Thursday, December 6, 2012

မြောက်ဦးမြို့နယ် အရေးအခင်းတွင် ပါဝင်ပတ်သက်မှု မရှိသူများကို ရဲသားများ လိုက် လံ ဖမ်းဆီးနေ

ခိုင်ခိုင်

ယနေ့ ဒီဇင် ဘာလ ၅ ရက်နေ့၊ မြောက်ဦးမြို့နယ် ပန်းမြောင်းကျေးရွာ အရေး အခင်းတွင် ပါဝင်သူများကို သာမကပဲ ပါဝင်ပတ်သက်မှုမရှိ သူများပါ ရခိုင် ပြည်နယ် ဒု-ပြည်နယ်မှူးမှ နာမည်စရင်းများကိုပေးပြီး ရဲ ကွပ်ကဲ ရေးမှူးနှင့် ရွာဥက္ကဌကို ဖမ်းဆီးကာပို့ခိုင်းနေကြောင်း သိ ရသည်။

ဒေသခံများကို ဖမ်းဆီးရာတွင် မည်သည့်ဖမ်းဝရမ်းမှ မပါဘဲ ဖုန်းဖြင့်လှမ်း ဆက်ပြီး ဖမ်းခိုင်းနေပုံကို မြောက်ဦးမြို့ ဒေသခံတစ်ဦးက " ကျွန်တော်တို့ ပန်းမြောင်းရွာနှင့် မြောက်ဦးမြို့နယ်က အထူးသဖြင့် ပုရိန်နဲ့ နီးသော တခြား ရွာများ မှ ဒေသခံတွေကို ပုရိန်ကုလားရွာက ကုလားတွေက အရေးအခင်းနဲ့ ပတ်သက်မှုမရှိပဲနဲ့ အရင်ကတည်းက သူတို့ နယ်တစ်ဝိုက်မှာ မကျေ မနပ်ဖြစ် နေတဲ့သူတွေ၊ စီးပွားရေးအရ ပြေလည်တဲ့သူတွေရဲ့ နာမည် တွေ၊ ပြီးတော့ သူတို့အလွတ်ရနေတဲ့နာမည်တွေကို ရေးပြီးတော့ ရဲသားတွေကိုတိုင်နေပါတယ်။ အခု လိုက်ဖမ်းနေတဲ့ သူတွေထဲမှာ အရေးအခင်းနဲ့ ဘာမှ မ ဆိုင်တဲ့သူတွေလည်း အများကြီးပါနေကြပါ တယ်။ အခုက စစ်ဆေးတဲ့ အဆင့်မ ဟုတ်တော့ပဲနဲ့ လိုက်ပြီးတော့ ဖမ်းနေတဲ့အဆင့်ကို ရောက်နေ ပါတယ်။ ပထမ တစ်ခေါက် ဖမ်းတုန်း က ပုရိန်နဲ့ယိုင်သည် အရေးအခင်းမှာ ပါဝင်တဲ့သူဆိုပြီး ဖမ်းဆီးသွားတာ လူ (၂၀) ကျော်ရှိသွား ပါပြီ။ သူတို့အားလုံးကို စစ်တွေ အမှတ် (၁)စခန်းမှာ ထားပါတယ်။ သူတို့ကို လည်း စစ်ဆေးဖို့ခေါ်တာ ဆိုပြီးတော့ ဖမ်းလိုက်တာ ဖြစ်ပါတယ်။ အခု ဒေသခံတွေကလည်း သူတို့က နမူနာပြထားတော့ အပြင်ကို မ ထွက်ရဲဘဲနဲ့ တိမ်းရှောင် နေကြပါတယ်။ " ဟု ပြောသည်။

ဒေသခံတွေက ဒု-ပြည်နယ် ရဲမှူးအမိန့်ပေး လုပ်ဆောင်ခိုင်းမှုကြောင့် မြန်မာနိုင်ငံက ဥပဒေကို အယုံအကြည် ကင်းမဲ့နေကြပြီး ဥပဒေ လမ်း ကြောင်းနဲ့ ညီညွတ်မှု မရှိကြောင်းကို "ဒေသခံတွေက မြန်မာနိုင်ငံက ဥပဒေကို အယုံအကြည် မရှိကြတော့ပါဘူး။ ဒု-ပြည်နယ်မှူးနဲ့ ရဲတွေက လည်း ကုလားတွေတိုင်တဲ့အတိုင်း ဥပဒေရဲ့ လမ်းကြောင်းနဲ့ မညီညွတ်ပဲ စစ်ဆေးမေးမြန်း တာတွေလုပ်ပြီး ဖမ်းနေကြပါတယ်။ သူတို့က ရုံးကို တင်ရမဲ့ကိစ္စကို မတင်ပဲနဲ့ စစ်တွေကို တစ်ခါတည်း ဖမ်းခေါ်သွားတာဆိုတော့ စစ်ဆေး ဖို့ အခေါ်ခံရတဲ့သူတွေက ကြောက်နေကြပါတယ်။ သူတို့က ဒေသခံတွေကို စစ်ဆေးဖို့ လာခေါ်တုန်းကလည်း ဘာဝရမ်းမှ မပါပါဘူး။ ပန်း မြောင်းမှာဆိုရင် ပန်းမြောင်း ရဲကွပ်ကဲမှူးနှင့် ဥက္ကဌကို ဖုန်း ဆက်ပြီး နာမည် စာရင်းတွေကို ပေးလိုက်တယ်။ ပြီးတော့ အဲဒီနာမည် စရင်း အတိုင်း လူတွေကို ပို့လိုက်ဆိုပြီးတော့ ဖမ်းခိုင်းနေတာပါ။ ပထမ တစ်ခေါက် ဖမ်းသွားတဲ့ သူတွေမှာက တိုက်ပွဲမှာဒဏ်ရာရထားတဲ့ သူ တွေလည်း ပါတယ်ဆိုတော့ သက်သေအထောက်အထား ခိုင်လုံတယ်။ ရဲတွေက ကုလားတွေကိုကျတော့ တစ်ယောက်မှ စစ်ဆေးမေး မြန်းဖို့ ခေါ်တာ တွေမရှိပါဘူး။ ဒါက ဘာဖြစ်လို့လဲဆိုတော့ သူတို့ရွာကို အကြမ်း ဖက် မီးရှို့မှုမှာ ပါဝင်သူတွေဆိုပြီးတော့ နာမည်စရင်းတွေ ပေးပြီး တိုင်ထားတာပါ။ အဲဒီနာမည်စရင်းထဲမှာ အရေးအခင်းနဲ့ ဘာမှမသက်ဆိုင် တဲ့သူတွေ အများကြီးပါဝင်ပါတယ်။ ကျွန်တော်ထင် တာ ကတော့ ကုလားတွေက ဒု-ပြည်နယ်မှူးကို လာဘ်ငွေတွေ၊ အကျွေးအမွေးတွေ လုပ် ပေးတာတွေ ရှိပုံရပါတယ်။ ကျွန်တော်တို့သိတဲ့ ကုလားတရားခံတွေကိုလည်း ရဲကိုတိုင်ထားတာတော့ ရှိပါတယ်။ ရဲတွေ ကျွန်တော်တို့ကို ခေါ် ပြီး စစ်ဆေးမေးမြန်းတုန်းက ဖြောင့်ချက် ပေးတာတွေတော့ ရှိပါတယ်။ အမှန်တကယ်ဆိုရင် အရေးအခင်းမှာ ကျွန်တော်တို့ မြင်တာက တော့ ကုလားတွေကို ဦးဆောင်ပြီးတော့ အိမ်တွေကို မီးကွင်း တွေနဲ့ ပစ်နေတာကို တွေ့ရတယ်။ ရခိုင်အိမ်တွေနဲ့နီးတဲ့ သူတို့အိမ်တွေကိုသူတို့ဘာသာ မီးရှို့ပြီးတော့ ထွက်ပြေး သွားကြတယ်။ အဲဒီအချိန်မှာ လေကတိုက်နေတော့ ရခိုင်အိမ်တွေကို မကူးပဲနဲ့ သူတို့အိမ်တွေပဲ မီးလောင် သွားတယ်။ အရေးအခင်းမှာ ပါဝင်တဲ့ကုလားတွေရဲ့နာမည်တွေကို အတိအကျပြောပြီးတော့ တိုင်တာပါ။ ဒါပေမဲ့ ရဲတွေက သူတို့ကို အရေးယူလား မယူဘူး လားဆို တာကိုတော့ ကျွန်တော်တို့ မသိရပါဘူး။ အခု ကုလားတွေတိုင်တဲ့ အချိန်ကျတော့ ကျွန်တော်တို့ဆီကို ကိုယ်တိုင်လာပြီး စစ်ဆေးတာ မျိုး မဟုတ်ပဲနဲ့ ရဲကွပ်ကဲရေးမှူးနဲ့ ဥက္ကဌကို လူနာမည် တွေပေးပြီးတော့ လာပို့ခိုင်းနေတာ ဖြစ်ပါတယ်။" ဟုပြောသည်။

မြောက်ဦးမြို့နယ်တွင် ဒု-ပြည်နယ်မှူး အောင်ကျော်ဦးမှ ပန်းမြောင်းကျေးရွာမှ ရဲကွပ်ကဲရေးမှူးနှင့် ဥက္ကဌထံသို့ ကုလားများပေးသောနာ မည် စရင်းအတိုင်း ဖမ်းကာပို့ခိုင်းနေပြီး ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်းနေရ ကြောင်း သိရသည်။ ရခိုင်ပြည်နယ် ပဋိပက္ခအတွက် ဖွဲ့စည်း ပေး ထားသော စုံစမ်းစစ်ဆေးရေးကော်မရှင်မှ လာရောက်ပြီး စစ်ဆေးမေးမြန်းခြင်းများလည်း မရှိသေးကြောင်း သိရသည်။

No comments: