Thursday, January 30, 2014

ထိုင်းနိုင်ငံသို့ လိမ်လည်ပို့ဆောင်ခံရသည့် လုပ်သား၂၀၀ နယ်စပ်တွင် သောင်တင်နေ

ရဲလင်းထွဋ်

ထိုင်းနိုင်ငံသို့ အလုပ်ခေါ်စာအတု၊ တံဆိပ်တုံးအတုဖြင့် ပို့ဆောင်ခံရသည့် မြန်မာလုပ်သား ၁၉၅ယောက် သည် ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့တွင် သောင်တင်နေကြောင်း မဲဆောက်ရှိ အလုပ်အကိုင်အေဂျင်စီ တစ်ခုမှ အကြောင်းကြားလာသည်ဟု မြန်မာပြည်ပအလုပ်အကိုင် ၀န်ဆောင်မှုလုပ်ငန်းအဖွဲ့ချုပ်(အေဂျင် စီအဖွဲ့ချုပ်) ဒု-ဥက္ကဋ္ဌက မဇ္ဈိမကို ပြောသည်။

အဆိုပါအလုပ်သမားများကို ပြည်တွင်းအခြေစိုက် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုက မြ၀ တီ-မဲဆောက် တရားမ၀င်နယ်စပ်ဂိတ်ပေါက်တစ်ခုမှတစ်ဆင့် ဇန်န၀ါရီ ၁၆ ရက်တွင် ပို့ဆောင်ခဲ့ခြင်းဖြစ် ပြီး အလုပ်သမားများအနေဖြင့် လိမ်လည်ခံရမှုကို မဲဆောက်ရောက်မှသာ သိရှိခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“အေးဂျင့်ကိုယ်စားလှယ်က သံရုံးစာကို ဖြတ်ညှပ်ကပ်လုပ်ပြီးတော့ စာချုပ်ချုပ်ပြီး ထိုင်းကိုခေါ်သွားတော့၊ ထိုင်းလ၀ကနဲ့ ထိုင်းရဲတွေကမသင်္ကာတော့ အလုပ်ရှင်ကိုခေါ်စစ်ကြည့်တော့ အလုပ်ရှင်က သူမခေါ်ထား ဘူးဆိုပြီး ရဲစခန်းကို လှမ်းပိတ်တာပေါ့”ဟု မဲဆောက်ရှိ ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုက တယ်လီ ဖုန်းမှတစ်ဆင့် သတင်းပို့ခဲ့သည်ဟု အေဂျင်စီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌက ပြောသည်။

ထိုင်းနိုင်ငံသို့ အလုပ်သမားများပို့ဆောင်ရာတွင် မြ၀တီ-မဲဆောက်ရှိ တရားမ၀င်ဂိတ်ပေါင်း ၃၂ ဂိတ်မှ ပို့ ဆောင်လေ့ရှိပြီး အလုပ်သမားအများစုသည် မွန်၊ ကရင်၊ တနင်္သာရီ၊ ပဲခူး၊ ဧရာဝတီ၊ ရန်ကုန်တိုင်းများမှ အများစုဖြစ်သည်ဟု ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်Migrant Worker Rights Network (MWRN) ဒါရိုက်တာဦးစိန်ဌေးက ပြောသည်။

လိမ်လည်ပို့ဆောင်ခံရသည့် အလုပ်သမားများအရေးနှင့်ပတ်သက်ပြီး အေဂျင်စီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးကျော်ထင်ကျော်က “ဖြစ်တဲ့အေဂျင်စီကို ကျွန်တော်တို့က ဖြစ်စဉ်နဲ့ပတ်သက်ပြီး အသေးစိတ် ၀န်ကြီး ဌာနကို စာတင်ခိုင်းတယ်။ ကျွန်တော်တို့အဖွဲ့ချုပ်ကို မိတ္တူတစ်စောင်တင်ခိုင်းတယ်၊ အဲဒီအပေါ်မှာ အဖွဲ့ ချုပ်က သဘောထားမှတ်ချက်ရေးပြီး ၀န်ကြီးဌာနကို တင်မယ်။ ကျွန်တော်တို့ အဖွဲ့ချုပ်အနေနဲ့ကတော့ အရေးယူသင့်တာကို အရေးယူ ဆောင်ရွက်စေချင်တယ်။ လိုင်စင်သိမ်းတာမသိမ်းတာက ၀န်ကြီးဌာနက ဆောင်ရွက်ရမယ့် အပိုင်းဖြစ်တယ်။ ကလေးတွေကိုတော့ ကျွန်တော်တို့က ပြန်ခေါ်ချင်တယ်”ဟု ပြော သည်။

မြန်မာရွှေ့ပြောင်းလုပ်သားများ ထိုင်းနိုင်ငံတွင် တရားဝင်အလုပ်လုပ်ကိုင်နိုင်ရေး ၂၀၀၃ ခုနှစ်မှစတင်ကာ မြန်မာ-ထိုင်း နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာကို သဘောတူ လက်မှတ်ရေးထိုးထားသည်။

ထိုင်းနိုင်ငံသို့ တရားဝင်သွားရောက်လုပ်ကိုင်မည့် မြန်မာလုပ်သားများထံမှ ၀န်ဆောင်ခအဖြစ် ကျပ်တစ် သိန်းသာ ကောက်ခံခွင့်ပြုထားသော်လည်း ပွဲစားများက ကျပ်ခုနစ်သိန်းခန့်အထိ တောင်းယူပို့ဆောင်ပေး နေကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာရွှေ့ပြောင်းလုပ်သားများအရေး လှုပ်ရှားဆောင်ရွက်နေသော အ ဖွဲ့အစည်းအချို့က ပြောသည်။

“မဲဆောက်က စက်ရုံ၊ အလုပ်ရုံတွေမှာ မြန်မာလုပ်သား ၈၀,၀၀၀ ရှိပါတယ်။ ပြင်ပအလုပ်သမားဆိုတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆောက်လုပ်ရေး၊ အိမ်ဖော်တွေအပါအ၀င် ဆိုင်တွေမှာ အပါအ၀င် ၁၂၀,၀၀၀ လောက် ရှိပါတယ်။ မဲဆောက်မြို့ လူဦးရေက မြန်မာအလုပ်သမား နှစ်သိန်းရှိပြီးတော့ ထိုင်းလူမျိုး တစ် သိန်းမပြည့်ပါဘူး”ဟု မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)မှ ဦးမိုးကြိုးက ပြောသည်။

ထိုင်းနိုင်ငံတွင် မြန်မာလုပ်သား သုံးသန်းမှ လေးသန်းဝန်းကျင်ရှိနေပြီး တရားဝင်အလုပ်လုပ်ကိုင်ရန် မြန် မာလုပ်သားများကို ၂၀၀၉ ခုနှစ်မှ စတင်ကာ ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်တို့တွင် အသီးသီး ယာယီနိုင်ငံ ကူးလက်မှတ်များ ထုတ်ပေးခဲ့ရာ စုစုပေါင်း ၇၈၀,၀၀၀ ကျော်ရှိသည်။

No comments: