Friday, December 14, 2012

ရွေ့လျား မြို့ပြ ဘ၀များ…

မေရီကို

ပူပြင်းပြင်းရာသီဥတုကို အံတုနေရရှာတဲ့ အိမ်ခန်းလေးတခန်း။ အကျယ်အဝန်းအားဖြင့် တဆယ့်နှစ်ပေ၊ ပေငါးဆယ် ပတ်လည်ရှိပြီး အ စိမ်း ရောင် နံရံဆေးများပင် ဟိုတကွက် သည်တကွက်ဖြစ်နေပြီ။ ဒီတိုက်ခန်း ကျဉ်းလေးထဲမှာ မရွှေရတီတို့ ဇနီးမောင်နှံ သုံးနှစ်နီးပါးနေ ထိုင်ခဲ့ပါ တယ်။

အခုတော့ ရန်ကုန်မြို့ ကမာရွတ်မြို့နယ်အတွင်းက သူတို့နေထိုင်ရာ အဲဒီ ငါးလွှာတိုက်ခန်းမှ တခြားအခန်း တခန်းကို ပြောင်းရွှေ့ဖို့ ဇနီး မောင် နှံနှစ်ဦး အလောတကြီး ကြိုးစားရှာဖွေနေရပါပြီ။

ပုဂ္ဂလိက ဝန်ထမ်းတွေဖြစ်တဲ့ သူတို့ ဇနီးမောင်နှံနှစ်ဦးဟာ လွန်ခဲ့တဲ့ ၃ နှစ် ဝန်းကျင်က လစဉ်ဝင်ငွေစုစုပေါင်းမှာ ကျပ်နှစ်သိန်း ကျော် ကျော်။ ထိုစဉ်က ယခုအိမ်ခန်း လစဉ်ငှားရမ်းခက ငါးသောင်းကျပ်။ ပထမ ခြောက်လ ငှားရမ်း အပြီးမှာ အိမ်ခန်းငှားခမှာကျပ် တသောင်း တိတိ တက် သွားပါတယ်။ တနှစ်ပြည့်တဲ့အချိန်မှာတော့ မရွှေရတီတို့ အိမ်ခန်းငှားခကို ကျပ်ခုနစ်သောင်းသို့ တက်မည်ဖြစ်ကြောင်း အိမ် ရှင်ကတစ်လကြို တင် အကြောင်းကြားလာပါတယ်။

အဲဒီတုန်းကတော့ ဇနီးမောင်နှံနှစ်ဦးလစာ သုံးသောင်းကျပ်စီတိုးခဲ့လို့ ပုံမှန်ဝင်ငွေကို သိပ်မထိခိုက်ဟု နှစ်ဦးသား ယူဆခဲ့ပါတယ်။ ဒါပေ မယ့် အိမ်ငှားသက်တမ်း ၂ နှစ်ပြည့်တဲ့ အချိန်မှာတော့ အိမ်ခန်း ငှားခမှာ ကျပ် ရှစ်သောင်းအထိ တက်လာပြီး သုံးနှစ်ပြည့်ခါနီး ကျပ် တ သိန်းအထိ တိုးတက်လာတဲ့ အခါ အိမ်ငှားစရိတ်ကို နှစ်ဦးသား တောင့်မခံနိုင်တော့ဘူးလို့ မရွှေရတီက ပြောပါတယ်။

“အခု တလ တသိန်းကနေ နောက်ထပ် ဆက်တက်တော့မှာ။ ကျမတို့မှာ အိမ်လခက တိုးတိုးလာနေ တယ်၊ ဝင်ငွေတွေက တိုးမလာ ဘူး။ အခု ရှစ်သောင်း တန်လောက်နဲ့ ရတဲ့နေရာ ရှာနေရတယ်။ အခု နှစ်ယောက်ဝင်ငွေက သုံးသိန်း တောင် မပြည့်ဘူး။ အဲဒီ အထဲ က အိမ်လခ တလ တသိန်းပေးလိုက်ရရင် ကျန် ငွေလေးနဲ့ ရန်ကုန်မြို့ကြီးမှာ စားရေး ၀တ်ရေးနဲ့ လူမှုရေး တွေမှာ ဘယ်လိုမှ သုံး မလောက်တဲ့အပြင် မစုဆောင်း မိပါဘူး”လို့လည်း သူက ပြောပြပါသေးတယ်။

သူတို့ နှစ်ဦး လစဉ်ဝင်ငွေနဲ့ ဆိုရင် တလ ရှစ်သောင်းကျပ်တန် အိမ်ခန်းမျိုးပဲ တတ်နိုင်ပါတယ်။ အရင်ကမိဘတွေကိုအနည်းအကျဉ်း ထောက် ပံ့တာလေးတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် တစ်နေ့တခြား ပိုမိုလာနေတဲ့ ကုန်ကျစရိတ်၊ လျော့ကျ သွားတာမရှိတဲ့ ရေခ၊ မီးခနဲ့ စား သောက်စရိတ် တွေကို တွက်ချက်ကြည့်ရင် ရတဲ့လစာနဲ့ မလောက်ငတော့။

တခါတလေမှာ မိဘနှင့် မောင်နှမတွေဆီကပင် ပြန်လည် အကူအညီ တောင်းရတာတွေ၊ ချေးငှားရတာတွေ ရှိလာပါတယ်။ ဆယ်စုနှစ် နှစ်စု အတွင်း ရန်ကုန်မြို့ပြရဲ့ လူနေထိုင်မှုပုံစံတွေဟာ အထပ်မြင့်တိုက်တွေ အပြိုင်းအရိုင်း ပေါ်ပေါက်လာ ပေမယ့် လက်ရှိအချိန် မှာ တော့ မိသားစု တစုအတွက် အလွယ်တကူ အိမ်ခန်းငှားရမ်း ရရှိဖို့ မလွယ်ကူလှပါ။

အဆမတန် မြင့်မားလာတဲ့ အိမ်ခန်းငှားခ စရိတ်တွေကြောင့် ကိုယ်ပိုင်အိမ်ခန်းနဲ့ မြေယာပိုင်ဆိုင်သူ လူတန်းစားထက် အိမ်ယာခြံမဲ့ အိမ် ငှား လူတန်းစား အရေအတွက်က သိသိသာသာ များပြားလာနေပါတယ်။ ပြီးတော့ အခုခေတ် ရန်ကုန် အိမ်ခြံမြေဈေးကွက်မှာဖြစ်နေတဲ့ နေထိုင် မှုစရိတ်က ငှားရမ်း အများစု တတ်နိုင်တဲ့ နှုန်းထား မဟုတ်ကြောင်း အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်း လုပ်ကိုင် သူတွေကလည်း ပြောပါ တယ်။

၁၂ x ၅၀ ပေ ပတ်လည် တိုက်ခန်းတစ်ခန်းရဲ့ တလ ငှားရမ်းခနှုန်းဟာ ရန်ကုန်မြို့တွင်းမှာ အနိမ့်ဆုံး ကျပ် ၇ သောင်းကနေ တစ်သိန်းနဲ့ အ ထက် ရှိနေပြီး အဲဒီထက် နည်းနည်းပိုကျယ်တဲ့ တိုက်ခန်းတွေဆိုရင်တော့ တသိန်း အထက်မှာ ရှိနေတာ တွေ့ရပါတယ်။

ရန်ကုန်မြို့မှာ နေထိုင်ကြသူတွေအနက် အစိုးရဝန်ထမ်း၊ ပုဂ္ဂလိက ဝန်ထမ်း၊ အခြေခံလူတန်းစားတွေသာ အိမ်ခန်းငှားရမ်း နေထိုင်ကြရ တာလို့ ရန်ကုန်အခြေစိုက် အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်း ဈေးကွက်ကျွမ်းကျင်သူတွေက ဆိုပါတယ်။ အခြေခံ လူတန်းစား တွေ တတ်နိုင်တဲ့ အိမ် ငှားရမ်းခ နှုန်းထားတွေက အများဆုံး တစ်လ ရှစ်သောင်းကျပ် ဝန်းကျင် ဖြစ်ပါတယ်။

မြို့ပြ အခြေခံလူတန်းစားတွေရဲ့ တစ်ဦးချင်း လစဉ်ဝင်ငွေက အနည်းဆုံး ကျပ် နှစ်သောင်းငါးထောင် ကနေ နှစ်သိန်း ဝန်းကျင် အထိပဲ ရှိပါ တယ်။ တဦးချင်း လစဉ်ဝင်ငွေ ကျပ် နှစ်သောင်းငါးထောင် ခန့် ကနေ ကျပ် ခုနှစ်သောင်း ကြား ဝင်ငွေရှိတဲ့ မိသားစု တစုမှာ အနည်း ဆုံး လူသုံးဦး ၀င်ငွေရှိမှသာ ကျပ်ခုနစ်သောင်းဝန်းကျင် အိမ်ခန်းတစ်ခု ငှားရမ်းနိုင်မှာဖြစ်တယ်လို့ စေတနာ အိမ်ခြံမြေ အကျိုးဆောင်လုပ် ငန်းမှ ဦးကျော်စွာဝေက ပြောပါတယ်။

ရန်ကုန်မြို့မှာ လူတဦးချင်း ဝင်ငွေနဲ့ နေထိုင်စရိတ် မမျှမတ ဖြစ်နေတာဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်နှုန်း နိမ့်ပါးနေဆဲဆိုတာကိုဖော်ပြနေ တယ် လို့ စီးပွားရေးပညာ ရှင်တဦးက ဆိုပါတယ်။ အခြေခံ လူတန်းစားတဦး လစဉ်ရရှိတဲ့ဝင်ငွေရဲ့ သုံးပုံနှစ်ပုံခန့်ကို နေထိုင်ရေးအတွက် ဖြေ ရှင်းနေ ကြရတာဟာ နိုင်ငံကာနဲ့ နှိုင်းယှဉ်ကြည့်ရင် အဆမတန်များပြားနေပြီး ဝင်ငွေနဲ့ မမျှမတ ဖြစ်နေပါတယ်။

“အိမ်ခန်းငှားခ တရိပ်ရိပ် တက်လာနေတာ၊ အိမ်ရှင်ဘက်က ဘာ တာဝန်မှ ယူမပေးပါဘူး။ ရေဖိုး မီးဖိုး စည်ပင်ခွန် ဧည့်စာရင်း တိုင်တာက အစ အားလုံး အိမ်ငှားတွေကပဲ ကိုယ့်ဟာကိုယ် လုပ်ရတာ။ အိမ်ရှင်က ငွေယူဖို့ပဲ သိတယ်။ ဒီကြားထဲ အိမ်ရှင် ဆိုပြီး ရင့်သီးရိုင်းပျတာတွေ၊ အနိုင်ကျင့်ချင်တာတွေလည်း ရှိတယ်”လို့ အိမ်ငှား နေထိုင်သူတဦးက ပြောပါ တယ်။

အိမ်နီးချင်းထိုင်းနိုင်ငံမှာတော့ အိမ်ခန်းငှားရင် ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ လေအေးပေး စက်၊ အဝတ်ဗီရို အစရှိတဲ့ အိမ်အသုံး အ ဆောင်တွေ အဆင်သင့် ထားရှိပေးတာတွေ့ရပေမယ့် ရန်ကုန်မြို့က အိမ်ငှားဈေးကွက်မှာတော့ ငှားရမ်းသူတွေက နေ ထိုင်ချိန်အတွင်း ပျက်စီးဆုံးရှုံးမှု တန်ဖိုးကို အိမ်ရှင်ကို ကြိုတင်ပေးထားရတာတွေ ရှိနေပါတယ်။

“ကျမတို့ငှားမယ့်တိုက်က အသစ်စက်စက်မဟုတ်ပါဘူး။ ဒါကို အိမ်ရှင်က သံရိုက်တာတွေ ဘာတွေ အတွက် ပျက်စီးစရိတ် ဆိုပြီး တသိန်း တောင်းတယ်။ ကျမတို့က မနေဖြစ်လို့ဆင်းရင်တောင် ပျက်စီးသွားတာတွေအတွက် စရံကြိုတောင်း ထားတာ တဲ့။ ရန်ကုန်မြို့မှာ အိမ်ခန်း တခန်း ငှားရတာ အိမ်လခတွေကသာ ခေါင်ခိုက်နေတာ၊ အိမ်ငှားတွေအတွက်တော့ ဘာမှ မလုပ် ပေးဘူး။ အိမ်ရှင် တွေဘက်က ချည့်ပဲ”လို့ ရန်ကုန် လသာမြို့နယ်အတွင်း တိုက်ခန်း ငှား နေထိုင်သူ ဒေါ်အေးမမ ကလည်း ပြောပါတယ်။

ပြီးတော့ နောက်ပိုင်း ဆောက်လုပ်လာတဲ့ အထပ်မြင့်တိုက်ခန်းတွေမှာ အခန်း ဖွဲ့ပေးမထားလို့ ငှားတဲ့သူက ကိုယ့်ဘာသာ အခန်းဖွဲ့ ပြင် ဆင် နေထိုင်ကြရလို့ နေထိုင်စရိတ် ပိုမိုမြင့်တက်သွားစေတာလည်း ရှိပါတယ်။

အထပ်မြင့် ကန်ထရိုက်တိုက်တွေမှာ မြေညီထပ်နဲ့ ပထမထပ်ကြားမှာ ထပ်ခိုးဆိုတဲ့ ကြားလွှာတခုကို ထည့်သွင်း ဆောက်လုပ်ထားပြီး အဲဒီ အ လွှာတွေက ပုံမှန်အခန်းထက် ပိုနိမ့်၊ ပိုကျဉ်းကြပ်ပြီး ဝရံတာလည်း မပါတာတွေ့ရ ပါတယ်။ ဒီလို အခန်းကျဉ်းကို တလကျပ် တ သိန်း အထိ ပေးရတယ်လို့ ဆိုပါတယ်။

အဲဒီလို အိမ်လခ မကြာခဏ တိုးယူ နေတာကြောင့် အိမ်ငှားနေထိုင်သူ အများစုလည်း ဆက်မငှားနိုင်ကြတော့ဘဲ အိမ်ပြောင်း အခန်း ပြောင်း တွေ ဖြစ်လာရတာလို့လည်း ဆိုကြပါတယ်။

“မကြာခဏအိမ်ပြောင်းရတဲ့ ဒုက္ခက တကယ်မသေးဘူး။ တိုက်ခန်းပြောင်းရွှေ့ရတာဆို ပိုဆိုးတယ်။ ပစ္စည်းသယ်ဖို့ ကားငှားရ အလုပ်သမားခ ပေးရနဲ့။ အိမ်ခန်းငှား စရိတ်က မဖြစ်စလောက် ဆယ်ပေပတ်လည် အခန်းတခန်းတောင် အစိုးရ ဝန်ထမ်း တလ စာထက် များနေတယ်”လို့ ပုဂ္ဂလိက ကုမ္ပဏီတခုမှ အမျိုးသား ဝန်ထမ်းတဦး က ပြောပါတယ်။

အဲဒီအပြင် အိမ်ငှားတွေ မဖြစ်မနေ ရင်ဆိုင်နေကြရတာက အိမ်ပွဲစားပဲ ဖြစ်ပါတယ်။ အိမ်ငှားသူတွေဟာ အိမ် ခြံ မြေ အကျိုးဆောင် ကုမ္ပ ဏီ တွေက တဆင့် ရှာဖွေခြင်းထက် ပွဲစားနဲ့ ရှာဖွေရတာကို ပိုမိုပြုလုပ်ကြတယ်လို့ သိရပါတယ်။


လမ်းဘေးပလက်ဖောင်းမှာ ကွမ်းယာရောင်းသူတွေ၊ ဈေးသည်တွေဟာလည်း အလိုအလျောက် အိမ်ခန်းပွဲစားတွေ ဖြစ်လာကြ ပါတယ်။ ဒါဟာ ရန်ကုန်မြို့မှာ အိမ်ငှားတွေ များပြားလာတာကို ထင်ဟပ်စေတယ်လို့ ဇေ အိမ်ခြံမြေ အကျိုးဆောင်မှ ဈေးကွက် တာဝန်ရှိသူ တဦး က ဆိုပါ တယ်။

အိမ်ငှားပွဲစားတွေနဲ့ ပတ်သက်ပြီး ဥပေဒပြဌာန်းချက် တစုံတရာ မရှိပေမယ့် ပွဲစားတွေကတော့ အိမ်ငှားတွေဆီက တလစာ ပွဲခ တောင်းခံ တာ တွေတော့ ရှိနေပါတယ်။

“အရင်က ခြောက်လစာ ချုပ်ရင် လစာရဲ့ တဝက်နှုန်းပဲ ပွဲစားကိုပေးရတာ။ အခုကျတော့ သူတို့ဘာ သာ သတ်မှတ်ပြီး ခြောက်လဆို လည်း ပွဲခ တလစာလို့ သတ်မှတ်ကြတော့ အိမ်ငှားရတဲ့သူတွေမှာ မချောင်ပါဘူး။ အိမ်ရှင်တွေကလည်း အခုနောက်ပိုင်းပွဲစားတွေကိုပွဲခပေးတာမဟုတ် ဘဲနဲ့ ကိုယ့်အိမ် ငှားချင်ရင် အိမ်ရှင်၊ အိမ်ငှားတိုက်ရိုက် ဆက်သွယ်လို့ရတဲ့ နည်းတွေနဲ့ လုပ်သင့်တယ်”လို့ ရန်ကုန်လမ်းမ တော်မြို့နယ်မှာ နေ တဲ့ အိမ်ရှင်မတဦးဖြစ်သူ မသဉ္ဇာရည်ကလည်း ပြောပါတယ်။

စိုးသိန်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဈေးကွက်ကျွမ်းကျင်သူ တဦးကလည်း“ဒီသုံးနှစ်လောက် အတွင်းမှာ နေထိုင်ရေးပြဿနာကပိုကြီး လာတယ်။ လူတွေက သူတို့တတ်နိုင်တဲ့ ပမာဏနဲ့ တကယ်တမ်း ဈေးကွက် ဖြစ်နေတဲ့ပမာဏနဲ့က ကွာဟချက်ကြီး ရှိနေတယ်။ ဒါပေမယ့်မ တတ်သာတော့ ငှားကြရတာပါပဲ။ ငှားလိုသူတွေ များနေပေ မယ့် ဈေးနှုန်းတွေကို မနိုင်ကြ ဘူး။ အိမ်ရှင်တွေကလည်း ငှားလိုသူတွေများ နေ တော့ ဈေးနှုန်းမလျှော့ဘူးပေါ့။ ဒါပေမယ့် အိမ်ရှင် တွေဆီက ဘာ facility(အသုံးအ ဆောင် ပစ္စည်း) မှ မရဘူး”လို့ ပြော ဆို ပါတယ်။

အခြေခံ လူတန်းစားနဲ့ သာမန် ၀န်ထမ်းတွေ အတွက် တနှစ် အိမ်ခန်းငှားခ ကျပ် ရှစ်သိန်း နဲ့ ဆယ့်ငါးသိန်း အကြားရှိနေတဲ့ နေ ထိုင်ရေး ပြ ဿနာနဲ့ ပတ်သက်ပြီး အစိုးရက တစုံတရာ စီစဉ်ဆောင်ရွက်ပေးတာမျိုးလည်း အခုအချိန်ထိ မရှိသေးပါဘူး။

အစိုးရ မကြာခဏပြောဆိုနေတဲ့ တန်ဖိုးနည်း အိမ်ရာ စီမံကိန်းဟာလည်း လက်တွေ့နဲ့ ကင်းကွာနေဆဲပါ။ ငွေကြေး ပြည့်စုံသူတွေ သာ တတ် နိုင်တဲ့ ဈေးနှုန်းမြင့် ကွန်ဒိုတွေ၊ အဆင့်မြင့်တိုက်ခန်း တွေသာ တနှစ်ထက် တနှစ် ပိုမိုတိုးတက်လာနေတာ တွေ့ရပါတယ်။

ဆယ်စု တစုအတွင်း သိသိသာသာ ဖြစ်ပေါ်လာတဲ့ မြို့ပြရဲ့ နေထိုင်မှုဆိုင်ရာ ပြဿနာတွေဟာ အခြေခံ လူတန်းစား အများစုရဲ့ လစဉ်ဝင် ငွေ နည်းပါးမှုနဲ့ ဆက်စပ်နေပြီး ထပ်ဆင့်လာနိုင်တဲ့ တခြားလူမှုပြဿနာတွေလည်း ရှိလာနိုင်ပါသေးတယ်။ ပြီးတော့ စပေါ်ပေး ငှားရမ်း မယ်ဆိုရင် လည်း အနည်းဆုံး ကျပ်၂၅ သိန်းကနေ သိန်း ၈၀ အထိ ရှိနေတာကြောင့် အခြေခံလူတန်းစားအဖို့ တွေးပင် မတွေးရဲကြ။ ဒီလို အိမ်လခနဲ့ အမြဲ ၀န်ပိနေတဲ့ အခြေခံ လူတန်းစားတွေ အတွက်တော့ အိမ်ပိုင်တလုံးရရှိရေးမှာ ဝေးနေဦးမှာ ဖြစ်ပါတယ်။

ဒါကြောင့် မရွှေရတီတို့ ဇနီးမောင်နှံနှစ်ဦးလည်း လက်ရှိအိမ်ခန်းဈေးထက် သက်သာတဲ့ နောက်ထပ် အိမ်ခန်း တခန်းကို ပွဲစား အားမကိုး ဘဲ နှစ်ယောက်သား အပူတပြင်းလိုက်ရှာနေကြရပါတယ်။ ။

No comments: