Friday, January 31, 2014

ဖွဲ့စည်းပုံလေ့လာသုံးသပ်ရေးပူးပေါင်း ကော်မတီအတွင်း သဘောထားကွဲ

ဉဏ်လှိုင်လင်း

ဇန်န၀ါရီ ၃၁ ရက် နောက်ဆုံးထား၍ ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံရမည့် ၂၀၀၈၊ ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီအတွင်း သဘောထားကွဲလွဲမှုကြောင့် လုပ်ငန်းများ အဆုံးသတ်ရေး နှောင့်နှေးနေသည်ဟု ကော်မတီဝင်အချို့ က ဇန်န၀ါရီ ၂၈ ရက် ညဦးပိုင်း အစည်းအဝေးအပြီး အတည် ပြုပြောကြားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် တောင်ဥက္ကလာပမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ် ဦးအောင်သိန်းလင်းထံမှတစ်ဆင့် ရောက်ရှိလာသည့် မပြင်လိုသည့် အကြံပြုချက်များကို အစီရင် ခံစာတွင် ထည့်သွင်းရန်သင့်မသင့် အငြင်းပွားနေကြခြင်း ဖြစ်သည်။ ၎င်းက လက်မှတ်ပေါင်း တစ်သိန်း လေးထောင်ကျော် ရေးထိုးထားသည့် ၂၀၀၈ ဖွဲ့စည်းပုံပါ မပြင်ဆင်လိုသည့် ပြဋ္ဌာန်းချက် ခုနစ်ခုကို ပူး ပေါင်း ကော်မတီမှတစ်ဆင့် လွှတ်တော်သို့ တင်သွင်းရန် စီစဉ်နေသည်ဟု ပူးပေါင်းကော်မတီဝင်အချို့ က အသိပေးသည်။

ယင်းတွင် ဖွဲ့စည်းပုံ ပြင်ဆင်ခြင်းဆိုင်ရာပုဒ်မ ၄၃၆ နှင့် သမ္မတအရည်အချင်း သတ်မှတ်ချက် ၅၉(စ)တို့ အပြင် လွှတ်တော်များအတွင်း တပ်မတော်သား ပါဝင်မှုဆိုင်ရာ ပြဋ္ဌာန်းချက်လည်း ပါဝင်သည်ဟု ကော် မတီဝင်တို့က ဆိုသည်။ ပူးပေါင်းကော်မတီသည် အများပြည်သူတို့ထံမှ ပြင်ဆင်လိုသည့် အကြံပြုစာများ ကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁ရက်အထိ တောင်းခံခဲ့ပြီး ယင်းတို့ကို စုစည်းကာ ပြည်ထောင်စုလွှတ်တော် သို့ အစီရင်ခံရန် တာဝန်ယူထားရခြင်း ဖြစ်သည်။

ကဏ္ဍအလိုက်ခွဲ၍ အဖွဲ့ငါးဖွဲ့ဖြင့် အကြံပြုစာများ စုစည်းကာ အစီရင်ခံစာ ထွက်ရှိရေး ကြိုးပမ်းနေကြခြင်း လည်း ဖြစ်သည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးအေးမောက်က ဇန်န ၀ါရီ ၂၈၊၂၉နောက်ဆုံးထား၍ အစီရင်ခံစာပြုစုခြင်းလုပ်ငန်းများ စတင်မည်ဟု မဇိ္ဈမကိုပြောဆိုထားသည်။

ထို့ကြောင့် ဇန်န၀ါရီ ၂၈ ရက် နံနက် ၈ နာရီတွင် တစ်ကြိမ်၊ ညနေ လွှတ်တော်အစည်းအဝေးများ ပြီးဆုံး ချိန်မှ ည ၉နာရီ ခန့်ထိတစ်ကြိမ် အစည်းအဝေးခေါ်ယူ ဆောင်ရွက်ခဲ့သော်လည်း မပြီးပြတ်နိုင်သေးခြင်း ဖြစ်သည်။

No comments: