေကြေးကိစ္စရပ်များအတွက် ဆက်လက်တာဝန်ယူဖြေရှင်းသွားမည်ဖြစ်ပြီး ကျေးရွာ၏ ဖွံ့ဖြိုးရေးလုပ်ငန်း များအ တွက် သုံးစွဲထားရသည်ဟုလွတ်လပ်သောမွန်သတင်းအေဂျင်စီကို ပြောသည်။

No comments: