Saturday, December 8, 2012

အစိုးရတပ်မှ KIA တပ်ရှိရာသို့ လက်နက်ကြီးဖြင့်ပစ်ခတ်

KNG

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဒေါ့ဖုန်းယန် (Dawhpumyang) ရှိ မြန်မာအစိုးရတပ်သည် ဒီဇင်ဘာ ၆ ကြာသာပတေးနေ့တွင် ကချင် လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်မဟာ (၅) နယ်မြေသို့ လက်နက်ကြီး များဖြင့် ၁၁ ကြိမ်ပစ်ခတ်ခဲ့ကြောင်းသိရသည်။

နံနက် ၈ နာရီမှ ည ၉ နာရီချိန်ထိ အစိုးရတပ် ခြေလျင်တပ် ခလရ (၁၄၂) မှ KIA တပ်ရင်း (၂၄) တပ်ချထားရာ နယ်မြေတွင်းသို့ နာရီခြား ၍ ၁၂၀ မမဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အရာရှိတဦး KNG ကချင်သတင်းဌာနသို့ ပြောသည်။

ထိုသို့ ပစ်ခတ်သော လက်နက်ကြီးများသည် KIA တပ် ဘွမ်ဆောန်ဘွမ် (Bum Sawn Bum) ခလားကုန်း (Hka La Kawng) အနီးသို့ ကျရောက်ပေါက်ကွဲခဲ့သော်လည်း ထိခိုက်သေဆုံးမှုမရှိကြောင်း KIA ပြောသည်။

အစိုးရတပ်မှ ပစ်ခတ်ခြင်းကြောင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ တပ်မဟာ (၅) အောက် တပ်ရင်း (၁၉)မှလည်း ၂ ကြိမ် တုန့်ပြန်ပစ် ခတ် ခဲ့ကြောင်းသိရသည်။

မြန်မာအစိုးရတပ်များသည် ဗန်းမော် (မန်မော်)ဘက်မှ စစ်အင်အားတိုးချဲ့လာသော အစိုးရတပ်အား ကာကွယ်သည့်အနေဖြင့် ပစ်ခတ် ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းနေ့ ၁၂ နာရီချိန်ခန့်တွင်မူ ဆတုံးရေတံခွန် (Sadung Hka Rum) အနီးရှိ နောပွမ်း (Naw Pum) တွင် တပ်ချထားသော အင်အား ၂၀၀ ဝန်းကျင်ရှိသည့် အစိုးရတပ်ကို ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ တပ်ရင်း (၃) မှ စိန်ပြောင်းဖြင့် သွားရောက်ပစ်ခတ်ခဲ့ရာ တိုက်ပွဲဖြစ် ပွား ခဲ့ကြောင်း KIA အဖွဲ့ဝင်တစ်ဦးပြောသည်။

“စခန်းထဲ အနီးကပ် ၆၀ မမ နဲ့ ၅ ကြိမ်ပစ်လိုက်တာ။ သေဆုံးဒဏ်ရာရတာရှိမယ်။ အတိကျတော့မသိသေးဘူး။ သူတို့ဘက်က ၈၁ မမ နဲ့ ပြန်ပစ်လာတော့ ကျနော်တို့ ပြန်ဆုတ်သွားတယ်” ဟုဆိုသည်။

၎င်း နောပွမ်း (Naw Pum) တပ်သည် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့၏ ရှေ့တန်းစခန်းဖြစ်ပြီး လွန်ခဲ့သည့် နိုဝင်ဘာ၂ ရက်နေ့ကတိုက် ပွဲကြောင့် နောက်ဆုတ်ခဲ့ရသော စခန်းလည်းဖြစ်ကြောင်းသိရသည်။

ယခုချိန်မြန်မာအစိုးရတပ်သည် တပ်မဟာ(၅)နယ်မြေအတွင်းသို့ စစ်အင်အားဖြည့်ရန် ဗန်းမော်-လိုင်ဇာကြားရှိ နွမ်လန် (Num Lang) တွင် အင်အား ၂၀၀ ဝန်းကျင်တိုးချဲ့ထားကြောင်းသိရသည်။

အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO သည် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း နိုင်ငံရေးအရ ထပ်မံတွေ့ဆုံဆွေးနွေးရန် နှစ်ဖက်သ ဘောတူညီထားခဲ့သော်လည်း KIO ဖက်တွင်အဆင်သင့်မဖြစ်သေးသော ကြောင့် တွေ့ဆုံရန်ပျက်ကွက်သွားချိန် တဖက်တွင်လည်း က ချင်ပြည်နယ်တွင်းသို့ အစိုးရမှ စစ်အင်အားလက်နက်များ တိုးချပို့ဆောင်၍ ထိုးစစ်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေချိန်ဖြစ်သည်။

No comments: