Tuesday, January 28, 2014

မကွေးလေတပ်စခန်းဌာနချုပ်နှင့် တင့်ကားတပ်ကသိမ်းဆည်းယာမြေများ တောင်သူများသို့ ပြန်မပေးနိုင်ဟုဆို

ဝိုင်းအောင်

မကွေးတိုင်း၊ မကွေးမြို့နယ်အတွင်းရှိ လေတပ်စခန်းဌာနချုပ်နှင့် တင့်ကားတပ်တို့မှ သိမ်းယူထားသည့် ယာမြေများ ပြန်လည်ရရှိရေး သိမ်းဆည်းခံတောင်သူများက တောင်းဆိုခဲ့သော်လည်း တောင်သူများထံ ပြန်လည်ပေးအပ်သွားမည်မဟုတ်ကြောင်း သက်ဆိုင်ရာတပ်များက အမိန့်စာထုတ်ပြန်လိုက်သည်ဟုဒေ သခံတောင်သူများက ပြောသည်။

မကွေးမြို့နယ်၊ ဒဟတ်ကန်ကျေးရွာမှ ယာမြေသိမ်းဆည်းခံတောင်သူ ၄၉ ဦး အပါအ၀င် ဦးဆောင်သူ ဦး ခင်မောင်မြင့်ကို ဇန်န၀ါရီ ၂၆ ရက်က ကျေးရွာဘုန်းကြီးကျောင်းတွင် အစည်းအဝေးဖိတ်ကြားကာ ၎င်းတို့ တိုင်ကြားတောင်းဆိုထားသည့် မကွေးလေတပ်စခန်းဌာနချုပ် သိမ်းဆည်းယာမြေဧက ၁၀၃၉ အား လေ တပ်အနေဖြင့် ပြန်လည်မစွန့်လွှတ်နိုင်ကြောင်း၊ မကွေးမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်မြေယာစီမံခန့် ခွဲရေးကော်မတီအဖွဲ့၊ မကွေးလေတပ်စခန်းဌာနချုပ်မှ ဗိုလ်ကြီးအောင်လှိုင်ဝင်းနှင့်အဖွဲ့တို့က အမိန့်စာ များ၊ အမှုတွဲများကို ဖတ်ကြားသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါသိမ်းဆည်းမြေများနှင့် ပတ်သက်ပြီး မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉဏ်မျိုးက “မြေယာလုပ် ထုံးလုပ်နည်း ဥပဒေနဲ့အညီ လေတပ်စခန်းဌာနချုပ်မှ ဗိုလ်ကြီး ဖတ်ကြားတင်ပြသွားတဲ့အတိုင်း သက် ဆိုင်ရာ တောင်သူများအား သိမ်းဆည်းစဉ်ကာလက လျော်ကြေးပေးထားသော အထောက်အထားများ အရ လေတပ်မှ ၎င်းယာမြေများအား ပြန်လည်စွန့်လွှတ်မည်မဟုတ်ကြောင်း အသိပေးခြင်းသာ ဖြစ်ပါ တယ်”ဟု တောင်သူများနှင့် တွေ့ဆုံပွဲတွင် ဖတ်ကြားခဲ့သည်ဟု ဆိုသည်။

ဒဟတ်ကန်ကျေးရွာမှ ဦးအောင်မြိုင်ကမူ “သူတို့က သိမ်းဆည်းယာမြေတွေကို ပြန်မပေးတော့ဘူးဆို တော့ သက်ဆိုင်ရာအဆင့်ဆင့်သို့ ပြန်လည်ထပ်မံတိုင်ကြားရမှာပေါ့၊ ရွာကလူတွေ မျက်ရည်တွေတောင် ကျပါတယ်ဗျာ”ဟု ပြောသည်။

ထို့အပြင် မကွေး တင့်ကားတပ် အမှတ် (၅၀၁၃) က သိမ်းဆည်းခဲ့သည့် မကြီးကန်ကျေးရွာ တောင်သူ များ၏ ယာမြေဧက ၁၄၀၀ ခန့်မှ မြေ ၆၀၃ ဒသမ ၅၇ ဧကကို တင့်ကားတပ်အနေဖြင့် ပြန်လည် မစွန့် လွှတ်နိုင်ကြောင်း၊ မကွေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဉဏ်မျိုးနှင့်အဖွဲ့နှင့် တင့်ကားတပ်မှ ဗိုလ်ကြီးမျိုးသူရ ကျော်တို့အဖွဲ့က အဆိုပါကျေးရွာဘုန်းကြီးကျောင်းတွင် ဇန်န၀ါရီ ၂၆ ရက် ညနေပိုင်းက တိုင်ကြားသူ ဦး မြသန်းအပါအ၀င် တောင်သူ ၇၉ ဦးကို အသိပေးခဲ့သည်ဟု သိမ်းဆည်းခံတောင်သူများက ပြောသည်။

“သူတို့ ယာမြေတွေသိမ်းစဉ်ကာလက တစ်ဧကမှ ခြောက်ကျပ်ပေးတာပါ။ ဘယ်သူမှ မယူဘူး၊ လက် မှတ်မထိုးခဲ့ကြပါဘူး၊ လက်မှတ်မထိုးရင် ဖမ်းမယ်ဆီးမယ် ခြိမ်းခြောက်လို့ ထိုးခဲ့ရတာပါ။ လျော်ကြေးငွေ လက်မခံခဲ့ကြပါဘူး၊ ဒီကိစ္စ မြေယာသိမ်းဆည်းရေးကော်မတီက လာရောက်စစ်ဆေးသွားပြီး လွတ်ကင်း တဲ့ယာမြေတွေ ပြန်ရမယ်ပြောပါတယ်။ ကျွန်တော်တို့တောင်သူတွေ ဘယ်သူ့ကိုအားကိုးရမှန်းမသိတော့ ပါဘူးဗျာ။ ဒီကိစ္စ ဆက်ပြီး သက်ဆိုင်ရာအဆင့်ဆင့်ကို ထပ်မံတိုင်ကြားကြမှာပါ”ဟု မကြီးကန်ရွာ တောင် သူဦးမြသန်းက မဇ္ဈိကို ပြောသည်။

မကွေးလေတပ်စခန်းဌာနချုပ်က ဒဟတ်ကန်ကျေးရွာ တောင်သူများ ပိုင်ဆိုင်သော ယာမြေ ၁၀၃၉ ဧက ကို၂၀၀၂ ခုနှစ်တွင်သိမ်းဆည်းကာ၂၀၀၈ ခုနှစ်တွင် တစ်ဧကလျှင် ငွေငါးထောင်ကျပ်နှုန်းသာ ပေးလျော် ခဲ့ပြီး မကွေးတင့်ကားတပ် အမှတ်(၅၀၁၃)က မကြီးကန်ကျေးရွာ တောင်သူများ၏ ယာမြေ ၆၀၃ ဧကကို ၁၉၉၆ ခုနှစ်တွင် သိမ်းဆည်းကာ ၁၉၉၈ ခုနှစ်တွင် တစ်ဧက ငွေခြောက်ကျပ်သာပေးလျော်၍ မည်သူမျှ မယူခဲ့ကြောင်း မြေယာသိမ်းဆည်းခံတောင်သူများက ပြောဆိုထားသည်။

No comments: