Thursday, December 13, 2012

စစ်တွေတွင် ကြေးနီစီမံကိန်း ကိစ္စ ရဟန်းတော်များ ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်မည်

နိရဉ္စရာ

လက်ပံတောင်းတောင် ကြေးနီ စီ မံကိန်း အကြမ်းဖက်ခံရသည့် ရဟန်း တော်များ အရေးနှင့် ပတ်သက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်ရန် စစ်တွေ တွင် ရဟန်းတော်များ စုရုံး နေကြပြီဟု သတင်း ရရှိသည်။

စစ်တွေမြို့ အတုလမာရဇိန်ပြည်လုံးချမ်းသာဘုရားကြီးရင်ပြင်တွင်ရဟန်း တော်များ ယနေ့နေ့လည်မှ စတင်ပြီး စုရုံးနေကြသည်ဟု စစ် တွေမျက် မြင်များက ပြောသည်။

အဆိုပါ သတင်း လက်ခံ ရရှိပြီးနောက် နိရဉ္စရာမှ ဦးဆောင် ဆရာတော် တစ်ပါးဖြစ်သည့် ဆရာတော် ဦးဥာဏကို လျှောက်ထား မေးမြန်း ရာဆ ရာ တော်က ယခုလို မိန့်ကြားသည်။

“ ဆန္ဒပြမှာတော့ မဟုတ်ပါဘူး။ ငြိမ်းချမ်းစွာနဲ့ ထိုင်ပြီး ဦးဇင်းတို့ရဲ့ သ ဘောထားကို ဆန္ဒ ဖေါ် ထုတ်သွားမှာ ဖြစ်ပါတယ်။ အခု မစရ သေးဘူး။ ရ ဟန်းတော်တွေက လာနေကြပြီ။ အခု ရဟန်း အပါး ၅၀ လောက်တော့ ရောက်နေပြီ” ဟု ဆိုသည်။

အစီအစဉ်ကို နေ့လည် ၂ နာရီခန့်မှ စတင်မည်ဟု ဆိုသည်။

ယခုအချိန်ထိ အာဏာပိုင်များဘက်မှ တစ်စုံတစ်ရာ ဟန့်တားမည့် အရိပ်အရောင်များ မမြင်ရသေးဟု မျက်မြင်များက ဆိုသည်။

No comments: