Friday, January 31, 2014

သရေခေတ္တရာ ရှေးဟောင်းဇုန် လုံခြုံရေးဂိတ် မီးရှို့မှု တရားခံဖော်ထုတ်နေ

ရေခဲ(ပြည်)

ပဲခူးတိုင်း၊ ပြည်မြို့၊ သရေခေတ္တရာ ရှေးဟောင်းဇုန် လုလင်ကျော်မြို့ဝင်ဂိတ်ရှိ လုံခြုံရေးဂိတ်အဆောက်အ အုံတစ်ခုကို မီးရှို့ဖျက်ဆီးသဖြင့် တရားခံကို ဖော်ထုတ်ပေးရန် ပြည်မြို့ အမှတ်(၃)ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားသည်ဟု အဆိုပါရဲစခန်းမှ စခန်းမှူးက ပြောသည်။

ဇန်န၀ါရီ ၂၆ ရက် ည ၈ နာရီခန့်က မီးရှို့ခံခဲ့ရပြီး ဇန်န၀ါရီလ ၂၇ ရက်တွင် သရေခေတ္တရာမြို့ဟောင်းအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးနီလာက အမှတ်(၃)ရဲစခန်း၌ အမှုဖွင့် တိုင်တန်းခဲ့ခြင်း ဖြစ်သည်။

“သူတို့က ရှို့မီးထင်လို့ အမှုဖွင့်တာပါ။ ရဲကင်းမဟုတ်ဘူး။ ရှေးဟောင်းဇုန်လုံခြုံရေးသက်သက်ပါ”ဟု စခန်း မှူးက ဆိုသည်။

မီးလောင်မှုကြောင့် လုံခြုံရေးအဆောက်အအုံ ပျက်စီးခဲ့ရာ ငွေကျပ် သုံးသိန်းတန်ဖိုးခန့် နစ်နာဆုံးရှုံးမှုရှိ ကြောင်းနှင့် ထိခိုက်ဒဏ်ရာရ သေဆုံးသူမရှိဟု အမှတ်(၃)ရဲစခန်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါအမှုနှင့်ပတ်သက်ပြီး ပြည်မြို့ အမှတ်(၃) ရဲစခန်းက (ပ)၁၁/၂၀၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ပပက ၆(၁)ဖြင့် အမှုဖွင့်ဆောင်ရွက်နေသည်။

No comments: