Thursday, December 6, 2012

KIO ဋ္ဌာနချုပ်အနီး အစိုးရတပ် လှုပ်ရှားမှု စိပ်လာ

သျှမ်းသံတော်ဆင့်

KIO ဋ္ဌာနချုပ် တည်ရှိရာ တရုတ်နယ်စပ် အနီးရှိ လိုင်ဇာမြို့အနီးတစ်ဝိုက်တွင် အစိုးရတပ်၏ စစ်ရေးလှုပ်ရှားမှုများ စိပ်လာ သဖြင့် နှစ် ဘက် တိုက်ပွဲများ အချိန်မရွေး ဖြစ်လာနိုင်ကြောင်း KIA နှင့် ကျောင်းသားတပ် စစ်ဘက်သတင်း ရပ်ကွက်များက ဆိုသည် ။

အစိုးရတပ်များက လိုင်ဇာမြို့ အပြင်စည်း လုံခြုံရေးယူထားသော KIA နှင့် ABSDF ကျောင်းသားတပ်စခန်းများ အနီး တစ် ၀်ုက်တွင် ပို၍ လှုပ် ရှားလာရာ တပ်အသင့် ပြင်ဆင်ထားကြောင်း ကျောင်းသားတပ်မှူးတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“အစိုးရတပ်တွေ တက်လာလို့ မနေ့ကတည်းက ပြင်ထားတယ်။ မိုးလဲချောင်း တစ်ဝိုက် မန်မော် ၊ မန်သဲရွာဘက်မှာ သူတို့ စစ်ကြောင်း တွေ ပျောက်သွားလိုက် ပေါ်လာလိုက် လှုပ်ရှားမှုတွေ မပြတ်ရှိနေတယ်။ စစ်ကစားနေတာပေါ့ ။တပ်တွေတော့ အသင့်လုပ်ထားရတယ် ။တကယ်လို့ တက်လာရင် အချိန်မရွေး တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ် ” ဟု ၄င်းက ဆိုသည် ။

ယမန်နေ့ကလည်း ကချင်ပြည်နယ် ပန်ဝါမြို့မြောက်ဘက် တရုတ် - မြန်မာ နယ်ခြားမှတ်တိုင် အမှတ် ၅ ၊ ၆ ၊ ရ တစ်ဝိုက် နှစ်နေရာတွင် KIA နှင့် အစိုးရတပ်တို့ အကြား တစ်နေ့လုံးနီးပါး တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း အမည်မဖေါ်လိုသူ KIA အရာရှိ တစ်ဦးက ပြောသည် ။

အဆိုပါ တိုက်ပွဲအတွင်း အစိုးရတပ်မှ စစ်ရဟတ်ယာဉ်များ အသုံးပြု တိုက်ခိုက်သဖြင့် KIA ဘက်မှ ၁ ဦးကျဆုံး၍ ၁၀ ဦးခန့် ဒဏ်ရာရရှိပြီး ၃ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သူက ဆက်ပြောသည် ။

“ပန်ဝါတိုက်ပွဲကတော့ ဦးစခုန်တိန့်ယိမ်းက သူ့ရဲ့ဘိန်းစိုက်ဧရိယာမှာ အနှောက်အယှက် ဖြစ်တော့ မပခတပ်တွေ ခေါ်ပြီး ၀င်တိုက်တာပါ မနေ့မနက် ၆ နာရီလောက်ကနေ ညအထိ တစ်နေကုန်ဖြစ်တယ် ခလရ ၇၄ ၊ ၇၇ ၊ ၂၆၀ အဲဒီတပ်တွေ ပါတယ် ရဟတ်ယာဉ်တွေပေါ် ကနေလည်း ပစ်တယ် ဒီမနက်တော့ လေယာဉ်ပျံတွေ ထပ်ကြားရတယ်လို့ သိရတယ် တိုက်ပွဲ သတင်းတော့ အတိအကျမသိရသေးဘူး ” ဟု ဆိုသည် ။

အစိုးရတပ်များ ဋ္ဌာနချုပ် လိုင်ဇာမြို့ တစ်ဝိုက် လှုပ်ရှားမှုရှိနေပြီး ယမန်နေ့က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ရှိကြောင်း ဆိုသည် ။

“မနေ့က တုန်ဖုန်းယန် - ဗန်းမော်ကားလမ်းပေါ်ကနေ ၈၁ မမစိန်ပြောင်းနဲ့ ၁၅ ချက်လောက် လိုင်ဇာ ဘက် လှမ်းပစ်တယ်။ လျှောက်ပစ် တာ ဆိုတော့ တောထဲပဲကျတယ် ။ သူတို့တပ်တွေ လှုပ်ရှားမှုရှိတယ်။ သူ့ဘက် ကိုယ့်ဘက်ပေါ့ လှုပ် ရှား မှုတွေ ကတော့ ရှိနေတာပေါ့ ” ဟု ၄င်းအ ရာရှိက ဆိုသည် ။

ယခုအခါ ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ပန်ဝါဒေသနှင့် သျှမ်းပြည် (မြောက်ပိုင်း ) မုံးကိုးဒေသတို့တွင် KIA နှင့် အစိုးရ တပ်တို့အကြား တိုက် ပွဲများ ဆက်ဖြစ်နေကြောင်း သိရသည် ။

No comments: