Wednesday, January 29, 2014

ယာဉ်ထိန်းရဲများကို ငွေပေးလျှင် ပေးသူနှင့် ယူသူနှစ်ဦးလုံးအား အရေးယူမည်

မျိုးသန့်

ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် ပတ်သက်ကာ စစ်ဆေးအရေးယူမှုများ လုပ်ဆောင်နေသော ယာဉ် ထိန်းရဲများကို စည်းကမ်းဖောက်ဖျက်သူများက ငွေပေးယူကာ အရေးယူခြင်းမပြုလုပ်ရန်လုပ်ဆောင်လျှင် ပေးသူနှင့် ယူသူနှစ်ဦးစလုံးကို အရေးယူသွားမည်ဟု အမှတ်-၁၁ ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံး(မန္တလေး)၏ ဒု-တပ်ဖွဲ့ခွဲမှူး ရဲမှူးသိန်းကိုကိုက ဇန်န၀ါရီ ၂၈ ရက်တွင် မဇ်္ဈိမကို ပြောသည်။

“ယာဉ်ထိန်းရဲတွေကို စည်းကမ်းပျက်တဲ့သူတွေအနေနဲ့ ပိုက်ဆံပေးခြင်းကို မပြုလုပ်စေချင်ဘူး။ အဲလိုမရှိ အောင် ပေးသူ၊ ယူသူနှစ်ဦးလုံးကို အရေးယူသွားဖို့ ရှိပါတယ်။ ပေးတဲ့သူမှာလည်း အပြစ်ရှိသလို ယူတဲ့ သူမှာလည်း အပြစ်ရှိတဲ့အတွက်ပါ”ဟု ရဲမှူးသိန်းကိုကိုက ပြောသည်။

စည်းကမ်းလိုက်နာမှုပိုင်းဆိုင်ရာ အားနည်းမှုများရှိလာနိုင်ခြင်း၊ ၀န်ထမ်းများအနေဖြင့်လည်း အကျင့်ပိုင်း ဆိုင်ရာ ယိုယွင်းမှုများ ဖြစ်လာနိုင်ခြင်း၊ ဥပဒေမဲ့ယာဉ်များ စီးနင်းမှုများ များပြားလာနိုင်ခြင်းနှင့် ပြည်သူလူ ထုအနေဖြင့် ယာဉ်ထိန်းရဲများအပေါ် အမြင်ပြောင်းလဲလာနိုင်ခြင်း စသည်တို့ မဖြစ်ပွားစေရန် ယခုလိုစီစဉ် ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ကာ သက်ဆိုင်ရာယာဉ်ထိန်းရဲများအားလည်း အသိပေးမှုများ လုပ်ဆောင်ထား ရှိကြောင်း၊ အသိပေးတိုင်ကြားမှုများကိုလည်း လက်ခံ ဆောင်ရွက်ထားရှိကြောင်းနှင့် တိုင်ကြားမှုများလုပ် ဆောင်ရာတွင် တိကျသော တိုင်ကြားစာများဖြင့် တိုင်ကြားစေလိုကြောင်း သိရသည်။

တိုင်ကြားမှုများ လုပ်ဆောင်လျှင် ပြစ်မှုဥပဒေ ပုဒ်မ၄၁(ဂ)၄၂အရ အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ် ကာ ပြစ်ဒဏ်အဖြစ် အပြင်းထန်ဆုံး ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်နိုင်ကြောင်းကိုလည်း ဒု-တပ်ဖွဲ့ခွဲမှူး က ပြောသည်။

No comments: