Monday, December 17, 2012

တရုတ်-မြန်မာ ဆက်ဆံရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍ

တိုင်းကျော်

ဧရာဝတီ မြစ်ဆုံ စီမံကိန်း ရပ်ဆိုင်းပြီးချိန် နောက်ပိုင်း လက်ရှိ မြန်မာပြည်သူ တွေကြားထဲမှာတရုတ် ဆန့်ကျင်ရေး စိတ်ဓာတ် အြမင့်ဆုံးရောက်နေတယ်လို့ ပြောနိုင်ပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းကစ ပြည်သူတွေကို ရက်ရက်စက် စက် ဖိနှိပ်၊ တိုင်းပြည်ကို ဘယ်နိုင်ငံနဲ့မှ မတူ နိမ့်ပါးအောင် ဖျက်ဆီးခဲ့တဲ့ စစ် အာဏာရှင်တွေဘက်က ရပ်တည်ပေးခဲ့တဲ့အတွက်၊ မြန်မာပြည် မြောက်ပိုင်း က နိုင်ငံရဲ့ ခေါင်မိုးလို့ ခေါ်နိုင်လောက်တဲ့ သစ်တောကြီးတွေ ပြုန်းတီးကုန် သည်အထိ တရားမ၀င် သစ်ထုတ်ယူပြီး သဘာဝ ပတ်ဝန်းကျင် ပျက်စီးစေခဲ့ တဲ့အတွက်၊ ကျောက်စိမ်းနဲ့ ကျောက်မျက် အပါအ၀င် တိုင်းပြည်သယံဇာတေ တွကို ၀ါးမျိုခဲ့တဲ့အတွက်၊ နြေ ပည် တော် တည်ဆောက်ရေးလို အဓိပ္ပာယ်မဲ့ တဲ့ စီမံကိန်းကြီးတွေအတွက် ငွေချးပေးရင်း မြန်မာပြည်သူတွေကို အြေကွး လည်ပင်းခိုက် စေခဲ့ တဲ့အတွက်၊ မမျှတတဲ့ ကုန်သွယ်ရေးနဲ့ ပြည်သူတွေအ ကျိုးမရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ခဲ့တဲ့အတွက်၊ ငွေကြးဓန အင်အား အသုံး ပြုပြီး မန္တေလးအပါအ၀င်မြန်မာပြည်အတွင်းပိုင်း နေရာဒေသေတွ အထိ အ တင်းတိုးဝင် အြေခချေနထိုင်ရင်း တိုင်းရင်းသားတွေကို မြို့ပြနဲ့ ဝေးကွာရာ ရောက်သွားစေခဲ့တဲ့အတွက်ပြည်သူတွေဟာတရုတ် အစိုးရနဲ့ တရုတ်စီးပွားရေးသမားတွေကို မုန်းတီးနေခဲ့တာ ဖြစ်ပါ တယ်။

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားလိုက်ကာစမှ တရုတ်ပြည်ဘက်က သိပ် အသံမထွက်ခဲ့ပေမယ့် အခု လက်ပန်းတောင်းတောင် ကြေးနီစီမံ ကိန်းပြ ဿနာ ပေါ်ပေါက်လာတဲ့အခါမှာတော့ တရုတ်အစိုးရဆီကေရာ တရုတ် မီဒီယာတွေဆီကပါ အသံတွေ ထွက်လာပါတော့တယ်။ အဓိကကေ တာ့ မြန်မာအစိုးရနဲ့ ဆင်းရဲတဲ့ မြန်မာပြည်သူတွေ ကျောင်းမှန်းကန်မှန်းသိအောင် ဒဏ်ခတ်ဖို့ တိုက်တွန်းတာမျိုးတွေ ဖြစ်ပါ တယ်။ တကယ် တော့ တရုတ်အစိုးရအေနနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ ပေါ်လစီကို ပြန်လည်သုံးသပ်ဖို့ အချက်ပေးခေါင်း လောင်း မြည်နေတယ် ဆို တာ ကောင်းကောင်း သေဘာပေါက်ဖို့ လိုပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်တွေ လက်ထဲကေန အရပ်ဝတ် ၀တ်ထားတဲ့ စစ်ဗိုလ်ချုပ် ဟောင်းတွေကပဲ အာဏာဆက်ပြီး ချုပ်ကိုင်ထားတာ မှန်ပေမယ့် ဒီ စစ်ဗိုလ်ချုပ်ဟောင်းတွေကိုပဲ ယုံကြည် ကိုးစား၊ သူတို့နဲ့ပဲ ဆက်ဆံရုံနဲ့ မြန် မာနိုင်ငံထဲက တရုတ်အကျိုးစီးပွားတွေကို မကာကွယ်နိုင်တော့ဘူးဆိုတာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ပြဿနာက မီး မောင်း ထိုးပြေနြပီ ဖြစ်ပါတယ်။

တရုတ်တွေရဲ့ အဓိက ရင်းနှီးမြှုပ်နှံမှုတွေဖြစ်တဲ့ မြစ်ဆုံစီမံကိန်း ပြီးတဲ့နောက် လက်ပန်းတောင်း တောင် ကြေးနီစီမံကိန်းဘက် လှည့်လာတဲ့ မြန်မာ ပြည်သူတွေဟာ နောက်ပိုင်း တရုတ်နဲ့ ကုန်သွယ်ရေး၊ ကျောက်ဖြူ – ကူမင်း ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း၊ ကျောက်ဖြူရေနက် ဆိပ်ကမ်း၊ မန္တေလးနဲ့ မြန်မာပြည် အလယ်ပိုင်းမှာ အြေခချ ၀င်ရောက်နေထိုင်တဲ့ တရုတ်တွေ အေရးအထိ အာရုံစိုက်သွားနိုင်ပါတယ်။ ဘယ် လိုပဲဖြစ်ဖြစ် ဒေါ်လာ ၁ ဘီလျံကျော် တန်ဖိုးရှိတဲ့ လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းရဲ့ ကံကြမ္မာကို ဦးသိန်းစိန် အစိုးရကေရာစစ်တပ် ကပါ အာမမခံနိုင်တော့တဲ့အတွက် ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည် ခေါင်းဆောင်တဲ့ စုံစမ်းရေး ကော်မရှင်လက်ထဲကို ရောက် သွားခဲ့ပါပြီ။

ဒီ ပြဿနာမှာ အြခားအြခားသော အတိုက်အခံ နိုင်ငံရေးသမားတွေ တက်ကြွလှုပ်ရှားသူတွေနဲ့ မတူတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့တရုတ် နိုင် ငံအေပ်ါမှာ တရုတ်အကျိုးစီးပွားတွေအေပါ် မျှတတဲ့ သမာသမတ်ကျတဲ့ စိတ်ထားကို တကမ္ဘာလုံး အတိုင်းသား မြင်တွေ့ခဲ့ကြရြပီး ဖြစ်ပါ တယ်။ ဒီ ကိစ္စမှာ ဒေါ်စုက အိမ်နီးချင်းတွေနဲ့ အဆင်ေပြေအာင် ဆက်ဆံကြရမယ်၊ ပြဿနာကို ဂုဏ်သိက္ခာရှိစွာနဲ့ အေပးအယူလုပ် ပြီး ဖြေရှင်း ကြရမယ်လို့ အများကြိုက်မလိုက်ဘဲ ရဲရဲတင်းတင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါသည်သာ တရုတ်အစိုးရနဲ့ တရုတ်ကုမ္ပဏီအ တွက် စိတ် အေး စရာ အချက်ဖြစ်လာပါတယ်။

တကယ်တော့ တရုတ်အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆက်ဆံရေးဟာ အခုမှ ပြန်ထူထောင်ရမှာ မျိုးမဟုတ်ပါဘူး။ ၁၉၈၈နောက်ပိုင်းတရုတ် သံအမတ် ချန်ယုရှန်ဟာ ဒေါ်စုနဲ့ ပုံမှန်တွေ့ဆုံဆွေးနွေးလေ့ရှိပြီး ဒေါ်စုကိုယ်တိုင်လည်း အ တိုက်အခံနဲ့ စစ်အစိုးရအြကား တွေ့ဆုံဆွေး နွေး ပွဲတွေ ဖြစ်လာဖို့ တရုတ်ပြည်အစိုးရက ပါဝင်ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံခဲ့ဖူးသလို သံအမတ် ချောင်ယုရှန်ကလည်း စစ်အစိုးရဘက် နား ဖောက်ပေးခဲ့ဖူးပါတယ်။ ဒါပေမယ့် စစ်အာဏာရှင်တွေဘက်က လက်မခံခဲ့တဲ့အ တွက် တရုတ်အစိုးရအေနနဲ့ ဘာမှ မတတ်နိုင်ခဲ့သလိုတွေ့ဆုံ ဆွေးနွေးရေးလည်း မေပ်ါပေါက်ခဲ့ပါဘူး။ ဒါပေမယ့် တိုင်းပြည် စစ်အာဏာ ရှင်လက်အောက် အေမှာင်ထုထဲ ရောက်နေချိန် တရုတ်အစိုး ရဟာ မြန်မာပြည် ဒီမိုကေရစီ ထွန်းကားရေး၊ ပြည်သူတွေ ကြွယ်ဝ ချမ်းသာ ရေး ဆိုတာထက် သယံဇာတ တွေထုတ်ယူဖို့၊ ကုန်သွယ် ရေးကေန ခေါင်းပုံဖြတ်ဖို့၊ စီမံကိန်းကြီးတွေကေန အကျိုးအြမတ်ရဖို့ တခုတည်း ကြည့်ပြီး စစ်အာဏာရှင်တွေဘက်က မားမားမတ်မတ်ရပ်တည်ပေးခဲ့ သူအြဖစ် အသုံးတော်ခံ ကြပခဲ့ပါတယ်။ ဒါတင်မက ဒေါ်အောင်ဆန်း စုကြည်အေပ်ါလည်း အေနာက်နိုင်ငံ အစိုးရေတွနဲ့ မတူ ပြည်သူ့ခေါင်း ဆောင်ဆိုတာကို လက်မခံ အေးစက်စက်ပဲ ဆက်ဆံခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ခုချိန်မှာတော့ တရုတ်အစိုးရအတွက် လမ်းဆုံလမ်းခွကို ရောက်လာပါပြီ။ မြန်မာပြည်သူတွေရဲ့ မုန်းတီးမှုကို ခံယူပြီး လက်ရှိ အစိုးရနဲ့ပဲ တဖက်သတ် ဆက်ဆံမလား၊ ၂ နိုင်ငံ ချစ်ကြည်ရေးကို ရှေးရှုပြီး အစိုးရနဲ့ တင်မက တရုတ်နိုင်ငံအေပါ် သေဘာထား မှန်တဲ့၊ ပြည် သူလူထုကို ဖျောင်းဖျစည်းရုံးနိုင်သူ တဦးတည်းသော ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီး ချစ်ကြည် လေး စားတဲ့ ဆက်ဆံ ရေး ထူထောင်မှာလား ဆိုတာ ရွေးချယ်ရေတာ့မှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

No comments: