Thursday, January 30, 2014

ဗြိတိန် ဒုတိယ နိုင်ငံခြား ရေးဝန် ကြီး ကချင်ပြည် နယ်သို့ ရောက်ရှိ

ရွှေဟင်္သာ

ဗိတိန် နိုင်ငံခြားရေး ရာ ဒုတိယ ၀န်ကြီးနှင့် အ ဖွဲ့သည် ယမာန်နေ့ မနက်ပိုင်း တွင် ကချင်ပြည် နယ်မြစ်ကြီး နားမြို့သို့ ရောက်ရှိပြီး အစိုးရ အတိုက်အခံ မှ အစ ဒုက္ခ သည်နှင့် ၀န်ထမ်းဟောင်း များ အဆုံးတွေ့ ဆုံခဲ့သည်ဟု ကချင်ငြိမ်း ချမ်းရေး အကျိုးတော်ဆောင် တဦးက ဆိုပါသည်။

“ ဒုတိယ ကမ္ဘာစစ် တုန်းက ပါခဲ့တဲ့ သူတို့ တပ်ဖွဲ့ဝင်ဟောင်း တွေရယ်၊ ဒုက္ခသည် တွေရယ်၊ KIO နည်းပညာရုံး ကရယ်၊ပြီးတော့ ပြည်နယ် အစိုးရတွေ တိုင်း မှူး တွေ ပါတွေ့ဆုံခဲ့ တာပါ။ သူနဲ့ အတူသံ အမတ်ကြီး၊ စစ်သံမှူး နဲ့ ရုံး အဖွဲ့တွေလည်း ပါလာတယ်” ဟုဆိုပါသည်။

ဗြိတိန်နိုင်ငံ နိုင်ငံခြား ရေး ရုံး အာရှရေးရာ ၀န်ကြီး ဟူဂိုဆွား ယား နှင့် အဖွဲ့သည် မြစ်ကြီးနား မြို့ပေါ်ရှိ ရှမ်းအဖွဲ့ အစည်း များနှင့် ဘာသာရေး အဖွဲ့အစည်း များ ပါ တွေ့ ဆုံခဲ့ပါသည်။ ဗြိတိန်နိုင် ငံသည် မြန်မာ ဒုက္ခသည် များ အတွက် အမေရိကန် ဒေါ်လာသန်း (၂၀) ကူညီထားသဖြင့် ကွင်းဆင်းလေ့ လာသည့် အနေဖြင့် လာရောက်ခြင်း ဖြစ်သည်ဟု အကျိုးတော်ဆောင် ကဆိုပါသည်။

ဗြိတိန် ၀န်ကြီး ဟူဂိုဆွားယား ကမူ ၄င်း၏ ခရီးစဉ် သည် ငြိမ်းချမ်းရေးနှင့်ကူညီရေးဖြစ်သည်ဟုဆိုပါသည်။ဤသို့ကြောင့်ကေအိုင်အို ကိုယ်စားပြုနည်းပညာ အကြံပေး အဖွဲ့ အပါဝင် မြောက်ပိုင်း တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင် တို့ အား တွေ့ဆုံ ခဲ့ခြင်း ဖြစ်ပြီး လူသားချင်း စာနာ သော အထောက် အပံ့များ နေရာ တိုင်း ရောက်ရှိရန် အတွက် ဆွေးနွေးခဲ့ ပါသည်။

(KIA) ကိုယ်စားပြု နည်းပညာ အကြံပေးအဖွဲ့မှ ဒေါင်ခါးကမူ “မြန်မာ့ငြိမ်းချမ်း ရေးဖြစ် စဉ် နှောက် နှေး နေရခြင်း သည်(၂၀၀၈) အခြေခံ ဥပဒေ နှင့် ပတ် သက်နေ သည်ဟု တင်ပြဆွေးနွေး ခဲ့ပါသည်။ ဤသို့ကြောင့် ဒုတိယ ၀န်ကြီးသည် အ စိုးရ အနေဖြင့် (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြုပြင်ရေး အား ဆောင် ရွက်ရန် လိုအပ်သလို တိုင်းရင်းသား အရေး နှင့် ရခိုင်ပြည်နယ် အရေး ကိစ္စများ ကိုပါ ဖြေရှင်းသွား ရန် လိုအပ်သည်ဟု မီဒီယာ မေးမြန်း ခန်းတွင် ပြောကြား ခဲ့ပါ သည်။

ဗြိတိန် နိုင်ငံခြားရေး ဒုတိယ ၀န်ကြီးသည် နှစ်ပေါင်း (၆၀)ကျော် အတွင်း ကချင်ပြည်နယ်သို့ဝန်ကြီးအဆင့် လာရောက် ခြင်း ဖြစ်သည် ။

No comments: