Thursday, December 13, 2012

နယ်စပ် ဘုရားသုံးဆူဂိတ် ပြန်ဖွင့်ရေး ထိုင်းစစ်တိုင်းမှူး လာရောက် လေ့လာ

ဟင်္သာနီ (မွန်မြေ)

၂ဝဝ၇ ခုနှစ်၊ မတ်လကတည်းက ပိတ်ထားရသော ထိုင်း-မြန်မာ နယ်စပ်ရှိ ဘုရားသုံးဆူဂိတ် တရားဝင် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ထိုင်း နိုင်ငံ အလယ်ပိုင်းတိုင်းခေါ် အမှတ် (၁) စစ်တိုင်းမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ဖိုင်းဗုန် ခွန်ချိုင်ယာ နှင့် လက်အောက်ခံ တပ်မ (၉) တပ်မှ တပ်မမှူး ဗိုလ်ချုပ် ဖိုင်းလစ် ထောင်းမာအင် တို့သည် ဗုဒ္ဓဟူး နေ့လည် ၁၂ နာရီခွဲက ဘုရားသုံးဆူ မြို့သို့ လာရောက် လေ့လာခဲ့ကြသည်။

အဆိုပါ ထိုင်းစစ်ဘက် အရာရှိ ကြီးများသည် နယ်စပ်ဂိတ်သို့ မသွားရောက်မီ ဘန်ဂလို တောင်၌ ဒေသခံ ထိုင်းစစ် ဘက် အရာထမ်းများ နှင့် အုပ်ချုပ်ရေး အမှုထမ်းများအား တွေ့ဆုံကာ နှစ်နိုင်ငံ တရားဝင် သဘောတူညီမှု မရသေး သည့် နယ်စပ်မျဉ်း ကိစ္စနှင့် နယ်စပ်ဂိတ် တ ရားဝင် ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် အခက်အခဲများကို စစ်ဘက် အစီရင်ခံစာ ဖတ်ကြားကာ ရှင်းလင်း တင်ပြခဲ့သည်။

“ကျနော်တို့ ထိုင်းမြေပုံ ဆွဲထားချက်အရ ဘုရားသုံးဆူဟာ လက်ညှိုး သဏ္ဍာန် လုံးဝန်း ရှည်လျားပြီး တည်ရှိနေပါတယ်။ မြန်မာဘက်က အ တည်ပြု ပြောဆိုနေတဲ့ မြေပုံကတော့ တြိဂံပုံ ရှိပါတယ်။ ဒီပြဿနာကြောင့် အခုထိ နယ်စပ်မျဉ်းကို တရားဝင် သတ်မှတ်လို့ မရသေးပါဘူး” ဟု ထိုင်းစစ်ဘက်ဆိုင်ရာ အစီရင်ခံစာက ဆိုသည်။

နယ်စပ်ဂိတ် တရားဝင် ဖွင့်လှစ်နိုင်ရန်အတွက် အဓိက ကြုံတွေ့နေရသည့် ပြဿနာကို ဘန်ဂလိုတောင် ရှင်းလင်းပွဲ၌ မဇ္ဈိမ က မေးမြန်းရာ “ဒါ က အင်မတန် ပြောရခက်တဲ့ အနေအထားပါ။ တဖက်မှာ မြန်မာအတွက် အကျိုးစီးပွား ရှိသလို၊ တဖက်မှာ ဒီဒေသ အခြေစိုက်တဲ့တိုင်းရင်း သား တပ်တွေ အများကြီး ရှိပါတယ်။ ဒီနယ်မြေဟာ အစိုးရ ထိန်းချုပ်မှု အာဏာသက်ရောက်မှု အားနည်းတယ်ဆိုတော့ အကျိုးအမြတ်တွေ ဟာ တိုင်းရင်းသား တွေဆီသာရောက်ရှိနေကြတဲ့ အနေအထားပါ။ ဒါကိုအစိုးရကထိန်းချုပ် ချင်ပုံလည်းရတယ်” ဟု တပ်မမှူးဗိုလ်ချုပ်ဖိုင်းလစ် ထောင်မာအင် က ပြန်လည် ဖြေကြားခဲ့သည်။

ထို့နောက် ထိုင်းတိုင်းမှူးသည် နယ်စပ်ဂိတ် တရားဝင် ဖွင့်လှစ်နိုင်ရေးနှင့် စပ်လျဉ်း၍ မြန်မာ အရာရှိများနှင့် ဂိတ်တွင် ၁ဝ မိနစ်ခန့် တွေ့ဆုံ မေး မြန်းခဲ့သည်။

“ကျနော်တို့အနေနဲ့ ဒါကို တရားဝင် ဖွင့်နိုင်ဖို့က အာဏာ မရှိပါဘူး။ နေပြည်တော် ဒါမှ မဟုတ် တိုင်း အမိန့်နဲ့မှ ရမှာပါ” မြန်မာ စစ်ဘက် အရာရှိများက ထိုင်းစစ်တိုင်းမှူး အမေးကို ပြန်လည် ဖြေကြားခဲ့သည်။

မြန်မာဘက်မှ ဘုရားသုံးဆူ မြို့ရှိ ဗိုလ်ကြီး အောင်ဗိုသက် (IO)၊ တပ်ကြပ်ကြီး ဝင်းဇော်မင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်း နှင့် မြို့မိမြို့ဖ စီးပွားရေး လုပ်ငန်းရှင် ဦးအေးမြင့် တို့က နယ်စပ်ဂိတ်၌ ၁ဝ မိနစ်ခန့် ရပ်၍ ထိုင်းတိုင်းမှူးနှင့် အလွတ်သဘော ဆွေးနွေးစဉ်၌ ပါဝင် ခဲ့ကြ သည်။

“ကျနော်တို့အနေနဲ့ကရော၊ ဒေသခံ ပြည်သူလူထုအနေနဲ့ကလည်း ဒါကို တရားဝင် ပြန်လည် ဖွင့် လှစ် စေချင်ပါတယ်” ဟု မြို့နယ်မှူး ဦးသိန်း ထွန်း က ပြောသည်။

ထိုင်း စစ်တိုင်းမှူးသည် လာမည့်နှစ်၌ မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်ကာ ထိုဂိတ် တရားဝင် ဖွင့်လှစ်နိုင်ရေး အတွက် ဆွေးနွေးမည် ဟု ဆိုသည်။

၁၉၉၁ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့သော ဘုရားသုံးဆူ နယ်စပ်ဂိတ်ကို ၂ဝဝ၇ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့က မြန်မာဘက်ရှိ DKBA တပ်မှ ထိုင်းနယ် ခြားစောင့် တပ်သား (တော်မော) နှစ်ဦးကို ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းတွင် ထိုင်းဘက်မှ ပိတ်ပင် ရန် အမိန့်ပေးခဲ့သည်။ ထို တပ် သား နှစ်ဦးကို DKBA ဘက်မှ တလကြာ ထိန်းသိမ်းခဲ့ပြီးနောက် မြန်မာ အစိုးရ ဖိအားပေးမှုဖြင့် မဲဆောက်၌ ပြန်လွှတ်ပေးခဲ့သည်။

ထို့နောက်ပိုင်း၌ ထိုင်းဘက်မှ တရားဝင် ပြန်လည် ဖွင့်လှစ်နိုင်ရန် လိုလားခဲ့သော်လည်း ယနေ့အထိ တရားဝင် ဖွင့်လှစ်နိုင်သေးခြင်း မရှိဘဲ နား လည်မှုဖြင့်သာ ကုန်စည်များ စီးဆင်း သွားလာလျက် ရှိကြသည်။

ဘုရား သုံးဆူမြို့ ထိုင်းဘက်ခြမ်းရှိ စက်ရုံ အလုပ်ရုံပေါင်း ၄ဝ ခန့်သို့ မြန်မာဘက်ခြမ်းမှ အလုပ်သမားများ တနေ့လျှင် ပျှမ်းမျှ ၄,ဝဝဝ ဦးခန့် နေ့ချင်းပြန် သွားရောက် အလုပ် လုပ်ကိုင်နေကြသည်။ အချို့နေ့များတွင် အချိန်ပိုဆင်းကာ အလုပ်လုပ်ကြရပြီး နယ်စပ် ဖြတ်ကျော်ကာ မြန်မာပိုင် ဘုရားသုံးဆူ မြို့ဘက်သို့ ပြန်ကြရသည်ဟု သိရှိရသည်။

No comments: