Thursday, December 13, 2012

မြန်မာအစိုးရ တပ်မ ၅၅ အင်အား ၃၀၀ ကျော် တနိုင်းမှာ ရောက်

KNG

ကချင်ပြည်နယ် အနောက်ဘက် ဟူးကောင်းချိုင့်ဝှမ်းဒေသ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်မ ဟာ (၂) နယ်မြေ တနိုင်းမြို့တွင် မြန်မာ အစိုးရ တပ်မ ၅၅ မှ စစ်အင်အား ၃၀၀ ကျော် ရောက်ရှိနေကြောင်း ဒေသခံများဆိုသည်။

ယင်းစစ်ကြောင်းသည် အစိုးရတပ်စခန်းရှိသည့် အိန္ဒိယနယ်စပ်အနီး နန်ယွန် (Nan Yun)၊ ပန်ဆောင် (Pangsau)နှင့် ကချင်လွတ်မြောက် ရေး အဖွဲ့ KIO အိန္ဒိယနယ်စပ်ဆက်ဆံရေးရုံး (ROKA-I) ရှိရာသို့ စစ်အင်အားဖြည့်တင်းရန် ရည်ရွယ်ချီတက်လာခြင်းဖြစ်သည်ဟုဒေသခံ များဆက် ဆိုသည်။

ဒီဇင်ဘာ ၁၁ ရက်၊ ယနေ့ အင်္ဂါနေ့ထိ တနိုင်းမှ ထွက်ခွာခြင်းမရှိသေးကြောင်း သိရသည်။

လီဒိုလမ်းမတလျှောက် တပ်မ ၈၈ နှင့် နယ်မြေခံတပ်ရင်းများ၏ ကာကွယ်စောင့်ရှောက်ပေးမှုအောက် အရပ်ဝတ်ဖြင့် တပ်မ ၅၅ စစ်သား များ သည် အစိုးရထိန်းချုပ်သည့် တနိုင်းမြို့သို့ ဒီဇင်ဘာ ၅ရက်မှ စတင် ၀င်ရောက်လာသည်ဟု ဒေသခံများ KNG ကချင်သတင်းဌာန သို့ပြောပါ သည်။

အရပ်ဝတ် စစ်သားများသည် အရပ်သားများစီးသောကားများဖြင့် တရက်မှာ နည်းနည်းစီမိုးကောင်းမှတနိုင်းသို့ဝင်ရောက်လာခြင်းဖြစ် ကြောင်း မျက်မြင်သက်သေများ ဆိုသည်။

ယခုလို အစိုးရ စစ်အင်အားသစ်များ KIA တပ်မဟာ ၂ နယ်မြေသို့ တိုးချလာခြင်းကြောင့် မကြာမီ တိုက်ပွဲများ ဖြစ်လာမည်ကို ဒေသခံများ စိုး ရိမ်နေကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် အစိုးရနှင့် KIO ကြား တနှစ်ခွဲကြာ တိုက်ပွဲများဖြစ်ပွားနေသော်လည်း အခြားဒေသများနှင့် နှိုင်းယှဉ်လျှင် ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် တိုက်ပွဲ နည်းပါးပါသည်။

No comments: