Tuesday, January 28, 2014

ဒေါ်စုကို တရုတ်ပြည် လည်ပတ်ဖို့ မကြာခင် ဖိတ်ကြားမယ်လို့ဆို

ABC


တရုတ်အစိုးရအနေနဲ့ ​အမျိုးသားဒီမိုကရေစီ ​အဖွဲ့ချုပ်ခေါင်းဆောင် ​ဒေါ်အောင်ဆန်းစုကြည်ကို ​တရုတ်နိုင်ငံကို ​လာရောက်လည်ပတ်ဖို့ ​တရားဝင် ​ဖိတ်ကြားထားတာမျိုး ​မကြာခင် ​ကာလမှာပဲ ​ပြုလုပ်သွားနိုင်တယ်လို့ ​တရုတ်သံအမတ်က ​ပြောလိုက်ပါတယ်။

တရုတ်အစိုးရအနေနဲ့ ​မြန်မာနိုင်ငံက ​နိုင်ငံရေးပါတီအားလုံးနဲ့ ​ဆက်ဆံမှုတွေလုပ်နေပြီး ​ခုချိန်အထိ ​ဒေါ်အောင်ဆန်းစုကြည်ကို ​တရုတ်နိုင်ငံကို ​လာရောက်လည်ပတ်ဖို့ ​တရားဝင်ဖိတ်ကြားထားတာမျိုး ​မလုပ်ရသေးပေမယ့် ​မကြာခင် ​အတောအတွင်းမှာပဲ ​ပြုလုပ်နိုင်တယ်လို့ ​မြန်မာနိုင်ငံမှာ ​အမှုထမ်းဆောင်နေတဲ့ ​တရုတ်သံအမတ် ​Yang ​Houlan ​က ​Sunday ​Morning ​Post ​ကို ​ပြောပါတယ်။

တရုတ်အစိုးရနဲ့ ​NLD ​ပါတီတို့ကြား ​ဆက်ဆံရေးဟာ ​မကြာသေးခင်ပဲ ​ပိုမို ​ကောင်းမွန်လာခဲ့ပြီး ​ပြီးခဲ့တဲ့ ​နှစ်ကပဲ ​NLD ​ပါတီက ​ကိုယ်စားလှယ်လေးဦး ​တရုတ်နိုင်ငံကို ​သွားရောက်လည်ပတ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ​ပြီးခဲ့တဲ့နှစ်တုန်းက ​တောင်ကိုးရီးယားနိုင်ငံ ​ခရီးစဉ်အတွင်းမှာပဲ ​မကြာခင်မှာ ​တရုတ်နိုင်ငံကို ​လည်ပတ်ဖို့ ​မျော်လင့်ကြောင်း ​ပြောဆိုခဲ့ဖူးပါတယ်။

တရုတ်အစိုးရကို ​တချို့ ​တဝက်သာ ​ကိုယ်စားပြုတဲ့ ​အဖွဲ့တွေက ​တရုတ်နိုင်ငံကို ​လာရောက်လည်ပတ်ဖို့ ​ဒေါ်အောင်ဆန်းစုကြည်ကို ​ဖိတ်ခေါ်တာမျိုးတွေ ​လက်ခံရရှိခဲ့ပေမယ့် ​ဒေါ်အောင်ဆန်းစုကြည်က ​ငြင်းဆိုမှုတွေ ​လုပ်ခဲ့တယ်လို့လည်း ​သိရပါတယ်။

No comments: