Thursday, January 30, 2014

မောင်တောမြို့ ဘင်္ဂါလီများတိုက်ခိုက်ခံရခြင်းမဟုတ်ဟု နိုင်ငံတကာအဖွဲ့အစည်းများကို အစိုးရ ရှင်း

ကေဇူး

ရခိုင်ပြည်နယ် မောင်တောမြို့၊ တပ်ကြပ်ကြီးတစ်ဦး ပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး ဘင်္ဂါလီများ တိုက်ခိုက် ခံရသည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း နိုင်ငံတကာသံအမတ်များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများကို အ စိုးရက ဇန်န၀ါရီ ၂၈ ရက် နိုင်ငံခြားရေးဝန်ကြီးဌာနရုံးတွင် ရှင်းလင်းခဲ့သည်။

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရခိုင်ပြည် နယ် ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင်တို့က ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရဲတပ်ကြပ်ကြီး ပျောက်ဆုံးမှု၊ မောင်တောမြို့နယ်အတွင်း ဘင်္ဂါလီများတိုက်ခိုက်ခံရမှု စသော သတင်းများကို စုံစမ်းစစ် ဆေးပြီး နိုင်ငံတကာအဖွဲ့အစည်းများကို ရှင်းလင်းခြင်းဖြစ်သည်။


အကြမ်းဖက်ခံရသည့် အထောက်အထားများ မတွေ့ရှိ

“အစိုးရ၀န်ကြီးဌာနတွေအနေနဲ့ စုံစမ်းစစ်ဆေးရသလောက် ဘင်္ဂါလီတွေအကြမ်းဖက်ခံရတဲ့ အထောက် အထား ဘာတစ်ခုမှ မတွေ့ရဘူး။ ဒါတင်မက နိုင်ငံတကာ လူ့အခွင့်အရေးကော်မရှင်နဲ့ ကုလသမဂ္ဂ မြန် မာနိုင်ငံကိုယ်စားလှယ်တို့ သွားရောက်လို့ တွေ့ရှိရင်လည်း ပြောပါ။ ကျွန်တော်တို့ ဖြေရှင်းဖို့ အသင့်ရှိပါ တယ်”ဟု ဒုတိယ၀န်ကြီးဦးရဲထွဋ်က အစည်းအဝေးခန်းသို့ ၀င်ခွင့်မရသည့် သတင်းထောက်များကို ပြော သည်။

ယင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင် အတွင်းရေးမှူး ဒေါက်တာကျော်ရင် လှိုင်က မောင်တောမြို့နယ် ပဋိပက္ခကို စုံစမ်းစစ်ဆေးရာတွင် တပ်ကြပ်ကြီး ပျောက်ဆုံးမှုဖြစ်ပွားသည့် ကျေးရွာအုပ်စုရှိ ကျေးရွာများကို စစ်ဆေးခဲ့ပြီး အကြမ်းဖက်ခံရသောအထောက်အထားများ မတွေ့ရှိခဲ့ဟု ပြောကြားခဲ့ကြောင်း ဦးရဲထွဋ်က ပြန်ပြောသည်။

“စုံစမ်းစစ်ဆေးရေးကော်မရှင်က ဒီကိစ္စအတွက် ရခိုင်ကိုသွားတဲ့အခါမှာ ပြည်တွင်းပြည်ပ သတင်းအချက် အလက်တွေ သံရုံးတွေရဲ့ ထုတ်ပြန်ချက်တွေကို အားလုံး ယူသွားတယ်၊ အွန်လိုင်းသတင်းတွေမှာပါတဲ့ အသတ်ခံရသူ ၂၀ ရဲ့ နာမည်တွေလည်း အနီးတစ်ဝိုက်က ကျေးရွာတွေမှာ အဲဒီနာမည်တွေမရှိဘူး။ အ သတ်ခံရသူတွေကို မြှုပ်ထားတယ်ဆိုတဲ့ သင်္ချိုင်းမှာလည်း လတ်တလော မြေမြှုပ်ထားတဲ့ ခြေရာမရှိဘူး။ ဘင်္ဂါလီတွေကို ဖမ်းဆီးနှိပ်စက်တယ်ဆိုတဲ့ ရွာသူကြီးအိမ်ကိုလည်း ရောက်ခဲ့တယ် အဲဒီအိမ်မှာလည်း ဘင်္ဂါလီနှစ်ဆယ်လောက်ကို ထားစရာနေရာမရှိဘူး”ဟု စုံစမ်းစစ်ဆေးရေးကော်မရှင် အတွင်းရေးမှူး ဒေါက်တာကျော်ရင်လှိုင်၏ ရှင်းပြချက်ကို ဦးရဲထွဋ်က သတင်းထောက်များကို ပြန်ပြောသည်။


နိုင်ငံတကာက စွက်ဖက်ခြင်း ခွင့်မပြု

နိုင်ငံတကာအဖွဲ့အစည်းတွေ ပြန်ပြောတာက ရခိုင်ပြည်နယ်ကိစ္စ စုံစမ်းစစ်ဆေးတဲ့အခါမှာ သူတို့ကိုပါဝင် ခွင့်ပေးဖို့ နောက်ပြီး သံအမတ်တွေကို သွားရောက်လေ့လာခွင့်ပေးဖို့ တောင်းဆိုတယ်။ ကျွန်တော်တို့ အ စိုးရအနေနဲ့ ပြန်ပြောတာက ကျွန်တော်တို့မှာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေရှိတယ်။ နိုင်ငံတ ကာကို ကျွန်တော်တို့ရဲ့ နိုင်ငံတွင်းမှာဖြစ်ပေါ်နေတဲ့ကိစ္စတွေကို စွက်ဖက်ခွင့်မပြုနိုင်ဘူး။ သီးခြားလေ့လာ ဖို့ သံအမတ်တွေသွားမယ်ဆို အချိန်မရွေး သွားနိုင်တယ်။ လုံခြုံရေးစတဲ့ အစီအမံတွေ ဆောင်ရွက်ပေး လျက်ရှိတယ်ဆိုတာကို ပြန်ပြောခဲ့တယ်”ဟု ဦးရဲထွဋ်က ပြောသည်။

အစိုးရအနေဖြင့် ပွင့်လင်းမြင်သာသော သတင်းထုတ်ပြန်မှုများဖြင့် သတင်းထုတ်ပြန်ပြီး စုံစမ်းစစ်ဆေး ဖော်ထုတ်ပေးရန် နိုင်ငံတကာသံရုံးများက ထုတ်ပြန်မှုများအပေါ် ဆောင်ရွက်မည့်အစီအစဉ်ကို သတင်း ထောက်တစ်ဦးက မေးမြန်းရာတွင် “ဒါ ကျွန်တော်တို့ စုံစမ်းစစ်ဆေးမှုကို ရှင်းလင်းတာ နိုင်ငံခြားသံရုံး တွေအနေနဲ့ သံတမန်စည်းမျဉ်းဆိုတာ ရှိတယ်။ သံအမတ်ကြီးတွေက အစိုးရရဲ့ ဆောင်ရွက်ပုံတွေကို စိုး ရိမ်တယ်။ ဘယ်လိုလုပ်သင့်တယ်လို့ ပြောခွင့်မရှိဘူး ပြောစရာရှိရင် သူတို့နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာ နကတစ်ဆင့် ပြောရမယ်။ သံအမတ်တွေအနေနဲ့တော့ ဒါဟာ သံတမန်စည်းမျဉ်းနဲ့ မကိုက်ညီဘူး။ ပြီး တော့ သံရုံးတွေက သတင်းထုတ်ပြန်တဲ့နေရာမှာ အစိုးရရဲ့ အတည်ပြုချက်ရယူဖို့နဲ့ ၀က်ဘ်ဆိုဒ်ကတက် လာတဲ့ သတင်းတွေကို အတည်မယူဖို့ ဒါတွေကို မေတ္တာရပ်ခံခဲ့တယ်”ဟု ဦးရဲထွဋ်က ဆိုသည်။

သူကဆက်၍ “ပြဿနာဖြစ်ပြီး တစ်နာရီခွဲပဲကြာတယ် ကျွန်တော်တို့ လုံခြုံရေးအင်အားတွေနဲ့ သက်ဆိုင် ရာပြည်နယ်အစိုးရအဖွဲ့တွေ သွားတဲ့အချိန်မှာ ဘာလူသတ်မှုမှ ဖြစ်နေတာမတွေ့ရဘူး။ တကယ်ဖြစ်ခဲ့ တယ်ဆိုရင် လူအယောက်လေးဆယ်ကျော်သတ်ခဲ့တာ မီးလောင်မှုဖြစ်ပွားခဲ့တာက တစ်နာရီခွဲအတွင်း မှာ လက်စ ဘယ်လိုဖျောက်နိုင်မလဲ”ဟု ပြောသည်။

အစိုးရအဖွဲ့အနေဖြင့် သတင်းထုတ်ပြန်မှု နောက်ကျခြင်းနှင့်ပတ်သက်၍ အစိုးရအနေဖြင့် ရခိုင်လူမျိုး ရဲ တပ်ကြပ်ကြီး ပျောက်ဆုံးမှုအပေါ် ထုတ်ပြန်မှုမပြုခြင်းမှာ အခြားဒေသများတွင် ပဋိပက္ခ ထပ်မံမဖြစ်ပွား ရန်နှင့် ဖြစ်စဉ်တစ်ခုလုံးအပေါ် အတည်ပြုနိုင်ခြင်း မရှိသေးခြင်းကြောင့်ဖြစ်သည်ဟု ဦးရဲထွဋ်က သတင်း ထောက်များသို့ ပြောကြားခဲ့သည်။

ဒေသခံ လုံခြုံရေးရဲဝန်ထမ်းများကို ရခိုင်လူမျိုးများအစား အခြားတိုင်းရင်းသားများကို ထားရှိရန် အချို့အ ဖွဲ့အစည်းများက တောင်းဆိုမှုနှင့်ပတ်သက်၍ သတင်းထောက်တစ်ဦး၏မေးမြန်းမှုကို “ကျွန်တော်တို့ နိုင် ငံရဲ့လုံခြုံရေးအရ ကျွန်တော်တို့ရဲတပ်ဖွဲ့ကို အစိုးရက စီမံခွင့်ရှိတယ်။ ဘယ်သူကို ဘယ်မှာထားပါလို့ နိုင် ငံတကာက စွက်ဖက်ခွင့်မရှိပါဘူး။ ဒါက နိုင်ငံတိုင်းမှာရှိတဲ့ အချုပ်အခြာ။ ကျွန်တော်တို့က ဘာကိုပဲ အာ မခံလဲဆိုရင် ကျွန်တော်တို့ရဲတပ်ဖွဲ့ကလုပ်တဲ့အလုပ်တွေသည် ပွင့်လင်းမြင်သာအောင်လုပ်မယ် နှစ်ဖက် အဖွဲ့အစည်းကို အကာအကွယ်ပေးနိုင်အောင်လုပ်မယ် ဒါပဲ။ ကျွန်တော်တို့ အာမခံနိုင်တယ်”ဟု ဦးရဲထွဋ် က ဖြေကြားခဲ့သည်။

နယ်စည်းမထားဆရာဝင်များအဖွဲ့ MSF အနေဖြင့် ကုသပေးရသော လူနာဦးရေ နှစ်ဆယ်ကျော် ကုသ ပေးရသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ သွားရောက်မေးမြန်း မှုအပေါ် ဖြေကြားခြင်းမရှိသလို ဒေသတွင်း၌ အဆိုပါဒဏ်ရာများဖြင့် လူနာများ ဆေးကုသနေခြင်းမရှိဟု ဦးရဲထွဋ်က ဆိုသည်။

မောင်တောမြို့နယ် ရဲတပ်ကြပ်ကြီးပျောက်ဆုံးမှုသည် RSO (Rohingya Solidarity Organization)တပ် ဖွဲ့နှင့် ဆက်စပ်မှုရှိပြီး လက်ရှိတွင် ဘင်္ဂါလီ ၁၁ ဦးခန့်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ယင်းတပ်ဖွဲ့သို့ ထွက်ပြေး တိမ်းရှောင်လျက်ရှိသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၏ ရှင်းလင်းချက်တွင် ဖော်ပြထားသည်။

အခြားသော အဖွဲ့အစည်းများနှင့် သံရုံးများက အစိုးရအဖွဲ့နှင့် ရခိုင်ပြည်နယ် ပဋိပက္ခစုံစမ်းစစ်ဆေးရေး အဖွဲ့တို့ ပြောကြားချက်များကို လက်ခံသော်လည်း အမေရိကန်သံရုံးအနေဖြင့် ရရှိထားသောသတင်းများ အရ ယုံကြည်နိုင်ရန် ခက်ခဲနေသေးသည်ဟု အမေရိကန်သံအမတ်က တုံ့ပြန်ခဲ့သည်ဟု ဦးရဲထွဋ်က ဆို သည်။


ရဲတပ်ကြပ်ကြီး ပျောက်ဆုံးမှုနှင့်ပတ်သက်၍ ဘင်္ဂါလီ ၁၆ ဦးကို စစ်ဆေးနေ

မောင်တောမြို့နယ် ရဲတပ်ကြပ်ကြီးပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး လက်ရှိအခြေအနေထိ ဘင်္ဂါလီ ၁၆ ဦး ကို ရီမန်ယူ၍ ခေါ်ယူစစ်ဆေးလျက်ရှိသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ရှင်းလင်း ချက်တွင် ဖော်ပြထားသည်။

ပြဿနာအစပြုခဲ့သည့် ဒူးချီးရားတန်း ကျေးရွာအုပ်စုတွင် ကျေးရွာပေါင်းကိုးရွာ ရှိပြီး အိမ်ထောင်စု ၆၇၄စု လူဦးရေ ၄,၈၇၀ နေထိုင်ကြကာ ရခိုင်လူမျိုး ၂၀ ရာခိုင်နှုန်းနှင့် ဘင်္ဂါလီလူမျိုး ၈၀ ရာခိုင်နှုန်း နေထိုင်ကြ သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ရှင်းလင်းရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

အခင်းဖြစ်ပွားရာ ဒူးချီးရားတန်း(အလယ်)ရွာသည် ဘင်္ဂါလီလူမျိုးများ သီးသန့်နေထိုင်သော ကျေးရွာဖြစ် သည်ဟု အစိုးရအဖွဲ့က ထုတ်ပြန်ထားပြီး အဆိုပါကျေးရွာမှ တိမ်းရှောင်နေသူ အိမ်ထောင်စု ၇၅ စု လူဦး ရေ ၄၃၁ ဦး ပြန်လည်ရောက်ရှိလာပြီး ကျေးရွာအတွင်း လုံခြုံရေးများ တိုးမြှင့်ချထားလျက်ရှိသည်ဟု ထုတ်ပြန်ထားသည်။

No comments: