Thursday, January 30, 2014

ဘာလဲဟဲ့ စရခ (စရဖ) ဆိုတာ ဘာလဲ (၁)

မိုးဇေညိမ်း

မန်မာ ပြည်သူတွေ ကို ဆယ်စုနှစ် ပေါင်းများစွာ စိုးမိုး ခြောက်လှန့် ထားနိုင်ခဲ့ တဲ့စစ်ထောက် လှမ်းရေး အဖွဲ့ကြီးဟာ စစ်အာဏာ ရှင် အချင်းချင်း သံသ ယ တွေ နဲ့ ဖြုတ်၊ထုတ်၊ သတ်ခံလိုက် ရတာမို့ ၂၀၀၄ ခုနှစ်မှာ နိဌိတံ သွား ခဲ့ပါတယ်။ နှစ်ရှည်လ များ တည်ဆောက် ထားခဲ့တဲ့ ထောက်လှမ်းရေး ကွန်ယက်ကြီး လည်း ဖရိုဖရဲနဲ့ အဖတ်ဆည် မရနိုင်အောင် ပျက်စီးသွား ခဲ့ပါတယ်။

ထောက်လှမ်းရေး အဖွဲ့ကြီး တစ်ခုလုံး လက်စတုံး ချေမှုန်း ခံလိုက်ရ တာနဲ့ ပတ်သတ်တဲ့အခြေ ခံ အကြောင်း တရား သတင်းစကား တွေ အများအပြား ထွက်ခဲ့ပေ မဲ့ အဓိက အချက် ကတော့ ဗိုလ်ချုပ်ကြီး ခင်ညွန့်နဲ့ ထောက်လှမ်း ရေး အဖွဲ့ကြီး ကိုဒီအတိုင်း ဆက်လွှတ် ထားရင် အာဏာ ပါဝါချင်း တိုးတိုက် လာနိုင်ဖွယ် ရာ ကိစ္စတွေ ရှိ တာ မို့ ဗိုလ်ချုပ် မှူးကြီး သန်းရွှေကအပြတ်ရှင်း ခဲ့တာဖြစ် ပါတယ်။

ဖျက်သိမ်း ခံခဲ့ရတဲ့ တပ်မတော် ထောက်လှမ်းရေး အရာရှိ ချုပ်ရုံးကို အစားထိုး ဖို့အတွက် တပ်မတော် စစ်ဖက်ရေး ရာ လုံခြုံရေး အရာရှိ ချုပ်ရုံးကို ၂၀၀၄ ခုနှစ် မှာ ပြန်လည် ဖွဲ့စည်းခဲ့ ပါတယ်။ တပ်မတော် စစ်ဖက်ရေး ရာလုံခြုံရေး အရာရှိ ချုပ်ရုံးကို အတိုကောက် သုံးအနေနဲ့ “စရခ” လို့သုံးနှုန်းပြီး လက်အောက်ခံ တပ်ဖွဲ့ တွေ ကိုတော့ “စရဖ” (စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့) လို့ သုံးနှုန်း ပါတယ်။

တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိ ချုပ်ရုံးရဲ့ အကြီးအကဲ အဖြစ် တာ ၀န်ယူခဲ့ သူတွေ ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်- (၁) ကြည်း-၁၂၆၂၉၊ ဒု တိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေ (စတ သ-၁၅)(၂၀၀၄-၂၀၀၅) (ယခု-ရန် ကုန် တိုင်း ဒေသကြီး ၀န်ကြီးချုပ်) (၂) ကြည်း-၁၂၆၀၇၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့် (စတသ-၁၅)(၂၀၀၅-၂၀၁၀) (ယခု-မန္တလေး တိုင်း ဒေသကြီး ၀န်ကြီးချုပ်) (၃) ကြည်း-၁၆၄၉၃၊ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ (စတသ-၂၂)(၂၀၁၀- ယနေ့) အသစ် ဖွဲ့စည်း ခဲ့တဲ့ တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိ ချုပ်ရုံး ရဲ့ဖွဲ့စည်းပုံ အရ လက်အောက် ခံ ဌာနကြီး (၆) ခုရှိပါတယ်။

အဲဒါတွေ ကတော့- (၁) စီမံရေးနှင့် အုပ်ချုပ်ရေး ဌာနကြီး (၂) လေ့ ကျင့်ရေး ဌာနကြီး (၃) စစ်ဖက်ရေး ရာလုံခြုံရေး ဌာန ကြီး (ပြည်တွင်း) (၄) စစ်ဖက်ရေးရာ လုံခြုံရေး ဌာနကြီး (ပြည်ပ) (၅) စစ်ဖက်ရေး ရာ လုံခြုံရေး ဌာနကြီး (တန်ပြန်) (၆) စစ်ဖက် ရေးရာ လုံခြုံရေး ဌာနကြီး (နည်းပညာ) တို့ ဖြစ် ပါတယ်။ စစ် ဖက် ရေး ရာ လုံခြုံရေး ဌာနကြီး (ပြည်တွင်း) ကို ဗိုလ်မှူး ချုပ် (ဌာနကြီးမှူး)-၁၊ ဗိုလ်မှူးကြီး (ဒု ဌာနကြီးမှူး)-၁၊ ဒုဗိုလ်မှူးကြီး (စစ်ဦးစီးမှူး(ပ))-၈၊ ဗိုလ်မှူး-၂၁၊ ဗိုလ်ကြီး-၅၈၊ စုစုပေါင်းအရာရှိ အင်အား (၈၉) ယောက်နဲ့ ဖွဲ့စည်း ထားပြီး လက်အောက် ခံဌာနခွဲ (၈)ခုရှိပါတယ်။

လက်အောက် ခံဌာနခွဲ တွေ ကတော့- (၁) စစ်ဖက် ရေးရာ လုံခြုံရေး ဌာနခွဲ (တိုက်ပွဲ) (၂) တိုင်းရင်း သားရေး ရာဌာနခွဲ (၃) လုံခြုံရေး ဌာနခွဲ (၄) အမှုထမ်း လုံ ခြုံရေး ဌာနခွဲ (၅) မူးယစ် ဌာနခွဲ (၆) စီးပွားရေး ရာသုတေ သနဌာနခွဲ (၇) ရေတပ် စစ်ဖက် ရေးရာ လုံခြုံရေး ဌာနခွဲ နဲ့ (၈) လေတပ် စစ်ဖက်ရေး ရာလုံခြုံရေး ဌာနခွဲ တို့ဖြစ်ပါတယ်။

စစ်ဖက် ရေးရာ လုံခြုံရေး ဌာနကြီး (ပြည်တွင်း) ရဲ့တာဝန် တွေ ကတော့- ၁။ တိုက်ပွဲ သတင်းစု ဆောင်းရေး မှရရှိ သည့် သတင်းများ အား ထက်/အောက်နှင့် သက်ဆိုင်ရာ တပ်များ သို့ ဖြန့် ဝေခြင်း များ ဆောင်ရွက် ရန်။

၂။ ငြိမ်းချမ်း ရေးရ ယူထား သော တိုင်းရင်းသား အဖွဲ့အစည်းများ နှင့် ပတ်သက်၍ နိုင်ငံတော်မှ ချမှတ်ထား သော မူဝါဒများ နှင့်အညီ တ ရား ဥပဒေ ဘောင် အ တွင်း မှလုပ်ငန်း များ စနစ်တကျ ဆောင်ရွက် တတ်စေရေး အကူအညီ ပေးရန်။

၃။ တပ်မတော် ၏ စစ်သ တင်း လုံခြုံရေး၊ စစ်မှုထမ်း လုံခြုံရေး၊ စစ်ပစ္စည်း လုံခြုံရေးနှင့် စစ်ဆင်မှု စီမံကိန်း လုံခြုံရေး ကိစ္စရပ်များနှင့်ပတ် သက်၍ ညွှန်ကြားချက် များထုတ်ပြန် ရန်၊ သက်ဆိုင်ရာ တပ်များ နှင့်ပူးပေါင်း ၍လုံခြုံရေး တာဝန်ယူ ဆောင်ရွက်ရန် နှင့် လိုအပ်ပါက လုံခြုံမှု လေ့လာ ဆန်းစစ်ရန်။

၎။ နိုင်ငံတော် အကြီးအကဲ နှင့် တပ်မတော် အကြီးအကဲ များ၏ လုံခြုံ ရေး နှင့်ပြည်တွင်း ပြည်ပ ခရီးစဉ် လုံခြုံရေး၊ စစ်ဘက်ဆိုင် ရာ ပြည်ပ ဧည့်သည်တော် များ ၏ ခရီးစဉ် လုံခြုံရေးအ တွက် ညွှန်ကြား ချက်များ ထုတ်ပြန်ရန် နှင့်ကြီးကြပ် တာဝန်ယူ ဆောင်ရွက်ပေး ရန်။

၅။ စစ်မှုထမ်း လုံခြုံရေး အတွက် အမှုထမ်း နောက်ကြောင်း စုံစမ်း၍မှတ်တမ်းထား ရှိရန်နှင့် အရာရှိနှင့် အရာရှိ မ ဟုတ် သူများ ၏စိစစ်ရေး လက်မှတ် များ၊ လုံ ခြုံရေး တံဆိပ်များ၊ ကတ်များ၊ယာဉ်ဝင်/ ထွက်ခွင့် ကတ်ပြားများ ပြု လုပ်ခြင်း၊ စစ်မှုထမ်း များ၏နိုင်ငံကူး လက်မှတ်နှင့် ပြည်ဝင်/ ပြည်ထွက် ကိစ္စရပ်များ ကို စိစစ် ဆောင်ရွက် ရန်။

၆။ မူးယစ်ဆေး ဝါးနှင့် ဆက်နွယ်သည့် အဖွဲ့ အ စည်းများ နှင့်၎င်းတို့နှင့် ဆက်နွယ် သည့် သူများအား ဖော်ထုတ် နိုင်ရေး၊မူးယစ် ဆေးဝါး တားဆီး နှိမ်နင်းရေး ကိစ္စ ရပ်များအား နိုင်ငံ တကာမှကျယ်ကျယ် ပြန့်ပြန့် သိရှိရေး ပူးပေါင်း ဆောင် ရွက်ရန်။

၇။ နိုင်ငံ တော်မှ ကျင့်သုံး နေသော ဈေးကွက် စီးပွားရေး စနစ်တွင် နိုင်ငံတော် အတွင်းရှိ အခြေအနေ များကို Economic Intelligence ပြုလုပ် ၍နိုင်ငံတော် အ တွက် စီးပွားရေး ဆိုင်ရာ မဟာဗျူဟာ သတင်းများ ကို ပြုစု တင်ပြရန်။

၈။ မြန်မာ့ ရေပိုင်နက် တွင် စစ်ဘက် ရေးရာ လုံခြုံရေး ဆိုင်ရာကိစ္စ ရပ်များနှင့်ကမ်းရိုးတန်း တစ် လျှောက်ရှိ ဆိပ်ကမ်း များ ၏ လုံခြုံရေး ကိစ္စများ ဆောင်ရွက်ရန်။

၉။ စစ်ဘက်ရေး ရာလုံခြုံရေး တပ်ဖွဲ့(ရေ) များ၏ စီမံခန့်ခွဲမှု ဆိုင်ရာ ကိစ္စရပ် များနှင့် နိုင်ငံ တကာမှ ခေတ်မီ တိုက် ရေယာဉ်များ၊ တပ်ဆင်သည့် လက်နက် နည်း စနစ်များ အား လေ့လာ သုတေ သနပြု ရန်။

၁ဝ။ အိမ်နီး ချင်း နိုင်ငံများ နှင့် အင်အား ကြီးနိုင်ငံ များ၏ရေတပ် ဆိုင်ရာဖွဲ့စည်း ပုံများ၊ ရေကြောင်း ရန်ကာကွယ် ရေး၊ အင်အား တိုးချဲ့မှု၊လေ့ကျင့် မှုနှင့် အခြား လှုပ်ရှားမှု များကို စောင့်ကြပ် လေ့လာရန်။

၁၁။ မြန်မာ့လေ ပိုင်နက် အတွင်း စစ်ဘက် ရေးရာလုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များ၊ လေဆိပ်များ လုံခြုံရေး နှင့် လေကြောင်း သတင်း ရယူမှု ကိစ္စ များ ဆောင်ရွက် ရန်။

၁၂။ စစ်ဘက် ရေးရာ လုံခြုံရေး တပ်ဖွဲ့(လေ)များ ၏စီမံခန့်ခွဲမှု ဆိုင်ရာ ကိစ္စရပ်များ နှင့် နိုင်ငံ တကာမှ ခေတ်မီ တိုက် လေ ယာဉ်များ၊တပ်ဆင် သည့်လက်နက် နည်းစနစ် များအား လေ့လာ သုတေသန ပြုရန်။

၁၃။ အိမ်နီးချင်း နိုင်ငံ များ နှင့် အင်အားကြီး နိုင်ငံများ၏ လေတပ် ဆိုင်ရာဖွဲ့ စည်းပုံများ၊ လေကြောင်း ရန် ကာကွယ်ရေး၊ အင်အား တိုးချဲ့မှု၊လေ့ ကျင့် မှုနှင့် အခြားလှုပ် ရှားမှုများကို စောင့်ကြပ် လေ့လာရန် တို့ဖြစ်ပါတယ်။


(ဆက်ပါဦးမည်)

No comments: