Tuesday, December 4, 2012

မင်းပြား ဆေးရုံရောက် ၀ိုင်းဓါးခုတ်ခံရသူ ရခိုင်အမျိုးသား အခြေအနေ စိုးရိမ်ရ

နိရဉ္စရာ

ဘင်္ဂလီ ရွာသား တချို့၏ ၀ိုင်းဝန်း ဓါးခုတ်ခံရသူ ရခိုင်ပြည်နယ် မင်းပြားမြို့နယ် သေကန်ကျေးရွာမှ ဦးမောင်သိန်းနု၏ အခြေအနေမှာ စိုး ရိမ် နေရသော အခြေအနေတွင် ရှိနေကြောင်း ဆေးရုံကို ကိုယ်တိုင် သွားကြည့်ခဲ့သူ ကိုရာကျော်က ပြောသည်။

“ သူ့ရဲ့ ညာဘက် ဆီးအိမ်နဲ့ ညာဘက် လက်ဖျံမှာ ဒဏ်ရာ ပြင်းထန်စွာ ဒဏ်ရာရပါတယ်။ အခု ဆေးရုံးကိုရောက်နေပေမယ့် စိုးရိမ်ရတဲ့ အ နေအထားမှာ ရှိပါတယ်။ ဆရာဝန်ကတော့ အစွန်းကုန် ကြိုးစား ကုသနေပါတယ်”ဟု သူက ပြောသည်။

ဘင်္ဂလီ ရွာသားများ၏ ၀ိုင်းဝန်း ဓါးခုတ်ခံရသူမှာ မင်းပြားမြို့နယ် သေကန်ကျေးရွာမှ ဦးကျော်စိန်အောင်၏ သား ဦးမောင်သိန်းနု (၅၀ နှစ်) ဖြစ်ပြီး စမ်းဘလေအုပ်စု နရမ်းကျေးရွာမှ မိမိရွာ သေကန်သို့ ပြန်လာစဉ် စမ်းဘလေ မွတ်ဆလင်ရွာမှ ရွာသား ၂၀ ခန့်မှ ချောင်းငယ် တစ် ခုကို ဖြတ်ကူးနေချိန်တွင် ၀ိုင်းဝန်း စောင့်ဆိုင်းပြီး ဓါးနှင့် ခုတ်ကြသည်ဟု ဆိုသည်။

“ မနေ့က ဖြစ်တာပါ။ ဦးမောင်သိန်းနုကို အသေခုတ်ကြတာပါ။ ဒါပေမယ့် သူက အော်ဟစ် အကူအ ညီတောင်းတဲ့ အတွက် အနီးအနား က ရခိုင်ရွာသားတွေ လိုက်လာတဲ့ အတွက် ဘင်္ဂလီတွေက ထွက်ပြေးသွားကြတယ်။ ဒဏ်ရာက အ ရမ်းပြင်းထန်တဲ့ အတွက် ချက်ချင်း မင်းပြား ဆေးရုံကို ယူဆောင်လာရတယ်” ဟု ဆိုသည်။

အဆိုပါ ဓါးခုတ်မူအား ဦးဆောင်သူဟု စွပ်စွဲခံရသူ စမ်းဘလေ မွတ်ဆလင်ရွာမှ ဦးကျော်ဇံလှ ဆိုသူ ဖြစ်ပြီး ယခုအခါ ဦးကျော်ဇံလှမှာ ထွက် ပြေး လွှတ်မြောက်သွားကြောင်း သိရသည်။

“ ဦးကျော်ဇံလှက ထွက်ပြေး လွှတ်မြောက်သွားပါတယ်။ ကျန်တဲ့လူ ၆ ဦးကိုတော့ ရဲက ဖမ်းဆီးပြီး စစ်ဆေး မေးမြန်းနေပါတယ်။ ဘယ်သူ တွေ လုပ်တယ်ဆိုတာကို စစ်ဆေးနေတယ်လို့ ကြားရပါတယ်” ဟု ကိုရာကျော်က ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မင်းပြားရဲစခန်းမှူးအား တိုက်ရိုက် ဆက်သွယ်မေးမြန်းရာ ဖုံးလိုင်း မကောင်းဘူးဟု ဆိုကာ ဖုံးချသွားခဲ့ သည်။

ယခုကဲ့သို့ ရခိုင်အမျိုးသား တစ်ဦး တိုက်ခိုက်ခံရမူ အပေါ် မကျေနပ်သော မင်းပြားမြို့မှ ဒေသခံများ ပြန်လည် လက်စားချေရန် စုရုံးနေ ကြ ရာ မြို့လူကြီးများနှင့် ဒေသအာဏာပိုင်များက ဖျောင်းဖျပြောဆို ဟန့်တားနေရသည်ဟု ဆိုသည်။

No comments: