Tuesday, December 4, 2012

ပျူစာတမ်းဖတ်ပွဲနှင့်ပတ်သက်ပြီး မွန်တွေ ဆန္ဒပြဖို့ စီစဉ်နေ

ကောင်းဝါ

စာရေးဆရာ ချစ်စံဝင်း ရေးသားထုတ်ဝေသည့် “မြန်မာ့ဘူမိဖြစ်စဉ်နှင့် ပျူတို့၏ ရှေးဦးမြို့ပြနိုင်ငံ အခင်းအကျင်း” စာတမ်းဖတ်ပွဲအား မ ရုပ် သိမ်းပါက မြန်မာတနိုင်ငံလုံးရှိ မွန်ပြည်သူလူထုများ လမ်းပေါ်ထွက်ဆန္ဒပြပွဲကြီး ဆင်နွှဲသွားမည်ဟု မွန်နိုင်ငံရေးခေါင်းဆောင် သုံးပါ တီစ လုံးမှ ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ(၂၉)ရက်နေ့၊ မော်လမြိုင်မြို့တွင်ကျင်းပသည့် လူထုရှင်းလင်းပွဲနှင့် သတင်းစာရှင်းလင်းပွဲတွင် မွန်ပြည်သစ် ပါတီ ဗဟိုအ လုပ် မှုဆောင် နိုင်တလညီ၊ မွန်ဒီမိုကရေစီပါတီ ဒု-ဥက္ကဌ နိုင်တင်အောင်နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်းတို့က ထိုသို့ ပြောကြားခဲ့သည်။

“အကယ်၍ စာတမ်းဖတ်ပွဲပြုလုပ်မယ်၊ မြန်မာ့ဘူမိဖြစ်စဉ် နှင့် ပျူတို့၏ရှေးဦးမြို့ပြနိုင်ငံအခင်းအ ကျင်းစာအုပ်ထုပ်ဝေတာ မရုပ်သိမ်းဘူးဆို ရင် တပြည်လုံးမှာရှိတဲ့ မွန်လူထုအားလုံး လမ်းပေါ်ထွက်ဆန္ဒပြဘို့ အသင့်ပြင်ထားကြပါလို့ မွန်ခေါင်းဆောင်တွေက ဆော်သြ ထား တာပါ။” ဟု သတင်းစာ ရှင်းလင်းပွဲ တက်ရောက်သူ မွန်လူငယ်တဦးက ကောင်းဝါ သတင်းသို့ ပြောသည်။

ရန်ကုန်မြို့တွင် ပြုလုပ်မည့် မြန်မာ့သမိုင်းအဖွဲ့ဝင် ချစ်စံဝင်း ဦးစီးသည့် ပျူစာတမ်းဖတ်ပွဲအား မွန်အမျိုးသားများက မကျေမနပ်ကန့်ကွက်ခဲ့သည့်အပေါ် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်း မော်လမြိုင်သို့ လွန်ခဲ့သည့် (၂၅)ရက်နေ့တွင်လာရောက်စဉ် ၄င်းစာ တမ်းဖတ်ပွဲအား မပြုလုပ်ရန် ညွန်ကြားခဲ့ပါသည်။

“မြန်မာ့ဘူမိဖြစ်စဉ် စာအုပ်ကိုလည်း မွန်တွေနဲ့ အရှုပ်အထွေးဖြစ်မယ်လို့ မွန်အမာတ်တွေနဲ့ မွန် ဝန်ကြီးတွေ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းထံ တင်ပြတော့ အဲဒီစာအုပ်မဖြန့်ဝေဘို့ကိုလည်း မွန်ပြည်နယ်အစိုးရကို ဂတိပေး ထားပါတယ်။ ပြီးတော့ ပျူစာတမ်းဖတ်ပွဲနဲ့ပတ်သက်ပြီး ပြည်ထောင်စုအစိုးရနဲ့ ဘာမှမဆိုင်ကြောင်းကိုလည်း လွှတ်တော်ဥက္ကဌက အ တိအလင်းပြောကြားသွားပါတယ်။ ပြည်သူ့ လွှတ် တော်ဥက္ကဌက အဲဒီလို (ဒီပျူစာတမ်းဖတ်ပွဲနဲ့ အစိုးရနဲ့ဘာမှမဆိုင်ဘူးလို့) ပြောကြား လိုက်တာဟာ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးအ တွက် တကယ်ကောင်း တဲ့လက္ခဏာတစ်ရပ်ပါလို့ မွန်ခေါင်းဆောင်တွေမြင်တယ်” ဟု မွန်ဒီမိုကရေစီပါတီ ဒု-ဥက္ကဌ နိုင်တင်အောင်က ပြော ပါသည်။

ချစ်စံဝင်းရေးသည့် စာအုပ်တွင် ပျူတို့၏ဒေသအား ဖော်ပြထားရာတွင် မွန်တို့၏ မြို့တော်ဟောင်း သုဝဏ္ဏဘူမိ သထုံမြို့အပါအဝင် တ နသာင်္ ရီတိုင်းအထိ ပါဝင်သည့်အတွက် မွန်ရဟန်းသံဃာများ၊ မွန်လူထုအများစုက မကျေမနပ်ဖြစ်နေကြသည်။

နိုဝင်ဘာလ(၂၉)ရက်နေ့တွင် မွန်အမျိုးသားခေါင်းဆောင်များက လူထုရှင်းလင်းပွဲနှင့် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး “တိုင်းရင်းသားတို့၏အ ခွင့်အရေး စည်းလုံးညီညွတ်ရေးကို လေးစားလိုက်နာပါ၊ သုဝဏ္ဏဘူမိကို ပျူ-သုဝဏ္ဏ ဘူမိအဖြစ်သို့ မပြောင်းလိုက်ပါနှင့်၊ ချစ်စံဝင်းပြုစုထား သည့် မြန်မာ့ဘူမိဖြစ်စဉ် စာတမ်းမှားယွင်းမှုအတွက် ရှင်းလင်းရန်၊ သမိုင်းကို အ ရောင်ဆိုးသူများ အလိုမရှိ၊ တိုင်းရင်းသားတို့၏ သမိုင်းကိုမ ထိခိုက်ပါစေနှင့်” စသည့် ကြွေးကြော်သံများ အပြင် ပိုစတာများကို လည်း အခန်းအနားကျင်းပသည့်ဓမ္မာရုံအဝင်ဝတွင် ကပ်ထားခဲ့ကြသည်။

No comments: