Friday, January 31, 2014

မြန်မာ-ဂျပန် လေကြောင်း သဘောတူညီမှု ပြန်လည်စိစစ်မယ်

ABC

မြန်မာနဲ့ ​ဂျပန်နိုင်ငံကြား ​လေယာဉ်ပျံသန်းမှု ​ထပ်မံတိုးချဲ့နိုင်ဖို့အတွက် ​အရင်က ​သဘောတူညီထားတဲ့ ​နှစ်နိုင်ငံ ​လေယာဉ်ပျံသန်းမှုကို ​ပြန်လည်စိစစ်သွား ​မယ်လို့ ​မြန်မာနိုင်ငံခြားရေးဌာနက ​ကြာသပတေးနေ့မှာ ​ကြေညာချက် ​ထုတ်ပြန်လိုက်ပါတယ်။

လွန်ခဲ့တဲ့ ​၁၉၇၂ခုနှစ်တုန်းက ​နှစ်နိုင်ငံသဘောတူထားတဲ့ ​လေယာဉ်ပျံသန်းမှုကို ​ပြန်လည်သုံးသပ်သွားဖို့အတွက် ​မြန်မာနိုင်ငံဆိုင်ရာ ​ဂျပန်သံအမတ် ​Mikio ​Numata ​နဲ့ ​မြန်မာ့လေကြောင်းဆိုင်ရာ ​အကြီးအကဲ ​ဦးတင်နိုင်ထွန်းတို့က ​လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ ​ကြေညာချက်ထဲမှာ ​ဖော်ပြထားတယ်။

လေယာဉ်ပျံသန်းမှု ​ပြန်လည်စိစစ်တဲ့အထဲမှာ ​မြန်မာနဲ့ ​ဂျပန် ​နှစ်နိုင်ငံကြားမှာ ​လေကြောင်း ​တခုထက်မက ​ပျံသန်းနိုင်ဖို့အတွက် ​ပါဝင်တယ်လို့ ​ဆိုပါတယ်။ ​လက်ရှိသဘောတူညီချက်အရ ​ရန်ကုန်နဲ့ ​ဂျပန်နှစ်နိုင်ငံကြားမှာ ​Nippon ​လေကြောင်းလိုင်း ​တစ်ခုတည်းသာ ​ပြေးဆွဲ ​နေတာဖြစ်ပြီး ​ရန်ကုန်မြို့နဲ့ ​Narita ​မြို့ကြားမှာ ​ပျံသန်းတာဖြစ်ပါတယ်။

မြန်မာနဲ့ဂျပန် ​တာဝန်ရှိသူတွေကြား ​အတည်ပြုချက်ရမှသာ ​ဒီလေကြောင်းပြန်စိစစ်ရေးကိစ္စကို ​စတင်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ​ဒီလို ​နှစ်နိုင်ငံကြား ​လေကြောင်းပြေးဆွဲမှု ​ပြန်လည်စိစစ်ဖို့ကိစ္စဟာ ​မြန်မာနဲ့ ​ဂျပန်ဆက်ဆံရေး ​နှစ် ​၆၀ ​အထိမ်းအမှတ်ပွဲ ​ကျင်းပပြီး ​မကြာခင်မှာပဲ ​ဖြစ်ပေါ်လာတာဖြစ်ပါတယ်။

No comments: