Thursday, December 13, 2012

တပ်သိမ်းမြေတွေအတွက် ပေးမည့်လျော်ကြေး ဒေသခံလူထု လက်မခံ

ကူးဒူ၊ ကယားထဲ

ကယား(ကရင်နီ)ပြည်နယ် ဖရူးဆိုမြို့နယ်မှ အမှတ် (၁၄)စစ်တပ်လေ့ကျင့်ရေးကျောင်းမှ သိမ်းဆည်းထားသည့် မြေယာတွေက ဒေသခံ လူ ထုတွေအနေနဲ့ လျော်ကြေးပေးရန် တောင်းဆိုနေခြင်းမဟုတ်ပဲစစ်တပ်ပြန်လည်ရုတ်သိမ်းပေးရန် တောင်းဆိုခြင်းဖြစ်တယ်လို့ ဒေသ ခံတွေ က ပြောဆိုနေကြပါတယ်။

“ကျမတို့တင်ပြထားတဲ့ ၆၂ အိမ်ကပိတ်ဆံယူဖို့ တင်ပြထားတာမဟုတ်ဘူးသဘောမတူလို့တင် ထားတာပတ်ဆံကိုတော့ ကျမတို့လုံးဝလက် မခံဘူး ၁၄ကျောင်းဆက်ထားမယ်ဆိုတော့ကျမတိုက ဒေသခံပြည်သူတွေက တအားနှစ်နာ ဆုံးရှုံးသွားတယ် ဆုံးရှုံးတာကအမျိုးမျိုး နစ်နာတာ ကအမျိုးမျိုး အခုချက်ချင်းမရုတ်သိမ်းဘဲနဲ့ ဒီ ၁၄ ကျောင်းကိုတဖြည်းဖြည်းနဲ့ရုတ်သိမ်း စေချင်တယ် လို့တောင်းဆိုချင်တယ်ကျမတို့ဒေသခံ တွေအနေနဲ့” ခိုးလျှေဆိုရှေ့တောင်သူလယ်သမားအဖွဲ့မှ ပလျားမာက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေနှင့်ပြည်ထောင်စုလွှတ် တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးစဉ်မှာ ပြောသွားတာဖြစ် ပါ တယ်။

မာဖရိုရှေ့ကျေးရွာမှ ရွာမိရွာဖဖြစ်တဲ့ ဦးဖဲဘူးက “ကျနော်တို့ဘိုးဘွားကတည်းက လုပ်စားကိုင်စားဖို့ မှာထားခဲ့ပြီးတားပါ ကျနော်တို့ နေထိုင် စားသောက်ဖို့အတွက်ဆိုတော့ ကျနော်တို့လက်ခံပြီးမြေကိုမရောင်းစားနိုင်ဘူး သတ်မှတ်ထား တဲ့ ဧက ၂၇၀၀ ကိုပဲ သတ်မှတ်ထားပြီး သူ့နေရာကနေ ထပ်မတိုးလာပါနဲ့တော့ ဒီလိုထပ်တိုးချဲ့လာတာ ကျနော်တို့ မာခရောရှေ့အနေနဲ့ ပိတ်ဆံကို မယူနိုင်ဘူးရောင်းစားဖို့တစ်သိန်း ငါးသောင်းပေးတာ ဘာလုပ်ဖို့လဲ ကျနော်တို့အလုပ်ဆင်းရင် အနည်းဆုံး ငါးသောင်း တစ် သိန်းရတယ်။ ကျနော်တို့ သားသမီးကျရင် ဘာ သွားရှာစားကြမလဲ ကျနော်တို့အနေနဲ့ ငွေကိုလက်မခံနိုင်ဘူး လက်မှတ်လည်းမထိုး နိုင် ဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့က ကယားပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တွေ ၊ အုပ်ချုပ်ရေးမှူးတွေနှင့် အမှတ် ၁၄ စစ်ရေး လေ့ ကျင့်ရေး ကျောင်းမှ မြေယာဆုံးရှုံးသွားတဲ့ တောင်သူလယ်သမားအတွက် နှစ်နာကြေးကို ဖြေရှင်းဖို့ လာရောက်တွေ့ဆုံဆွေးနွေး ညှိ နှိုင်းခဲ့ ကြပါတယ်။

ဖရူဆိုအုပ်ချုပ်ရေးမှူး စိုင်းအေးက “ ဒေသဖွံ့ဖြိုးရေးဖြစ်ထွန်းစေဖို့ဆိုပြီးတော့ မာခရိုရှေ့နဲ့လော ဂျာ ရွာမှာကျောင်းဆောင်တွေ ဆောက်လုပ် ပေးနိုင်ရေးတင်ပြချက်ပေါ်မှာ ဒီိကိစ္စနဲ့ပတ်သက်ပြီးကျနော်တို့ လာပြီးညှိနှိုင်းဆွေးနွေးတာ ဖြစ် ပါတယ်။ဒေသခံတွေနဲ့တွေ့ပြီးတွေ့ရှိချက် ဆောင်ရွက်ပေးမှုအခြေအနေကိုဆောင်ရွက်ဖို့လာတယ်။ဒီဒေသဖွံ့ဖြိုးဖို့ ကျောင်း ဆောင် ထပ်မံဆောက်ဖို့ ဒေသခံတွေကတောင်း ဆို ထား တာရှိတယ်။” လို့ ပြောပါတယ်။

ဒေသခံလူထုတွေက ၎င်းတပ်လေ့ကျင့်ရေးကျောင်းကို ဒေသဖွံ့ဖြိုးရေးအတွက်တခြားလိုအပ်သည့်ကျောင်းအဆောက် အဦးအဖြစ်ပြောင်း လဲ ရန်သာ ဆွေးနွေးတင်ပြထားခြင်းသာဖြစ်တယ်လို့ သိရပါတယ်။ အမှတ် ၁၄ တပ်လေ့ကျင့်ရေးကျောင်း အတွက် လေ့လာစောင့်ကြည့် တဲ့ အဖွဲ့မှ တွေ့ရှိထားတဲ့ မြေဧက ထပ်မံတိုးချဲ့လာတတဲ့ မြေတွေကို နှစ်နာကြေးပေးဖို့ ၆၈၆ ဧက တောင်သူ ၉၆ ဦးကျန်သေးတယ်လို့ သိရပါတယ်။ တစ်ဧကကို ကျပ်တစ်သိန်းငါးသောင်း (၁၅၀၀၀၀) နှုန်းဖြင့် စုစုပေါင်း သိန်းတစ်ထောင်နှင့် နှစ်ဆယ့်ကိုးသိန်းပေးမည်ဖြစ်ဖြစ် ကြောင်း ၎င်းငွေ များနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လုပ်အတွက်လည်း ပြုလုပ်နိုင်ကြောင်း လာရောက်ဆွေးနွေးသွားကြတာဖြစ်ပါတယ်။

ဖရူဆိုမြို့နယ်မှ ပြည်သူ့လွတ်တော် ဦးဦးရယ်က "ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ပြည်နယ်အ စိုးရ ၊သမ္မတအဆင့်ထိစာတွေ အကြိမ် ကြိမ် တင်ပြထားပြီးဖြစ်ပါတယ်။ တင်ပြထားတာတွေကလည်း ဘာမှပြန်အကြောင်းကြားသိရှိရတာ တွေမရှိဘူးနောက်ပိုင်းတော့ မာခရိုရှေ့အပိုင်း ဘက်ရောက်လာတယ်နောက်ပြီးမြေယာတွေအတွက် မရသေးတဲ့သူအတွက်တော့ ဘယ် လောက်ရှိသလဲဆိုတာပေါ်လာတယ်အဲဒီအတွက် လျှော်ကြေးငွေကိုယူရင်လည်းရတယ် မယူလည်းရတယ် ဒါကရွာသားတွေရဲ့ဆန္ဒကျ နော်တို့က ကြားနေပဲရမရတော့ ကျနော်လည်းမပြော နိုင်ဘူးမယူလည်းရှုံးတယ်ယူလည်းရှုံးတယ် ဒါကိုတော့ ကိုယ့်ဘာသာကိုယ် ပဲစဉ်း စားကြပါ။" လို့ ပြောပါတယ်။

ဒေသခံတွေအနေနဲ့တော့ လျှော်ကြေးလက်မခံနိုင်ကြောင်း ဆက်လက်ပြောဆိုနေကြပါတယ်။ခိုလျှေဆိုရှေ့အဖွဲ့မှ တွဲဖက်တာဝန်ခံ ဦး ရယ် က “ ဈေးနှုန်းအနေနဲ့ပြောလို့ယူလို့ကိုမရတာပါ ပါဖြစ်လို့လဲဆိုတော့ ဧရိယာတိုင်းကတည်း က အပိုတွေတိုင်းပြီးတားဖြစ်တယ် တဖြည်း ဖြည်းနဲ့ အပိုတွေပါတိုးတိုးသိမ်းလာတယ်” လို့ ပြောပါတယ်။

၎င်းအမှတ် ၁၄ လေ့ကျင့်ရေးကျောင်းနဲ့ ပတ်သက်လို့ လေ့လာစောင့်ကြည့်တဲ့ အဖွဲ့တွေက ပြည်နယ်အဆင့် မြို့နယ်အဆင့်တွေ ဖွဲ့စည်း ထား ပြီးဖြစ်ပါတယ်။

ပြည်နယ်အဆင့်မှာတော့ပြည်နယ် အစိုးရဝန်ကြီးတွေ ပါရှိတာကိုတွေ့ရပါတယ်။ မြို့နယ်အဆင့်မှာတော့ အုပ်ချုပ်ရေးမှူးတွေနဲ့ ဒေသခံ လူ ထု တွေက ဖွဲ့စည်းထားကြပါတယ်။

No comments: