Thursday, January 30, 2014

ဖွဲ့စည်းပုံပြင်​ဆင်​​ရေး အစီရင်​ခံစာ အချိန်​မီတင်​နိုင်​ မတင်​ ၃၀ရက်နေ့ ဆုံးဖြတ်​မည်

Mizzima

၂၀၀၈ ဖွဲ့စည်းပုံ​လေ့လာသုံးသပ်​​ရေး ပူး​ပေါင်း​ကော်​မတီ၏ အစီရင်​ခံစာ သတ်​မှတ်​ရက်​အတွင်း တင်​နိုင်​ မတင်​နိုင်​ ဇန်​နဝါရီ ၃၀ရက်တွင် ဆုံးဖြတ်ချက် အပြီးချမည်ဟု ကော်မတီ အတွင်း​ရေးမှူး ဦး​အေး​မောက်​က မဇ္ဈိမကို ​ပြောသည်

ပြည်​​ထောင်​စုလွှတ်​​တော်​က ဇန်​န၀ာရီ ၃၁ ​နောက်​ဆုံးထား အစီရင်​ခံရန်​ ညွှန်​ကြားထား​သော်​လည်း ယ​နေ့တိုင်​ လုပ်​ငန်းများ အပြီးမသတ်​နိုင်သေးပဲ ဖြစ်နေသည်။ ထိုကော်မတီတွင် ပြည်​သူတို့၏ အကြံပြုချက်​ သုံးသိန်း​ကျော်​ လက်​ခံရရှိထားပြီး ယင်းတို့အပေါ် မည်​သို့ သုံးသပ်​မည်​၊ မည်​သည့်​ နည်းလမ်းဖြင့်​ အစီရင်​ခံမည်​ စသည်​တို့ကို တစ်​ရက်​လျှင် နှစ်ကြိမ်​ အစည်းအ​ဝေး ထိုင်​​ကာ ဆွေး​နွေး​နေကြ​သော်​လည်း ဆုံးဖြတ်​ချက်​ တစုံတရာချမှတ်​ နိုင်​ခြင်းမရှိ​သေး​ပေ။

အဆိုပါ ​ကော်​မတီကို လွှတ်​​တော်​တွင်း ကိုယ်​စားပြုပါဝင်​မူ အချိုးဖြင့်​ ​ရွေးချယ်​ထားခြင်းဖြစ်​သည်​။ ထို့​ကြောင့်​ ပြည်​ခိုင်​ဖြိုး ပါတီမှ ၅၂ဦး၊ တပ်​မ​တော်​သား ၂၅ဦး နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ၇ဦးသာ ပါဝင်​သည်​။

No comments: